Tuesday, October 12, 2010

အချစ်တစ်ခု၏နိဂုံး


မင်းသိပ်ရက်စက်တယ်ကွာ..အရင်တုန်းကတော့တို့ကမင်းအတွက်

ချစ်စရာအကောင်းဆုံးဆိုခုတော့လမ်းခုလတ်မှာလက်တွဲဖြုတ်ခဲ့ပီပေါ့နော်..

မင်းနဲ့မဆုံခင်အထိတို့ဘ၀ဟာသက်မဲ့တယောက်လိုအထီးကျန်ဆန်ခဲ့ရတယ်

မင်းနဲ့ဆုံတွေ့ပြီးမှမင်းရဲ့အချစ်တွေနဲ့ရှင်သန်ခဲ့ရတာပါ..မင်းကြောင့်တို့ဟာ

လူတွေကြားမှာရဲရဲဝံ့ဝံ့ရပ်တည်နိုင်ခဲ့သလိုမင်းလိုအပ်တဲ့အချိန်တိုင်းမှာ

ကူညီနိုင်ဖို့မင်းနားကတဖ၀ါးမကွာလိုက်ပါခွင့်ပေးခဲ့တာတွေကိုဘယ်လိုမှ

မေ့နိုင်မှာမဟုတ်ပါဘူး..အဲဒီအချိန်တွေဟာတို့ဘ၀အတွက်ပျော်စရာ

အကောင်းဆုံးအချိန်တွေပါပဲ..မင်းနဲ့အတူလက်တွဲပြီးမင်းရဲ့ပျော်ရွှင်ခြင်း

ဝမ်းနည်းခြင်းတွေကိုအတူတူမျှဝေခံစားခဲ့ကြတယ်နော်..မင်းအမှောင်

တောထဲရောက်နေရင်မင်းအတွက်အလင်းရောင်ဖြစ်ခဲ့သလိုမင်းအေးစက်

နေချိန်တွေမှာလည်းမင်းအတွက်တို့ရဲ့အချစ်တွေနဲ့နွေးထွေးမှုပေးခဲ့တာတွေကို

မင်းမေ့သွားပြီလား?တကယ်တော့တို့ဟာမင်းအတွက်ရှိသမျှအားလုံးကို

ပေးဆပ်ပြီးချစ်ခဲ့တာပါခုဆိုတို့ရင်ထဲမှာမင်းအတွက်ပေးဆပ်ရလွန်းလို့

ဘာမှမရှိတော့ပါဘူး..တို့ရင်ခွင်တခုလုံးဟင်းလင်းပြင်ကြီးဖြစ်နေပါပီ..

ဒီလိုအခြေအနေတွေကိုကြိုတင်ရိပ်စားခဲ့ပေမယ့်အိပ်မက်တွေထဲက

ရုန်းမထွက်နိုင်ခဲ့ဘူးတချိန်မှာမင်းတို့ကိုစွန့်ပစ်ခဲ့မယ်ဆိုတာသိပေမယ့်

မ၀ံ့မရဲနဲ့မျှော်လင့်ခဲ့မိတယ်လေ..တို့ဟာမင်းအနားမှာနေခွင့်မရှိတော့ရင်တောင်

တို့ကိုအမှတ်တရရှိနေမယ်ဆိုရင်ကြေနပ်ပါပြီ..ခုတော့စိမ်းကားရက်စက်စွာနဲ့

လမ်းခွဲခဲ့ပြီပေါ့နော်..အေးပေါ့လေ..မင်းအတွက်အစားထိုးစရာအခြစ်တွေက

ပေါများနေတော့လဲတို့ကိုဘယ်တန်ဖိုးထားပါ့မလဲ..မင်းအတွက်တို့ဟာ

ဘာမှမဟုတ်ခဲ့ပေမယ့်တို့အတွက်တော့မင်းဟာအရေးအပါဆုံးသူအဖြစ်

အမှတ်ရနေမှာပါ..အခြစ်သစ်တွေနဲ့ပျာ်ရွှင်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်

လမ်းမကြီးရဲ့ဘေးထောင့်လေးတနေရာကလွမ်းဆွေးနေရတဲ့

                           မင်းရဲ့တချိန်က မီးခြစ်တလုံး


(မှတိချက်)...မီးခြစ်တလုံး၏ငိုရှိုက်သံကိုအီးယောင်ဝါးခံစားရေးဖွဲ့ပါသည်။