Monday, December 24, 2012

၂၀၁၂ အတွက်ခရစ်စမတ်လက်ဆောင်... တာဝတိံသာ မူလတန်းဖတ်စာ

၂၀၁၂ အတွက်ခရစ်စမတ်လက်ဆောင်... တာဝတိံသာ မူလတန်းဖတ်စာ





အားလုံးပဲ မင်္ဂလာပါနော့..။ ကျနော်ဖိုးသိကြား ဒီနှစ်မှာလည်း ပြီးခဲ့နှစ်တွေကလိုပဲ အွန်လိုင်းက
ချစ်ခင်ရတဲ့ သူငယ်ချင်းမိတ်ဆွေ ညီအစ်ကို မောင်နှမများအတွက် ခရစ်စမတ်လက်ဆောင်
ကဗျာလေးတပုဒ်ကို လက်ဆောင်အနေနဲ့ ပေးလိုက်ပါတယ်..။ သူများတွေလို တန်ဖိုးကြီးကြီး
ပစ္စည်းတွေကို မပေးနိုင်တော့ ပေးနိုင်တာလေးပဲ ပေးလိုက်ရတာပါ..။ ဒီနှစ်နဲ့ဆိုရင် ၃နှစ်မြောက်
ပေါ့..။ ဒီနှစ်မှာတော့ မြန်မာဗျဉ်းအက္ခရာလေးများနဲ့ ကဗျာလေးစပ်ထားပါတယ်..။

က- ကမ္ဘာကြီး ကျန်းမာပြီး ဘေးရန်ကင်းလို့ငြိမ်းပါစေ..

- ခရုအသွင် ကော်နက်ရှင် ပြောင်းလဲတိုးတက်နိုင်ပါစေ..

- ဂရုဏာ လူတိုင်းမှာ မွေးမြူထားနိုင်ကြပါစေ..

- ငတေအလား စိတ်တွေအား ဖယ်ရှားပစ်နိုင်ကြပါစေ..

- စကားအရာ လိမ်မာစွာ ပြောဆိုဆက်ဆံနိုင်ပါစေ..

- ဆရာဝန် မေတ္တာရှင် စိတ်တွင်ခံယူနိုင်ပါစေ..

- ဇရာ မအိုခင်မှာ ကြိုတင်ကောင်းမှုပြုနိုင်စေ..

- ညအခါ လမ်းပေါ်မှာ ဂျစ်ပစီဂိုဏ်းသားကင်းပါစေ..

- တရုတ်ကြီး အချောင်တုပ်ပြီး လက်ဝါးကြီးအုပ်ခြင်းလွတ်ပါစေ..

- ထမင်းဆန် ငါတို့ထံ ပေါကြွယ်ပြည့်လျှံနိုင်ပါစေ..

- ဒကာတော် သံဃာအပေါ် နှိပ်ကွပ်ခြင်းများကင်းပါစေ..

- ဓမြအလား ခရိုနီများ ယုတ်မာခြင်းများဝေးပါစေ..

- နဖားကြိုး တိုင်းပြည်ကိုထိုး ထိုလူမျိုးတို့ပျောက်ပါစေ..

- ပညာရေး ဦးစားပေး ဘတ်ဂျက်ငွေကြေးတိုးပါစေ..

- ဖလားပိုက် အလှူခံလိုက် နှိုက်သုံးခြင်းများကင်းပါစေ..

- ဗလောင်းဗလဲ ကြေငြာချက်လည်း ထုတ်/ဖျက်ခြင်းများပျောက်ပါစေ..

- ဘရာဘေး ကင်းကာဝေး တို့ပြည်အေးချမ်းနိုင်ပါစေ..

-  မလေးသွား မြန်ပြည်သား အနိုင်ကျင့်ခံရခြင်းမှလွတ်ပါစေ

- ယခုအခါ ခရစ်စမတ်မှာ အားလုံးပျော်ရွှင်နိုင်ပါစေ..

- ရခိုင်မှာ ရိုဟင်ဂျာ ဘင်္ဂါလီများပျောက်ပါစေ..

- လပမာပုံပြု တို့အမေစု သက်တော်ရာကျော်ရှည်ပါစေ..

- ၀လုံးလေး Loading ရေး မရှည်ကြာဘဲတိုပါစေ..

- သပွတ်အူအလား ရှုပ်ကာထား စီမံကိန်းများရပ်ပါစေ..

- ဟလို ဖုန်းဆက်တိုင်းကို အော်ရခြင်းများဝေးပါစေ..

- အမိမြေ တို့တိုင်းပြေ ထာဝရအေးချမ်းနိုင်ပါစေ...။



သိမှတ်ဖွယ်ရာမပါပါ ကျွန်တော့ကဗျာလေးမှာ
သူငယ်ချင်းများပျော်ဖို့အတွက် ဖိုးသိကြားကြိုးစားစပ်
တတ်သိပုဂ္ဂိုလ်ဖတ်မိသော် သည်းခံခွင့်လွတ်နော်
အပျော်သဘောရေးလို့ထာ့း ကျွန်တော့ကဗျာလေးအား
ဖတ်ရှုကြသူမိတ်သဟာ ချမ်းသာကြစေဗျာ
ပျော်ရွင်စေကြောင်းဆုမွန်ကောင်း X'masမှာဆုတောင်း

Merry Christmas to You All!

အွန်လိုင်းမှ ညီအစ်ကိုမောင်နှမ သူငယ်ချင်း မိတ်သင်္ဂဟများအားလုံး ခရစ်စမတ်မှာ ကျန်းမာပျော်ရွင်ပြီး လိုအင်ဆန္ဒ တလုံးတ၀ ပြည့်ဝကြပါစေ..

အားလုံးကို ချစ်ခင်လေးစားသော.. ဖိုးသိကြား (24/12/2012)

No comments: