အို..ဂီရိခေါ်ဆို..အသင်မုန်တိုင်း
ငါတို့တိုင်းမှ..မြန်ထွက်သွားလော့
ယခင်ကလည်း..သင်ရဲ့မိတ်ဆွေ
ရက်စက်လေတဲ့..နာဂစ်မုန်တိုင်း
ကြမ္မာရိုင်းကြောင့်..ငါတို့ မျက်ရည်
ပင်လယ်ဝေခဲ့..
ခုချိန်ခါဝယ်..တို့ပြည်တွင်းမှာ
စာနာမှုကင်း..'မင်း' ကနှိပ်စက်
တိုင်းပြည်ပျက်သို့..ရောက်ရှိခိုက်ဝယ်
သင်ကတဖန်..ရက်စက်ပြန်က
တို့မြန်ပြည်ဝယ်..ပူလုံးကြွ ယ်လိမ့်
နောက်ဆုံးစကား..ပြောဆိုရသော်
သင့်ကိုငါတို့အလိုမရှိ..
သူတို့ကိုလည်းအလိုမရှိ...
အီးယောင်ဝါး ခံစားရေးဖွဲ့သည်