Monday, June 4, 2012

သိကြားနီတိများ (၂)

သိကြားနီတိများ (၂)

ရေလှိုင်းသည် ကမ်းပါးများကို တိုက်စားနိုင်၏..။
မြေငလျင်သည် နေအိမ်များကို ပြိုကျနိုင်၏..။
လေမုန်တိုင်းသည် သစ်ပင်များကို ပြိုလဲနိုင်၏..။
မီးသည် အဆောက်အဦးများကို ပြာကျနိုင်၏..။
မင်းဆိုးမင်းညစ်သည် ပြည်သူတို့ဘ၀များကို ဖျက်ဆီးနိုင်သည်တကား..။

ရေဆိုတိုင်းလည်း ရေသန့်မဟုတ်ပေ..။
ကြောင်ဆိုတိုင်းလည်း ကြွက်မခုတ်ပေ..။
ခွေးဆိုတိုင်းလည်း မစင်မစားပေ..။
ပန်းဆိုတိုင်းလည်း ရနံ့မမွှေးပေ..။
အကြံပေးဆိုတိုင်းလည်း ဦးဏှောက်မရှိချေပါတကား..။

မျက်စိသည် အရာဝတ္ထုများကို မြင်နိုင်၏..။
နားသည် အသံများကို ကြားနိုင်၏..။
နှာခေါင်းသည် အနံများကို ခံနိုင်၏..။
လျှာသည် အရသာများကို သိနိုင်၏..။
ပြည်သူတို့သည်ကား အစိုးရကောင်းမကောင်း အကဲဖြတ်နိုင်သည်တကား..။

မေးပါများက ပါးစပ်ညောင်း၏..။
သွားပါများက ခြေထောက်ညောင်း၏..။
ကြည့်ပါများက မျက်စိညောင်း၏..။
မအိပ်ပါများက ဦးဏှောက်ကြောင်၏..။
စားပါများက တိုင်းပြည်မွဲမည်တကား..။

ရွှေအကြောင်း ဖယောင်းသက်သေ..။
ကုလားအကြောင်း နှာခေါင်းသက်သေ..။
မသာအကြောင်း အခေါင်းသက်သေ..။
သရုပ်ဆောင်အကြောင်း ပရိတ်သတ် သက်သေ..။
မင်း အကြောင်း နိုင်ငံသက်သေပါတကား..။

ဓါးကိုဖျက်တာ ၀ါးမျက်..။
လူကိုဖျက်တာ အရက်..။
မှန်ကိုဖျက်တာ စိန်..။
သစ်ကိုဖျက်တာ ခြ..။
တိုင်းပြည်ကိုဖျက်တာ အစိုးရပါတကား..။

ဖိုးသိကြား၏ အတွေးသက်သက်သာ ဖြစ်၏..။

1 comment:

Anonymous said...

ဆောက်ရမ်းမိုက်တယ်ဟေ့