အီးယောင်ဝါးတယောက် ယောင်ဝါးဝါးဖြင့် blog တခုလုပ်လိုက်ပြန်ပြီ။
ဘာမှမသိ၊ဘာမှမတတ်နှင့်စမ်းတ၀ါးဝါးဖြစ်နေဆဲပါ။အီးယောင်ဝါးက
အဲဒီလိုပဲဟိုစပ်စပ်ဒီစပ်စပ်သိပ်လုပ်တတ်တယ်။ဘယ်အရာမှထူးထူး
ချွန်ချွန်မဖြစ်မြောက်ကြွားဝါခြင်းမဟုတ်၊ ပညာရေးဘက်မှာ ကိုပြူးတာဆိုလျှင်
Gtalk တို့ VZOတို့  ကောင်းကောင်းသုံးတတ်တယ်..languageပိုင်းမှာဆိုလျှင်
ENGLISH စကား ကောင်းကောင်းမပြောနိုင်သော်လည်း သူများပြောလျှင်တော့
အနည်းငယ်နားလည်ချင်သလိုလို အားကစားဘက်တွင်တော့ဘောဆိုလျှင်
ခြေဖြင့်ကန်တတ်..ရေကူးဆိုလျှင်မိမိတပြန်စာလောက်တော့ကောင်းကောင်း
ကူးတတ်သည်.တပြန်စာဆိုသည်မှာအနက်မဟုတ်..အလျားကိုဆိုလိုခြင်းဖြစ်သည်။
အနုပညာဘက်တော့မှာဘယ်ကစမ်းစမ်း၊ညာကစမ်းစမ်းနံရိုးဆိုသလို..
ဂစ်တာကိုသီချင်း၃ပုဒ်လောက်တီးနိုင်သည်။ထို၃ပုဒ်မှာလက်ကွက်တူနေသောကြောင့်ပင်၊
အဆိုပညာမှာတော့တော်တော်လေးကောင်းသည်(စိတ်ညစ်ဖို့)ဟုချီးမွမ်းခံရသည်..
ပန်းချီမှာတော့အတော်လေးဟုတ်သည်..အီးယောင်ဝါးဆွဲသောပုံများမှာလွန်စွာမှ
အဆင့်မြင့်လှသည်..အဘယ့်ကြောင့်ဆိုသော်နေနှင့်လပုံများဖြစ်သောကြောင့်...
တခါတရံကြယ်များပင်ပါလိုက်သေး..ထိုထိုအရည်အချင်းများဖြင့်ပြည့်စုံသော
အီးယောင်ဝါးဧ။်blogကိုတခါတခေါက်မျက်စိလည်လမ်းမှားရောက်ရှိလာသူများသည်
မဟာကံထူးရှင်များဖြစ်ကြသည်။နောက်ပိုင်းတွင်ရာက်ရှိလာသောဧည့်သည်များအား
ကံစမ်းမဲဖောက်ပေးဖို့အစီအစဉ်များရှိပါသည်။လောလောဆယ်မှာတော့အီးယောင်ဝါးအား
စလုံးထီပေါက်အောင်ဝိုင်း၍ မေတ္တာပို့ ပေးကြပါကုန်လော့...သာဓု..သာဓု..သာဓု
No comments:
Post a Comment