Saturday, July 5, 2014

ကျနော် ဗုဒ္ဓဘာသာ

ကျနော် ဗုဒ္ဓဘာသာ
မိရိုးဖလာမဟုတ်
တကယ့်ဗုဒ္ဓဘာသာ
ကျနော်မှာ သူငယ်ချင်းတွေရှိတယ်။
သူငယ်တန်းကစပြီး
ခုချိန်ထိပေါ့..

ကျနော့်သူငယ်ချင်းတွေထဲမှာ
ဗုဒ္ဓဘာသာပါတယ်
ခရစ်ယာန်ပါတယ်
အစ္စလာမ်ပါတယ်
ဟိန္ဒူပါတယ်

သူတို့ဘာပဲဖြစ်ဖြစ်
ကျနော်ချစ်တယ်။
သူတို့ကလည်း
ကျနော့်ကိုချစ်တယ်။
သူတို့နဲ့ကျနော့်ကြားမှာ
ဘာသာတရားမရှိ
စိတ်ထားပဲရှိတယ်။

ဖိုး သိကြား