Saturday, March 24, 2012

ဖိုးသိကြား ဆက်မက်ချင်သော အိပ်မက်များ(၂)

ဖိုးသိကြား ဆက်မက်ချင်သော အိပ်မက်များ(၂)



ကျွီ..

အလွန်တရာ ကြီးကျယ်ခန်းနားလှသော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး၏ ဆင်ဝင်အောက်

သို့ နောက်ဆုံးပေါ် ဇိမ်ခံကားတစီး ထိုးဆိုက်လာသည်။ ကားမှာ မြန်မာပြည်ထုတ်ကားပီပီ တန်ဖိုးမှာ

မနည်းလှပေ။ ပြည်ပနိုင်ငံတော်တော်များများမှာ ထိုကားအမျိုးအစားကို သွင်းချင်သော်လည်း တန်ဖိုး

ကြီးမားလှသဖြင့် အဝေးမှပင် သားရေကျ မျှော်ငေးနေကြရ၏။ ပြည်တွင်းမှာတော့ အဆိုပါကားများကို

နိုင်ငံသားအများစုမှ စီးနိုင်ကြသည်။ စီးနိုင်ကြပေမှာပေါ့.. မြန်မာနိုင်ငံသားတဦး၏ တနေ့ ပျမ်းမျှဝင်ငွေ

မှာ ထောင်ချီလျက် ရှိသည်ကိုး..။


ရှေးယခင်ကတော့ ကားဈေးကွက်မှာ ဂျာမဏီတို့ ဂျပန်တို့က ထိပ်ဆုံးတွင်ရှိသော်လည်း မြန်မာ့ကား

များ ကမ္ဘာ့ကားဈေးကွက်ကို ထိုးဖောက် ၀င်ရောက်လာပြီးသကာလ အဆိုပါနိုင်ငံများမှာ နောက်ကောက်

ကျကုန်တော့သည်။ ယခုဆိုလျှင် ယင်းတိုင်းပြည်များမှာ မြန်မာပြည်မှ ကားများကို ပြန်လည် တင်သွင်း

နေရသည်အထိ ဖြစ်ကုန်ကျတော့သည်။


ကားပေါ်မှ လူတဦး ဆင်းလာသည်။ ထိုသူကား ဖိုးသိကြားပေတည်း.. ဖိုးသိကြားသည် လေဆိပ် မိန်း

အဆောက်အဦး အတွင်းသို့ ၀င်လိုက်သည်။ အတွင်းမှာတော့ အဲယားကွန်း စိမ့်နေအောင် အေးလှ

သည်။ အောက်မှာ ခင်းထားသော မှန်များမှာလည်း သွားများကိုပင် ရေတွက်နိုင်လောက်သည်အထိ

ပြောင်လက်လှပေသည်။ ဖိုးသိကြားသည် ရှေးဦးစွာ မိမိသိလိုသော ခရီးစဉ်ကို ချိတ်ဆွဲထားသော ဒီဂျစ်

တယ် တီဗွီကြီးများမှတဆင့် ရှာကြည့်လိုက်သည်။ တီဗွီကြီးများကို နေရာအနှံအပြားတွင် ချိတ်ဆွဲထား

သည်။ ဒါမှလည်းအဆင်ပြေလိမ့်မည်။ ရန်ကုန်လေဆိပ်သို့ တနေ့တနေ့ ပျံသန်းနေသည့် ခရီးစဉ်များမှာ

များပြားလွန်းလှသည်။ Terminal ၅ခုထားရှိတာတောင် မလောက်။ ထို့ကြောင့် နောက်ထပ် ခရီးစဉ်များ

ပြေးဆွဲလို့ရအောင် Terminal ၂ခု ထပ်ဆောက်လျက်ရှိ၏။ ယခုဆိုလျှင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ

လေဆိပ်ကြီးမှာ နေ့စဉ် ခရီးစဉ်ပေါင်း ထောင်ချီပြေးဆွဲနေသော ကမ္ဘာ့အကြီးဆုံးလေဆိပ်ကြီး၊ ကမ္ဘာ့

အကောင်းဆုံး လေဆိပ်ကြီးအဖြစ် မှတ်တမ်းဝင်ထားပေသည်။ တချိန်က နာမည်ကျော် လေဆိပ်ကြီး

များဖြစ်သော ချန်ဂီလေဆိပ်၊   ဟောင်ကောင်လေဆိပ်၊ ကွာလာလမ်ပူလေဆိပ်၊ အင်ချွန်းလေဆိပ် စ

သည့်လေဆိပ်ကြီးများမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မကြာမဏ လာရောက် လေ့လာ

အတုယူကြရ၏။


ဖိုးသိကြားသည် ခရီးစဉ်များကို ကြည့်ရှု မှတ်သားလိုက်ပြီး မိမိသွားရောက်ရမည့် Terminal 1 သို့

ပြေးဆွဲနေသည့် မိုးကြိုးရထား စီးရန်ထွက်ခဲ့လေသည်။ ရထားမှာ လောလောဆယ် Terminal ၅ ခု

အတွက် ၅လိုင်းပြေးဆွဲနေသည်။ ဖိုးသိကြား ၂မိနစ်ခန့် ရထားစီးပြီးနောက် Terminal 1 သို့ရောက်

ရှိသွားလေ၏။ အချိန်ကို ကြည့်လိုက်တော့ စင်္ကာပူလေကြောင်း(Silk Air) ဆိုက်ရန် လိုသေးသည်။

ဆာဆာ ရှိသဖြင့် အနားမှာရှိသည့် Vending Machine မှ Starbucks Coffee တခွက် ဘာဂါတ

လုံး ထုတ်ယူလိုက်ပြီး နားနေခန်းသို့ လှမ်းလာခဲ့သည်။ နားနေခန်းအတွင်းတွင် တယောက်စာ အခန်း

လေးများ ကန့်ပေးထားပြီး အခန်းထဲတွင် စားပွဲ၊ ဆိုဖာကုလားထိုင် မြန်နှုန်းမြင့် အင်တာနက်၊ ဖုန်း

နှင့် သတင်းစာ မဂ္ဂဇင်းများကို စုံလင်စွာ ထားရှိပေးထားသည်။ ဖိုးသိကြားသည် ဘဂါကို တကိုက်

ကော်ဖီ တကျိုက်သောက်လိုက်ပြီး စားပွဲပေါ်ရှိဖုန်းဖြင့် စင်္ကာပူကို လှမ်းခေါ်လိုက်သည်။

“ဟဲလို.. အေး..ဟုတ်တယ်.. ငါဖိုးသိကြား.. ခုလေဆိပ်ကနေ ဆက်နေတာ.. ဒီနေ့အသုတ်က အ

ယောက် ၅၀ နော်.. ကျန်တာကို နောက်လကျမှ ဒီကနှစ်ပြည့်လို့ ပြန်မယ့်သူတွေ ပြန်ပို့ပြီးမှ ထပ်ခေါ်

မယ်..။ အေး.. လောလောဆယ်တော့ ဆောက်လုပ်ရေးလုပ်ငန်းအတွက်ပဲ Poly ကျောင်းဆင်းတွေ

စုထားလိုက်..။ ဟင့်အင်း.. Factory တွေအတွက်က “စ” လုံးတွေကို မသုံးသေးဘူး။ အဖြူကောင်

တွေကို ချိတ်ထားတယ်။ နောက်ဆိုရင်တော့ ပြောလို့မရဘူး.. အေး လေယာဉ်ဆိုက်မှ ဖုန်းထပ်ဆက်

လိုက်မယ်.. ဒါပဲ..” ဂွပ်..

ဖိုးသိကြားလည်း လက်ကျန် ကော်ဖီနှင့်မုန့်ကို စားလိုက်ပြီး အင်တာနက်မှတဆင့် ကမ္ဘာ့ဖလားခြေစစ်

ပွဲကို Live ကြည့်နေလိုက်သည်။ ခဏကြာသော် လက်ကိုင်ဖုန်းမှ အသံမြည်လာသည်။ “ဟဲလို.. အေး

ချက်စူ.. မင်းလည်း လေဆိပ်ရောက်နေတာလား.. အေး ဟုတ်တယ် ဘယ် Terminal လဲ 1 မှာလား

အေး..လာခဲ့မယ်.. စားသောက်ခန်းကပဲ စောင့်နေ.. အုန်းခင်.. ချီးယူ..”


ဖိုးသိကြားသည် သူငယ်ချင်းဖြစ်သူ ချက်စူ စာင့်နေသည့် စားသောက်ခန်းသို့ ထွက်လာခဲ့လေသည်။

လမ်းတလျှောက်မှာတော့ ဒီမှာ အလုပ်လုပ်ရန်လာကြသော နိုင်ငံစုံမှ အလုပ်သမားများကို ဟိုတစုဒီ

တစုဖြင့် ကြိုမည့်သူကို စောင့်မျှော်နေကြသည်ကို တွေ့ရ၏။ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကြ

မည့် မလေးမ လေးများ။ စားသောက်ဆိုင်များမှာ စာပွဲထိုးကြမည့် စလုံးမလေးများမှာ တွတ်ထိုးနေ

ကြသည်။ အဖြူကောင်များမှာလည်း လေဆိပ်အတွင်း ဟိုကြည့်ဒီကြည့်.. ၎င်းတို့၏ လေဆိပ်လေး

များနှင့်နှိုင်းယှဉ်ရင်း အံ့သြနေကြသည်။


ပြည်တွင်းမှ မြန်မာကုမ္ပဏီများမှာ မိမိတို့ခေါ်ထားသော နိုင်ငံခြားအလုပ်သမားများကို ခေါင်းမူးသည်

အထိ လိုက်လံ ရှာဖွေနေကြသည်။ ဆ၀ါသီခမ်း ယိုးဒယားကပါ ဆေးသုတ်ဖို့ လာတာပါ..။ ဆလာမတ်

ဒါတန်း.. မလေးရှားကပါ.. အမဲသား ခုတ်ဖို့ပါ။ စင်္ကာပူရာ.. စလုံးတွေပါခင်ဗျ.. သံချည်သံကွေးနဲ့ ပန်း

ရံအတွက်ပါ။ စသည်ဖြင့် ကျတ်မှတ်ထားသော မတောက်တခေါက် မြန်မာစကားကို အိုးနင်းခွက်နင်း

ကြိုးစား ပြောကြရှာသည်။

ဖိုးသိကြားစားသောက်ခန်းသို့ရောက်သော် ချက်စူမှာ ဘီယာသောက်နေသည်။ လာသူငယ်ချင်းထိုင်

အနားသို့ စားပွဲထိုးမလေး ရောက်လာသည်။

“ဘာသုံးဆောင်မလဲရှင့်..”

“ရာသီဥတုကပူတယ်။ ဘီယာပဲသောက်မယ်.. မြန်မာဘီယာချ.. သြော် ရောသောက်ဖို့အတွက် အေ

ဘီစီတဗူးပါယူခဲ့”

“ဟုတ်ကဲ့ရှင့်” မြန်မာစကားကို စလုံးသံ ခပ်ဝဲ၀ဲဖြင့် စလုံးတရုတ်မလေး ပြောဆိုပြီး ထွက်သွားလေသည်။

“ချက်စူ မင်းလဲ အမြဲတမ်း သောက်နေတယ်လို့ ကြားတယ်နော်.. သတိထားဦး ဂိန်သွားမှ ဟုတ်ပေ့

ဖြစ်နေမယ်..”

“မသောက်ပါဘူးကွ မင်းကလဲ ငါက တပါတ်မှ ၂ရက်ပဲသောက်တာ”

“ဘယ်ရက်တွေလဲ?”

“နေပူတဲ့ရက်ရယ် မိုးရွာတဲ့ရက်ရယ်လေ”

“လခွီး.. မင်း၂ရက်ကလည်း မိုးအုံ့မှပဲ မသောက်တာပေါ့”

“မိုးအုံ့ရင်တော့ ၀ီစကီပဲပြောင်းသောက်တယ် ဟီး ဟီး နေစမ်းပါဦး မင်းက ငါ့ကျပြောတယ်။ မင်းကျ

တော့ရော”

“ဟေ့ကောင်.. ငါကမင်းလိုမဟုတ်ဘူး.. ကြုံမှသောက်တာ”

“မကြုံရင်ကော”

“မကြုံရင် လိုက်ရှာတယ်လေ.. ကြုံအောင်လို့..ဟိဟိ”

“ဟား ဟား ဟား.. ကဲခု ကြုံသွားဘီဆိုတော့ လာထား.. ချီးယားစ်”

“ဒါနဲ့ ချက်စူ မင်းဘယ်ကောင်တွေသုံးဖို့ ခေါ်ထားတာလဲ”

“စလုံးတွေလေ.. ငါ မွေးမြူရေးလုပ်ငန်း ချဲ့မလို့.. နွားခြံတွေအတွက် လူလိုလို့.. မင်းကရော”

“ငါလည်း ဒီတခေါက် စလုံးတွေပဲ ဆောက်လုပ်ရေးအတွက်လေ”

“မင်း 'က'ကြီးတွေ ရောမခေါ်ဘူးလား”

“ခေါ်ထားတာပေါ့ကွ ဟိုတလောက ခေါ်ထားတယ်.. ကကြီးနဲ့ စလုံးကို ရောပြီး သုံးရတာပေါ့.. ဒါမှ

Balance ဖြစ်မှာ.. နောက်ပြီး သူတို့နိုင်ငံတွေက သမ္မတတွေကိုယ်တိုင် သူတို့နိုင်ငံသားတွေကို တို့

နိုင်ငံမှာ ခေါ်ပြီး သုံးပါလို့ မေတ္တာရပ်ခံထားတယ်လေ..။ အရှေ့သားခြင်းလည်း ကူညီရမယ့် ၀တ္တရား

လည်းရှိတော့ ဒီလိုပဲ ဦးစားပေး ခေါ်ခိုင်းနေရတာပေါ့ကွာ..”

“အေး.. ဟုတ်တယ်ကွ.. နောက်ဆိုရင်တော့ Factory တွေမှာပါ Calling ဖွင့်ပေးဖို့ လွှတ်တော်မှာ

အကြံပြုလွှာ တင်ခိုင်းရမယ်။ အဖြူကောင်တွေထက်စာရင် စလုံးတို့ မလေးတို့ ကကြီးတို့ ယပလက်

တို့ ဖဦးထုတ်တို့က ပိုတန်တယ်ကွ.. လောလောဆယ် မတတ်သေးပေမယ့် ဒီလိုပဲ သင်ပေးပြီး ခိုင်း

ရမှာပဲ.. အဖြူကောင်တွေကို ပညာရှင်ပိုင်းလောက်ပဲ ခိုင်းရမယ်.. ဒါထက် တို့နိုင်ငံက အိမ်ရှင်လုပ်

မယ့် လာမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ကွင်းအသစ်တွေ ဆောက်ဖို့ မင်းတို့ကုမ္ပဏီက

လေလံရထားတယ်ဆို..”


“အေး.. ဟုတ်တယ်.. ဂျပန်ကုမ္ပဏီတခုနဲ့ အကျိုးတူပေါ့.. ပရိတ်သတ် တသိန်းကျော်ဆန့်တဲ့ ကွင်း

တွေချည်းပဲ ဆောက်ရမှာ.. မြန်မာဘောလုံးအသင်းကလည်း ဖလားမှန်းထားတာ။ ဗိုလ်လုပွဲရောက်

ဖို့လည်း ကျိန်းသေတော့ ပရိတ်သတ်ကတော့ မပြည့်မှာ မပူရဘူးလေ..”

ဖိုးသိကြားလည်း ပြောရင်း အာခြောက်လာသဖြင့် ဘီယာပုလင်းကို လက်လှမ်းလိုက်ရာ...

“ခွမ်း” ဘီယာခွက်မှာ လက်ဖြင့်တိုက်မိပြီး အောက်သို့ ပြုတ်ကျသွားလေတော့သည်။


“ခွမ်း...”

ဖန်ခွက်ကျကွဲသံကြောင့် ဖိုးသိကြားတယောက် အိပ်ရာမှ လန့်နိုးသွားသည်။ တရေးနိုးရေငတ်သော်

သောက်ရန် အဆင်သင့်ထားသည့် ဖန်ခွက်မှာ စားပွဲပေါ်တွင်မရှိတော့..။ လူတကိုယ်လုံးမှာလည်း

ချွေးများက သင်္ကြန်ကျထားသကဲ့သို့ ရွှဲရွှဲစိုလျက်..။ မည်သည့် အချိန်က မီးပျက်နေသည်မသိ။ နဘေး

မှာဖွင့်ထားခဲ့သော ပန်ကာမှာ ရပ်တန့်နေလေပြီ။ ပတ်ဝန်းကျင် တခုလုံးမှာတော့ မှောင်မဲလျက်...

“သြော်.. ငါအိပ်မက် မက်နေခဲ့တာပါလား.. လက်တွေ့မှာတော့.. ဟင်း..... ဖိုးသိကြားသည် သက်ပြင်း

ရှည်ကြီးကို ချလိုက်ရင်း မိုးမလင်းသေးသော ညတညကို ကုန်ဆုံးဖို့ ကြိုးစား အိပ်စက်လိုက်ရပြန်တော့သတည်း..

(ဖိုးသိကြား၏ စိတ်ကူးယဉ် အိပ်မက်သက်သက်သာ ဖြစ်ပါကြောင်း)

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား(24/03/2012)

Monday, March 12, 2012

တွေ့ကြုံရပုံ မြင်ကွင်းစုံ

တွေ့ကြုံရပုံ မြင်ကွင်းစုံ

မြင်ကွင်း(၁)

ဟာ!! ဟင်!!! တောက်!!! ကျွတ်!!! ဟူး!!! ဟင်း!!!

စိတ်ဆိုးနေကြသူများ။ ဒေါသထွက်နေကြသူများ။ စိတ်ပျက်လက်ပျက် ဖြစ်နေ ကြသူများ၏အသံ

ပေါင်းစုံမှာ ဆိုင်တဆိုင် အတွင်းမှ အပြင်ဘက်သို့ ပျံ့လွင့်ထွက်လာသည်။ ထိုသူတို့၏ ရောင်စုံ မျက်

နှာများပေါ်တွင်တော့ အလိုမကျဟန်များ၊ အားမလိုအားမရ ဖြစ်နေဟန်များ၊ စိတ်ဆိုးဒေါသထွက်နေ

ဟန်များကတော့ ဖုံးဖိ မရလောက်အောင် အထင်းသား ပေါ်လွင်လျက်... ထိုသူများမှာ မြန်မာ့လက်

ရွေးစင်အသင်း၏ ဘောလုံးပွဲတပွဲကို ကြည့်ရှုနေကြသည်ဟု ထင်က မှားယွင်းပေလိမ့်မည်။ အမှန်မှာ

အင်တာနက် သုံးစွဲနေကြခြင်းပင်...။


မြင်ကွင်း (၂)

တောက်!! ဒီကောင်ကတော့ကွာ.. သေချာ ပြောထားရက်နဲ့ အချိန်ကို မလေးစားဘူး။ ဘယ်တွေကို

အလေလိုက်နေလဲ မသိဘူး။ ဆိုင်ထဲကို ထပ်မံ ဝေ့ကြည့်လိုက်သည်.. မတွေ့။ စေ့စေ့စပ်စပ် သေချာ

ရှာကြည့်သည်.. မမြင်..။ ခါးကြားမှ ဖုန်းကိုထုတ်ကာ ခေါ်လိုက်သည်။ နားမှာကပ်သည်။ ခုနက အ

တိုင်း.. လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍

မရနိုင်ပါရှင်..။ သက်ပြင်းမောကို တ၀ကြီးချလိုက်သည်။ ဒီကောင် ရန်ကုန်မှာတောင် ရှိသေးရဲ့လား

မသိ.. နယ်များပြန်သွားပြီလား..

ဟေ့ကောင်.. ပုခုံးပုတ်ကာ ခေါ်လိုက်ခြင်းခံရသဖြင့် နောက်သို့လှည့်ကြည့်လိုက်၏။ တွေ့ပြီ။

“မင်းဘယ်တွေ လျှောက်သွားနေတာလဲ.. အချိန်ကို မလေးစားဘူး.. ဟင်း”

“ငါရောက်နေတာ ကြာလှဘီ။ ခုလေးတင် ဟိုရှေ့က ကွမ်းယာဆိုင်မှာ ကွမ်းသွားဝယ်နေတာ”

“မင်းဖုန်းကို ဘာလို့ပိတ်ထားတာလဲ ငါခေါ်တာ ခေါ်လို့မရဘူး”

“မပိတ်ပါဘူးကွာ မင်းကလဲ.. မင်းဖုန်း မကောင်းလို့ နေမှာပေါ့”

“ဟေ့ကောင် ငါ့ဖုန်းက အကောင်းကြီးကွ စလုံးက ၀ယ်လာတာ.. ပေးစမ်း မင်းဖုန်း”

သူ့သူငယ်ချင်းဖုန်းကို စစ်ဆေးကြည့်လိုက်တော့ ဟုတ်သည်။ အားလုံး အိုကေပဲ.. ဒါနဲ့ သူငယ်ချင်း

ဖုန်းကို ဘယ်လက်ဖြင့်ကိုင်ထားပြီး ညာလက်မှ သူ၏ဖုန်းဖြင့် ခေါ်လိုက်သည်။ စပီကာကိုလည်း ဖွင့်

ထားလိုက်၏။ ဖုန်းထဲမှ အသံတသံ ထွက်လာသည်။ လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ.... ထွက်ပေါ်လာ

သော အမျိုးသမီး၏အသံကို နားထောင်ရင်း ဘယ်လက်မှ ဖုန်းကိုတလှည့် ညာလက်မှ ဖုန်းကိုတလှည့်

အပြန်အလှန် ကြည့်သည်။ သူငယ်ချင်းကို မေးဆတ်ပြတော့ သူငယ်ချင်းဖြစ်သူမှ နှုတ်ခမ်းကိုမဲ့ပြီး

ပုခုံး တွန့်ပြလိုက်သည်ကို တွေ့ရသည်။


မြင်ကွင်း (၃)

“တောက်!!! အမြဲတမ်း အဲဒီလိုပဲ..”

“အေးလေ.. သောက်ရေး မပါဘူး..”

“ဟုတ်ပါ့.. ပိုက်ဆံကြတော့ တိုးပေးရပြီးတော့..”

“ပြောတော့ တမျိုး.. လုပ်လိုက်ရင်တော့ သောက်တလွဲ...”

အမျိုးသား ကြီးငယ်လတ်တွေနှင့် ကလေးတွေပါမကျန် လမ်းပေါ်မှာ ရေးကြီးသုတ်ပြာ သွားနေကြသည်။

ပါးစပ်မှလည်း တဖျစ်တောက်တောက် ရေရွတ်လျက်..။ အားလုံး၏ ဦးတည်ရာကား လက်ဖက်ရည်ဆိုင်သို့

၎င်းတို့အားလုံးမှာ ဘောလုံးဝါသနာရှင်များ ဖြစ်ကြသည်။ ယနေ့ည မန်ယူပွဲရှိသည်။ MRTV 4 မှ တိုက်ရိုက်

ထုတ်လွှင့်မည် ဖြစ်သော်လည်း မီးပျက်သွားသဖြင့် ကိုယ့်အိမ်မှာကိုယ် ဇိမ်ကျကျ မကြည့်နိုင်တော့ပေ။

မန်ယူပွဲဆိုတော့လည်း လက်လွှတ်မခံချင်ကြ။ ထို့ကြောင့် မီးစက်ဖြင့်ပြသသော လက်ဖက်ရည်ဆိုင်သို့ အ

ပြေးအလွှား သွားရောက်ရတော့၏။ ပါးစပ်မှ တဖျစ်တောက်တောက်ဖြင့် မေတ္တာပို့နေသည်ကတော့ လျှပ်

စစ်ဓါတ်အားတွေ ပိုလျှံလို့ ပြည်ပသို့ ရောင်းချတာပါ ဆိုသည့် မီတာခများ တိုးမြှင့် ကောက်ခံနေကြသော

လျှပ်စစ်ဝန်ကြီးဌာနသို့...


မြင်ကွင်း (၄)

ကျွှီ..... ၀ုန်း

ဟာ..လုပ်ကြပါဦး.. တိုက်သွားပြီ..။

လမ်းမကြီးပေါ်မှာ စက်ဘီး။ ဆိုက်ကားနှင့် ကားကြီး ကားငယ် အသွယ်သွယ်တို့ ရှုတ်ထွေးစွာ မောင်းနှင်

နေကြ၏။ ဆိုက်ကား တစီးပေါ်တွင် အသက် ၇၀ ကျော်အရွယ် အဖိုးအိုတဦးနှင့် ၈နှစ်အရွယ် မြေးငယ်လေး

တဦး လိုက်ပါလာသည်။ ဆိုက်ကားသမားလေးမှာ ပါဆင်ဂျာ မြေးအဘိုးနှစ်ဦးကို အားနာနေသည်။ လမ်း

မှာ ချိုင့်ခွက်တွေက အပြည့်နှင့်ဆိုတော့ ဆိုက်ကားစီးရသည်မှာ မသက်သာလှ။ ထို့ကြောင့် လမ်းအနည်း

ငယ် ပိုကောင်းသော အလယ်ကြောကို ယူလိုက်သည်။ တဖက်လမ်းကြောမှ ယာဉ်တစီးမှာ အလျင်စလို

ဖြင့် ရှေ့မှကားကို ကျော်အတက်... ရှေ့ကားမှာလည်း လမ်းမှာရှိသည့် ချိုင့်ခွက်ကြီးကို ရှောင်ကာအမောင်း

နောက်ကားမှာ ရှေ့ကားကို လွတ်အောင် ဆွဲချလိုက်ရသဖြင့် တဖက်လမ်းအလယ်ကြောမှ နင်းလာသော

ဆိုက်ကားကို ဘယ်လိုမှ ရှောင်မရတော့ဘဲ ပက်ပင်းတိုးသွားလေတော့သည်။

ကျွီ... ၀ုန်း...

ဟာ... တိုက်ပြီ... တိုက်ပြီ။။။

လမ်းမထက်မှာတော့ သွေးများဖြာခနဲ... ဆိုက်ကားဘီးများမှာ မိုးပေါ်ထောင်လို့ လည်နေဆဲ....


မြင်ကွင်း (၅)

ထမင်းဆိုင်တဆိုင်..

နေ့လည် ထမင်းစားချိန်ဖြစ်သည့်အလျောက် ဆိုင်မှာ လူအနည်းငယ် ကျနေသည်။ ရန်ကုန်နေကလည်း

ပူပြင်းလှသည်။ ဆိုင်ရှေ့မှ ကတ္တရာလမ်းမှာလည်း အရည်ပျော်လုနီးနီး.. အချို့နေရာများတွင် အခိုးအငွေ့

များခပ်ဝါးဝါး ထွက်နေချေပြီ။ ဆိုင်ရှင်အဒေါ်ကြီးမှာ မိမိကိုယ်တိုင် ဟင်းပွဲပြင် မိမိကိုယ်တိုင် စားပွဲထိုးနှင့်

တယောက်တည်း လက်မလယ်နိုင်ရှာ ဖြစ်နေသည်။ ထိုစဉ် ဆိုင်ရှေ့ Taxi တစီး ထိုးဆိုက်လာသည်။ကား

ပ်ါမှ အဘိုးကြီးတဦး အဘွားကြီးတဦးနှင့် မိန်းမပျိုလေးတဦး ဆင်းလာသည်။

“ဒေါ်ကြီးရေ့. ဒေါ်ကြီး..”

“ဟဲ့..ဘယ်သူတွေလဲ.. ဟယ် မိအေးပါလား.. ဦးကြီးတို့ အရီးလေးတို့လည်း ပါလာတာကိုး လာ..လာ ထိုင်

ကြ.. ငါလည်း ရွာပြန်မရောက်တာ အတော်ကြာပြီ။ ဒီမှာလည်း မြင်တဲ့အတိုင်း အလုပ်ကမအား ဆိုတော့”

“ညည်းမလည်း နေနိုင်လိုက်တာလေ.. ရွာကို ပြန်ကို မပြန်လာတော့ဘူး.. ကျုပ်တို့မှာ ရွှေတိဂုံ စေတီတော်

ကြီး ၂၆၀၀ ပြည့်လည်း ဖူးချင်.. ညည်းတို့နဲ့လည်း တွေ့ချင်တာနဲ့ လာခဲ့တာ.. ပင်ပမ်းလိုက်တာအေ”

“ဟုတ်တယ် အရီးလေးရေ.. ကျမလည်း ပြန်လာချင်တာပေါ့.. ဒီမှာကလည်း ဒီဆိုင်လေးပဲ အားကိုးနေရ

တာ ဖောက်သည်တွေ ပျက်သွားမှာလည်း စိုးရိမ်တာပါတာပေါ့..”

“ညည်းအေ.. သမီးတွေက ဘွဲ့တွေရပြီးနေပြီပဲ.. သူတို့ လုပ်စာထိုင်စားပေါ့အေ့.. ညည်းကြည့်ရတာ ပင်

ပမ်းလိုက်တာအေ.. ငါ့မြေးတွေကော မတွေ့ပါလား.. အလုပ်သွားနေကြလား”

“အမလေး အရီးလေးရယ်.. သူတို့ဘွဲ့ကို အားကိုးလို့ကတော့ အရီးလေးတူမ ထမီတောင် ၀တ်စရာ ရှိမှာ

မဟုတ်ဘူး..။ ဒီမှာက ဘွဲ့ရ အလုပ်လက်မဲ့တွေကြီးပဲ.. Law နဲ့ပြီးထားတဲ့ သမီးအကြီးမက ဟိုတလော

ကမှ စတိုးဆိုင်တဆိုင်မှာ အရောင်းစာရေးမ အလုပ်ရသွားတယ်လေ.. အဲဒါ အလုပ်ဆင်းနေတယ်..။ M.E

ဘွဲ့ရထားတဲ့ သမီးအငယ်မကတော့ နောက်ဖေးမှာ ထမင်းကူချက်နေလေရဲ့...”

အဘိုးကြီး အဘွားကြီးတို့မှ အာမေဒိဋ်သံဖြင့် တခွန်းသော စကားကို ရေရွှတ်လိုက်သည်ကတော့

”ဟေ.. ဟုတ်လား..”

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား (12/03/2012)

Tuesday, March 6, 2012

ဖိုးသိကြား ဆက်မက်ချင်သော အိပ်မက်များ(သို့)ဖိုးသိကြားနှင့် ဖွတ်တော် (အပိုင်း-၂ ဇာတ်သိမ်း)

ဖိုးသိကြား ဆက်မက်ချင်သော အိပ်မက်များ(သို့)ဖိုးသိကြားနှင့် ဖွတ်တော် (အပိုင်း-၂ ဇာတ်သိမ်း)


(ဖိုးသိကြား ခုတလော အလုပ် နည်းနည်း ရှုပ်နေလို့ ဖိုးသိကြားနှင့်ဖွတ်တော် အပိုင်း (၂)ကို ယခုမှပင်
ရေးသား တင်ပြလိုက်ရခြင်း ဖြစ်ပါသည်..။)



လမ်းတလမ်းသို့အရောက်မှာ ရူးကြောင်မူးကြောင် ငနဲတကောင် လမ်းလယ်ကောင်မှာပိတ်ဆို့၍ဆဲဆို

သောင်းကျန်းကာ အဖော်အချွတ်ပါတီတခု ပြုလုပ်နေလေသည်။ စုံစမ်းကြည့်သော် အကယ်ဒမီမရလို့

ဂေါက်ကြောင်ကြောင် ဖြစ်နေသော မင်းသား ငကြောင်ဖြစ်သည်။ ဖိုးသိကြားလည်း၎င်းရှေ့ရပ်ကာ

“ဟဲ့.. ငကြောင် ကြောင်တောင်တောင် အူကြောင်ကြွက် သောက်ရှက်မရှိဘူးလား”

“ခင်ဗျားက ဘာကောင်မို့လဲ..ကျုပ်ဖာသာ သောက်ရှက်ရှိမရှိ ဘာဖြစ်လဲ ဒါပွင့်လင်းမြင်သာတဲ့

ခေတ်ဗျ.. ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး..”

“တယ်..ဒီငကြောင် ငါ့ကိုခံဟောင်မနေနဲ့.. သင့်ဖာသာသင် သောက်ရှက်မရှိရင် နိုက်ကလပ်တက်ရစ်..

ဒီမှာလာပြီး ပဲမြစ်မကြော်ငြာနဲ့.. ဒီနိုင်ငံ သိက္ခာကျတယ်.. သင့်ပဲမြစ်ကို ဖြတ်ဖောက်ချုပ် လုပ်လိုက်လို့

မုန့်ပျားသလက် ဖြစ်သွားမယ်..။ ငါ့ဘာမှတ်လဲ..”

ဟု ကိုယ်ထင်ပြလိုက်ပါမှ ကြောက်လန့်တကြား ရှိခိုးတောင်းပန်ကာ ထွက်ပြေး သွားလေတော့သည်..။


ထိုငကြောင်မှ စလိုက်သဖြင့် အတုမြင် အတတ်သင်ဆိုသလို ထိုတိုင်းပြည်မှ အဆိုကျော် မော်ဒယ်မင်းသ

မီးများကလည်း “သူတောင် ပဲမြစ်ကြော်ငြာသေးတာ တို့လည်း တို့ရှိတာ ကြော်ငြာကြမယ်။ ပွင့်လင်းမြင်

သာတဲ့ခေတ်မှာ ပွင့်ပွင့်လင်းလင်း မြင်သာအောင်လုပ်တာ ဘာဖြစ်လဲ” ဟုဆိုကာ အပြိုင်အဆိုင် ကြော်ငြာ

ကြလေတော့သည်..။ ကျန်ုပ်ဖိုးသိကြားလည်း အင်း.. ဒီနိုင်ငံကတော့ တကယ်ကိုပွင့်လင်း မြင်သာတဲ့ခေတ်

ကိုရာက်ရှိနေလေပြီတကားဟု မှတ်ချက်ချမိလေတော့သည်။


ဖိုးသိကြားနှင့် မာတလိတို့လည်း ဆက်လက်ထွက်ခွာလာရာ မြို့တမြို့သို့ အရောက် စကြာဝဠာတိုက်တစ်

သောင်းမှ ရှိရှိသမျှ လူများအားလုံး ရောက်ရှိနေဘိအလား လူစကြ၀ဠာကြီးကို မြင်တွေ့လိုက်လေ၏။ အ

ကြောင်းစုံမှာ အမေစုခေါ် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီစည်းရုံးရေး ခရီးစဉ်ပဲဖြစ်သည်။ ဖိုးသိကြားလည်း

နတ်တို့ တန်ခိုးဖြင့် အမေစု အနီးသို့တိုး၍ ကြည့်လတ်သော် စိတ်ထဲမှ ရင်းရင်းနီးနီး ခံစားမိလေသည်။ နတ်

မျက်စိဖြင့် ဆင်ခြင်သုံးသပ်ကြည့်လိုက်သော်..


အလို..ဘုရား..ဘုရား.. လတ်စသတ်တော့ အမေစုဟာ ငါ၏ အတိတ်ဘ၀ဟောင်းက တော်စပ်ခဲ့ဖူးတဲ့ မာ

တာ မိခင်တဦး ဖြစ်တော့သကိုး.. ကြည့်စမ်း ငါ့အမေ တိုင်းပြည်အတွက် အပင်ပမ်းခံ ပေးဆပ်နေတာပါလား

ပြည်သူတွေကလည်း အားပေး ထောက်ခံနေကြတာ အုံးအုံးထလို့ နေပူကျဲကျဲမှာ ပူလို့ပူမှန်း မသိလောက်

အောင်ဖြစ်နေကြတာ ငါ ကူညီမှ တော်ကာကျပေမည်.. ဟု တွေးတောလျက်..


“ဟဲ့မာတလိ.. ယခုပင် မိုးနတ်သားကို ဆင့်ခ်ါလိုက်စမ်း” မကြာမီမှာပင် မိုးနတ်သား ရောက်လာတော့သည်။

“မိုးနတ်သားရေ.. ဟိုမှာတွေ့လား အဲဒါ ငါ၏ အတိတ်ဘ၀တခုမှာ တော်စပ်ခဲ့ဖူးတဲ့ ငါ့မိခင်တဦးဖြစ်တယ်။ ခု

သူနဲ့ ပြည်သူတွေ အပူဒဏ် ခံစားနေရတာကို ငါမကြည့်ရက်ဘူး.. ဒါ့ကြောင့် အပူချိန်လျော့သွားအောင် မိုးတိမ်

တိုက်တွေနဲ့ ကာကွယ်ပေးကွယ့်..”

“အမိန့်တော်မြတ်အတိုင်းပါ.. ဘိုးတော်သိကြား..”

ပထမတော့ မိုးတိမ်များ အုံ့ဆိုင်းနေသဖြင့် အမေနှင့် ပြည်သူများမှာ အပူဒဏ်မှ သက်သာသွားလေသည်။ သို့

သော် မကြာမီမှာပင် မိုးစက်မိုးပေါက်များပါ ကျဆင်းလာလေတော့၏။။ “ဟဲ့..ဟဲ့ မိုးနတ်သား.. သင့်နှယ်..ဘယ်

လိုလုပ်လိုက်ပါလိမ့် ငါက မိုးအုံ့ဖို့ပဲ ခိုင်းစေတာ.. ခုတော့ အားလုံးမိုးတွေ စိုကုန်ပါပေါ့လား..”

“မိုးနတ်သားမှာ ငိုကြီးချက်မဖြင့် မှန်ပါ.. အပြစ်တင်ရင်လည်း ခံရပါတော့မယ်.. ကျနော်မျိုးလည်း အမေစုနဲ့ ပြည်

သူတွရဲ့ မေတ္တာရောင်ပြန် ဟပ်နေကြတဲ့ မြင်ကွင်းတွေကို ကြည့်ရင်း ၀မ်းနည်းဝမ်းသာ ဖြစ်လာလို့ မျက်ရည်စများ

ထိန်းမရဘဲ ကျဆင်းမိတာပါ..ဘိုးတော် သိကြား.. ဒီမိုးရေစက်တွေဟာ ကျနော်မျိုးရဲ့ မျက်ရည်စက်စစ်စစ်တွေမို့

ဒီမိုးစက်တွေ ထိတွေ့မိတဲ့သူတွေဟာ မည်သို့မှ နာမကျန်းမဖြစ်နိုင်ပါ..။ ဒါ ဆေးဘက်ဝင်တဲ့ မိုးစက်တွေပါ..”

“အင်းလေ.. ငါသိကြားတောင် မျက်ရည်မကျမိအောင် မနည်းထိန်းနေရတာ.. သင့်ကိုလည်း အပြစ်မတင်တော့

ပါဘူး.. ရှိစေတော့..” ဖိုးသိကြားလည်း အမေစုကို အဝေးမှ ကန်တော့ကာ အသာ ထွက်ခဲ့လေတော့သည်။


ဖိုးသိကြားတို့ ဒီတခါ ဦးတည်သည်ကတော့ လွှတ်တော် ကျင်းပနေသည့် နေပူတော်မြို့တော်ကြီးဆီသို့..

နေပူတော်ကြီးကား ဖုတ်တထောင်းထောင်း ယင်တလောင်းလောင်းလောင်းနဲ့ အလွန်တရာ စည်ကားလှပေသည်။

လွှတ်တော် အဆောက်အဦးကြီးမှာလည်း ဟီးထလောက်ပေသည်။ အ၀င်ဝ တဖက်တချက်မှာ ဖွတ်ကောင်ကြီး

မြန်မာပြည် မြေပုံပေါ်တက်နေသည့်ပုံ ထုလုပ်ထားသည်ကို တွေ့ရသည်။ အဓိပ္ပါယ်မှာ လက်ရှိအာဏာရ အစိုးရပါ

တီ၏ လိုဂိုတံဆိပ်ကို ထုလုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုအဆောက်အဦးကို ဖွတ်တော် အဆောက်အဦးဟု

လည်း ခေါ်ကြသည်။


မြန်မာပြည်ပေါ် ဖွတ်တက်သည့်သဘောဟု ဆိုရမည်။ တခြားသူများအဖို့ ဖွတ်တက်လျှင်မွဲတတ်သည်ဟုအဆိုရှိ

သော်လည်း အဆိုပါ လွှတ်တော်အဆောက်အဦးနှင့် ရုပ်ထုကို တာဝန်ယူ တည်ဆောက်ခဲ့တဲ့ ဖွတ်တော် ၀န်ကြီး

တဦးမှာတော့ ဖွတ်တက်မှ ပိုပြီး ချမ်းသာသွားကြောင်းလည်း သိရ၏။


ဖိုးသိကြားတို့လည်း ဖွတ်တော်သို့ ၀င်ရောက်ခဲ့ကြရာ အ၀င်ဝမှာ တာဝန်ကျနေသည့် လုံခြုံရေးတာဝန်ခံက စစ်ဆေး

မေးမြန်းတော့၏။

“ဘယ်ပါတီကလဲ ဖွတ်လား.. ကျားလား..”

“ဖွတ်လည်း မဟုတ်ဘူး ကျားလည်းမဟုတ်ဘူး.. ဖွတ်ကျားလည်းမဟုတ်ဘူး.. သိကြား.. တာဝတိံသာက သိကြား

မင်းတို့ ဥက္ကဌကြီးကို အကြောင်းကြားလိုက်..”

ကျန်ပ်တို့လည်း ကိုယ်ထင်ပြလိုက်သော် အစောင့်မှာ ကြောက်လန့်တကြားနှင့် စကားပြောစက်ကိုဖွင့်ကာ..

“ဖွတ်ကြား.. ဖွတ်ကြား.. ကြားလား.. သိကြားရောက်တယ်.. ရွှေမန်းမှ လေပန်းသို့ သတင်းပို့.. ဒါပဲ..”


ခဏကြာသော် ဖွတ်တော် ဥက္ကဌကြီးနှင့်တကွ အငတ်များ.. အဲ.. အမတ်များအားလုံး ထွက်၍ ၀မ်းကြား၊ ၀မ်းကြား

ဝမ်းဝမ်းကြား လုပ်လေတော့သည်။ မျက်နှာများမှာတော့ သိပ်မကောင်း.. ဥက္ကဌကြီးမှ

“ဖိုးသိကြား မဆုံတာကြာပြီ.. အဘရွှေလည်း နားသွားပြီ ဘာကိတ်..”

“ငဒေတပည့် ငရွှေ နားပေမယ့် ငရွှေတပည့်တွေက ရှိနေသေးတော့ ငါ့မှာ မနေသာဘူးလေ.. ခုလည်း ငါ့ဒန်းလော့

တင်းတော်မူလို့ ဆင်းလာတာ.. သင်တို့ လွှတ်တော်ကို လေ့လာမလို့ ဆင်းလာတာ.. ”

ဥက္ကဌကြီးနှင့် အမတ်များမှာ ပျာပျာသလဲဖြင့် “ကြွပါ..ကြွပါ.. လာ ဒီမှာထိုင်တော်မူပါ.. ”

ကျန်ုပ်တို့လည်း ထိုင်ခုံများမှာ ၀င်ထိုင်လိုက်ကြလေသည်..။


ထို့နောက် လွှတ်တော် စတင်သည်။ ဥက္ကဌကြီးက ပြောချင်တာပြော.. အောက်မှ အမတ်များမှ ဖောချင်ရာဖောနှင့်

စိတ်ပျက်ဖွယ်ရာ..။ လစာတိုးဖို့အဆိုကို ဆွေးနွေးတော့ လက်ရှိတိုင်းပြည်မှာ ကြွေးတွင်း ထဲနစ်နေကြောင်းရှင်ဘု

ရင်ကြွေး ပြည်သူဆပ်ဆိုသည့်အတိုင်း ပြည်သူတွေမှာ ရှေ့က ခေါင်းဆောင်ကြီးတွေ သုံးဖြုန်းခဲ့သည့် ကြွေးမြီ အမေ

ရိကန်ဒေါ်လာ ၁၁ ဘီလီယံကို ပေးဆပ်ရန်တာဝန်ရှိကြောင်း သို့အတွက်ကြောင့် လစာတိုးဖို့ မဖြစ်နိုင်ကြောင်း ပြော

ကြားပြီး ပယ်ဖျက်လိုက်တော့သည်..။ ဖိုးသိကြားမှာတော့ မျက်မှောင်မှာ ကြုတ်မိနေပြီ..။


နောက်အဆိုတခု ၅၀၀၀ တန် ဆင်းကဒ်ကိစ္စမှာလည်း အကယ်၍ ဆင်းကဒ်များ ပေါလောသော် မြန်မာပြည်၏ လူနေ

မှုစရိတ်မှာ ကျဆင်းသွားမည် ဖြစ်ကြောင်း မိမိတို့တိုင်းပြည်မှာ ကမ္ဘာပေါ်တွင် လူနေမှုစရိတ် မြင့်မားသောတိုင်းပြည်

အဖြစ် ဂုဏ်ယူစွာ ရပ်တည်နေကြောင်း နောက်တခုမှာ ဆိုက်ကားသမားများ ဖုန်းပြောရင်း နင်းသောကြောင့် ဆိုက်

ကားတိုက်မှုများ ပိုမိုလာနိုင်ကြောင်း ဟင်းရွက်သည်များ ဈေးသည်များ ဖုန်းပြောရင်းဈေးရောင်းသောကြောင့်အော်

မကြား ခေါ်မကြား ဖြစ်လိမ့်မည် ဖြစ်ကြောင်း ခလေးငယ်များ ဖုန်းကိုယ်စီဖြင့် အရွယ်မရောက်ခင် အီစီကလီ ဇာတ်

လမ်းများ ဖန်တီးနိုင်ကြောင်း ထို့ကြောင့် အားလုံးအတွက် စေတနာထားကာ ၅၀၀၀ တန် ဆင်းကဒ်မှာမဖြစ်နိုင်

ကြောင်း ပြောကြားလေသည်..။ ဖိုးသိကြားလည်း နားကြားမြင်း ကတ်လာလေပြီ..။


ထို့ကြောင့်.. “ဟေ့..ဒီမှာ သင်တို့တွေနိုင်ငံအပေါ်စေတနာတွေ အဲဒီ့လောက် မထားကြပါနဲ့.. တော်ကြာအ၀ီစိမှာ နေ

ရာတွေ ကျပ်ကုန်ကြလိမ့်မယ်..”

“သြော်..ဖိုးသိကြားရယ်.. ငါတို့မိသားစု ကောင်းစားရေး.. အဲလေ.. ငါတို့လူမျိုး ကောင်းစားရေးဆိုတော့လည်း စေတ

နာထား လုပ်ဆောင်ရမှာပေါ့..”

“ဘာမှ ရှည်ရှည်ဝေးဝေးတွေ ပြောမနေကြနဲ့.. ငါလည်း ရောက်တုန်းရောက်ခိုက် အဆိုတခု တင်သွင်းမယ်.. ခုဒီနိုင်ငံ

က အင်တာနက်လိုင်းတွေက အ၀ီစိထိရောက်ရောက်နေပြီး ပြန်ကိုမတက်လို့ ယမမင်းကတောင်ဧည့်ခံနေရတာ အ

လုပ်ပျက် အကိုင်ပျက်နဲ့ စိတ်ပျက်နေဘီတဲ့.. ပြီးတော့ ငါ့နတ်မဒီကညာတွေနဲ့လည်းမဆက်သွယ်နိုင်တော့ လူပြည်က

ကေတီဗွီ၊ မာဆတ်၊ နိုက်ကလပ်က ကောင်မလေးတွေနဲ့ ဇာတ်လမ်းတွေ ရှုပ်နေလို့လားဆိုပြီး Complain တွေတက်

တက်နေလို့ ငါ့မှာလဲ ဖြေရှင်းရပေါင်း များလှပြီ။ လမ်းမှာ ကလေးတွေ သီချင်းဆိုနေတာကို ကြားခဲ့ရတယ်..။ သင်တို့

မကြားကြဘူးလား.. ပြည်သူတွေရဲ့ အသံကို သင်တို့မကြားရရင် ကြားရအောင် ငါပြန်ဆိုပြမယ်.. နားထောင်စမ်း..



♪ ♥ ♫ ♥ ♪... ဒီမှာ တင်းတယ်.. တင်းတယ် တင်းတယ် တင်းတယ်ဟေ့.. လူမသိ သူမသိ ငါ့တယောက်တည်း


ကျိတ်ကာ... ဒီမှာ တင်းတယ်.. တင်းတယ် တင်းတယ် တင်းတယ်ဟေ့.. ကော်နက်ရှင်ကြောင့် ငါ့မှာတော့

ုပြဿနာ...♪ ♥ ♫ ♥ ♪


♪ ♥ ♫ ♥ ♪... တက်ရင်လည်း ခဏလေးပါကွာ.. ကျတာက အမြဲတမ်းပါကွာ.. ဓါတ်မတဲ့ဘူး.. ဒင်းနဲ့ငါဟာ ပြဿနာ.. 

မီးကလည်း ပျက်ရပြန်တာ.Time Out လည်းခဏ ခဏပါကွာ.. ဓါတ်မတဲ့ဘူး ဒင်းနဲ့ငါဟာ ပြဿနာ..♪ ♥ ♫ ♥ ♪

♪ ♥ ♫ ♥ ♪... စိတ်ပျက်ကာ သွားပြီ အလကား.. သုံးရတာ စိတ်ညစ်စရာများ.. က်ာနက်ရှင် နှေးကွေးတာနဲ့ ငါ့မှာ...♪ ♥ ♫ ♥ ♪

♪ ♥ ♫ ♥ ♪...ဒီမှာ တင်းတယ်.. တင်းတယ် တင်းတယ် တင်းတယ်ဟေ့.. လူမသိ သူမသိ ငါ့တယောက်တည်း

ကျိတ်ကာ.. ဒီမှာ တင်းတယ်.. တင်းတယ် တင်းတယ် တင်းတယ်ဟေ့... ကော်နက်ရှင်ကြောင့် ငါ့မှာတော့ ပြဿနာ...♪ ♥ ♫ ♥ ♪ တဲ့


သူတို့ဆိုတာလည်း အမှန်တွေပဲ.ငါ့ကိုယ်တွေ့ ဒီတော့ သင်တို့ရဲ့ ပက်ကျိ Speed လိပ် Connection အင်တာနက်လိုင်း

တွေကို ဒီထက်ပိုပြီး တိုးတက်ကောင်း မွန်အောင် လုပ်ဖို့ အဆိုကို ငါတင်သွင်းတယ်..”


ထိုအခါ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးမှ စိတ်မကောင်းသောလေသံဖြင့်..

“ဒါကဒီလိုရှိပါတယ်။ ဖိုးသိကြားတင်သွင်းတဲ့အဆိုမှာ လက်ရှိ ဖွတ်တော်မှ ချမှတ်ထားသည့် မူဝါဒနဲ့ ကိုက်ညီမှုမ

ရှိသေးပါဘူး..။ ဒါ့အပြင် အခြား စားရမယ့်..အဲလေ ဦးစားပေးရမယ့် ကိစ္စရပ်တွေကလည်း ကျန်ရှိနေသေးလို့ လက်

ရှိအနေအထားနဲ့ မဖြစ်နိုင်ပါဘူး.. ဒါ့ကြောင့် ဖိုးသိကြားတင်သွင်းတဲ့ အဆိုကို ပယ်ချပါတယ်..”

ဖွတ်တော်အမတ်များမှာလည်း လက်ခုပ်သံ တဖြောင်းဖြောင်းဖြင့်..


ဖိုးသိကြားရဲ့ ဒေါသမှာ အထွဋ်အထိပ်သို့ ရောက်ရှိသွားလေပြီ။ အခြားသော ကိစ္စများကို သည်းခံနိုင်သော်လည်း ယခု

ကိစ္စကိုတော့ဖြင့် သည်းမခံနိုင်တော့ပြီ..။

“တောက်!!! သင်တို့ မိုက်ရိုင်းလို့ ထွားကြိုင်းနေကြတာလား.. ငါသိကြား တင်သွင်းတဲ့ အဆိုကိုတောင် သင်တို့က

အလေးမထား ပယ်ချတယ်ဆိုတော့ သင်တို့ရဲ့ ဆရာငရွှေရဲ့ ဆရာကြီး ငဒေ(ဒေ၀ဒတ်) ကို အားကိုးလို့ ဒီစကား

ပြောနေတာ မဟုတ်လား.. ဒီတော့ နိုင်ငံအတွက်လည်း အကျိုးမပြု လူမျိုးအတွက်လည်း အသုံးမ၀င်တဲ့ သင်တို့

ဖွတ်တော်ကို ငါကိုယ်တိုင် ပယ်ဖျက်ပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးကို အမှန်ဆောင်ရွက်နိုင်မယ့် လွှတ်တော် အစစ်

အမှန် ငါကိုယ်တိုင် ရွေးကောက်တင်မြှောက်မယ်.. သင်တို့အားလုံး သင်တို့ ဆရာကြီးတွေရှိတဲ့ အ၀ီစိကိုသာ

ဂျောင်းကြပေတော့.. သွားကြစမ်းကွာ”

ဖိုးသိကြားလည်း ဖွတ်အမတ်များအားလုံး အ၀ီစိသို့ သက်ဆင်းနိုင်ရန် ဖနောင့်ကိုပေါက် အ၀ီစိလမ်းဖောက်လိုက်

လေတော့သည်။


“ဟဲ့..ဖိုးသိကြား.. ဘာဖြစ်နေတာလဲ ဘာလို့ တဒုန်းဒုန်းနဲ့ ကုတင်ပေါ်မှာ ဖနောင့်တွေ ပေါက်နေတာလဲ..”

“အင်.. ငါအိပ်မက်မက်နေတာကိုး.. အမေကလည်း ဘာလို့နှိုးလိုက်တာလဲ.. သားက ဟိုလူချီးတွေကို အ၀ီစိ ပို့

နေတာကို ရောက်တောင်မရောက်သေးဘူး..”

“ဟဲ့.. ဘယ်လူကြီးတွေလဲ.. ဒီကောင်လေး ရူးကြောင် မူးကြောင်နဲ့ ဘာတွေပြောနေတာလဲ.. ဘယ်သူ့ကိုမှ တကူး

တက ပို့စရာမလိုဘူး..။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။

ကံကံ၏ အကျိုးပဲ.. ထတော့ မိုးလည်း လင်းတော့မယ်.. မီကလည်း ပျက်နေတယ်.. မီးစက် ထမောင်းစမ်း”


ဖိုးသိကြားလည်း မထချင်ထချင်ဖြင့် ထရပါတော့သည်။ ခေါင်းရင်းက ပြတင်းပေါက်ကို ဖွင့်လိုက်တော့ လေနုအေး

လေးက အပျိုလေးရဲ့ ထွက်သက်ပမာ ဖိုးသိကြားရဲ့ မျက်နှာပေါ်ကို တို့ထိရှိုက်နမ်းသွားသည်။ အရှေ့ဆီမှာတော့

ရောင်နီ လာတော့မည်။ ဖိုးသိကြားလည်း မက်ခဲ့ရသော အိပ်မက်ကို ဆက်လက်မက်ချင်ပါသော်လည်း အချိန်

မရှိတော့ပြီမို့ သက်ပြင်းကို ဟင်းခနဲချရင်း မျက်နှာသစ်ရန် ထွက်ခဲ့ပါတော့သတည်း..။



အားလုံးကို ချစ်ခင်လေးစားသော.. ဖိုးသိကြား (06/03/2012)