Saturday, April 24, 2010

ဗလာကံစမ်းမဲ

ဝေဝါးအသိတွေနဲ့နံနက်ခင်းများဝါးမြို

ညဥ့်နက်သန်းခေါင်တိုင်သုံးစွဲခဲ့ရတဲ့

နှလုံးသားနဲ့ဦးဏှောက်မှာဒဏ်ရာတွေဗလပွနဲ့

လူနဲ့ပတ်ဝန်းကျင်၊မိုးသားနဲ့မြေကြီး

ကောင်းကင်ခရီးသွားဖို့အတွက်ငါ့အတ္တတွေ

အောက်စီဂျင်အဖြစ်လေမှာလွင့်ခဲ့

လိုက်ရင်းပြေးရင်းဗုံလုံနဲ့ငါးဖျံလို

လုံးထွေးသတ်ပုတ်ဦးဏှောက်နဲ့နှလုံးသား

အားပြိုင်ပွဲဘယ်သူအသာရမလဲ

သေချာတာကဘာဆိုတာ

တကယ်တော့ဘာမှမဟုတ်

နောက်ဆုံးတော့...

၎ပေ၆ပေတွင်းတိမ်လေးထဲ

ပါသွားခဲ့တာဗလာကံစမ်းမဲများ

No comments: