လွှတ်တော်အထက်ဆီမျှော်လိုက်ပြန်တော့ အမတ်တွေဟာလေ လေတွေပွား ကြွားတ
လူလူဝေ လွှတ်တော်အောက်ဆီမျှော်လိုက်ပြန်တော့ အကြံတွေ၊အဖန်တွေ အမြဲတမ်းဝါး
ရဖို့လေ..နေပစေ..ပြည်သူတွေအတွက်တော့ မထုတ်၊မ၀ံ့၊မပြောဝံ့နိုင်ပေ..သတ္တိကြောင်
ပြောင်ပြောင်ပဲ..ဖွတ်မွဲကောင်းတို့ လက္ခဏာညီပေ..
"ဟေ့..ဖိုးသိကြား ဘာတွေဆိုနေတာလဲကွ"
"ဟာ..ဘကြီး..ဘာရယ်မဟုတ်ပါဘူးဘကြီး..မိုးအေးအေးနဲ့သီချင်လေးညည်းနေတာပါ"
ကျနော်ဖိုးသိကြားတယောက် လာနီးညားဆိုတဲ့ ရာသီဥတုဒဏ် ကို ခံနိုင်ဖို့အတွက် ရေနွေး
ကြမ်းပူပူကိုသောက်လိုက် လက်ဖက်သုတ်လေးစားလိုက်ဖြင့် ဇိမ်ကျနေစဉ် ကျနော့် ဘကြီး
ဖြစ်သူ ရောက်ရှိလာသဖြင့် နေရာထိုင်ခင်းပေးလိုက်လေသည်။ကျနော့်ဘကြီးမှာ နေပြည်
တော်တွင်နေသူဖြစ်သည်။ ကျနော်လည်း ဘကြီးအားစချင်သဖြင့်..
"ဘကြီးတို့များ နေပြည်တော်မှာနေရတယ်ဆိုပြီး မန်တက်နေတာပေါ့လေ..။ကျနော်တို့လို
တောရပ် ရန်ကုန်ဇနပုဒ် ကို လာတောင်မလာတော့ဘူး"
"ဟေ့ကောင်..တော်စမ်းပါကွာ.မင်းလဲငါ့အကြောင်းသိရဲ့သားနဲ့.ငါတို့ဆီမှာ နေပြည်တော်လာ
တည်ကတည်းက မျက်စိတွေ နောက်နေတာ..။တောက်..ငါ့အသက်ကြီးသွားလို့ပေါ့ကွာ.
ငယ်ငယ်ရွယ်ရွယ် ဖြတ်ဖြတ်လတ်လတ်ဆို ဟိုမင်းတို့ဆီက ဟိုတယောက်လုပ်သလို လုပ်
တာကြာဘီ"
"ဘယ်တယောက်ကိုပြောတာလ.ဘကြီးရဲ့"
"သြော်..ဟိုတလောက မင်းတို့ဆီမှာ မြို့တော်ဝန်ဘယ်သူ အောင်ပိန်းမြင်း ဆိုလား"
"အောင်သိန်းလင်းပါ ဘကြီးရဲ့"
"အေး..အဲဒီကောင်ကို လုပ်သလို.လုပ်တယ်ပြောတာ."
"ဘာလဲ..ဘကြီးရဲ့ မရှင်းမလင်း"
"မင်းကလဲ ခေတ်လူငယ်လုပ်ပြီးဒါလေးတောင် သဘောမပေါက်ဘူး..ချီးထုတ်နဲ့ ပစ်တာကို
ပြောတာဟေ့..လခွီး..မောတယ်.."ဟုဆိုကာ ရေနွေးကြမ်းအား တဖူးဖူးမှုတ်သောက်နေတော့၏
"ဟား..ဟား.ငါ့ဘကြီးကတော့လေ..စိတ်လျော့..စိတ်လျော့.ဒေါသကိုထိန်းမှပေါ့.ဘကြီးရယ်"
"တခြားနေရာမှာ ထိန်းလို့ရချင်ရမယ်။ ဒီကောင်တွေနဲ့ ပတ်သက်လာရင် မရဘူးကွ။ ဒီကောင်တွေ
ကို မြင်တာနဲ့ အဲဒီနေ့က ကျက်သရေကို မရှိတော့ဘူး၊ ခုလည်း တို့ဆီမှာ လွှတ်တော်ခေါ်ဖို့ဆိုပြီး
ပြင်ဆင်နေကြလေရဲ့။ မကြာခင် ရောက်လာကြတော့မယ်လေ.အငတ်တွေ..ငါကတော့ အမတ်
လို့မမြင်ဘူး..အငတ်လို့ပဲ မြင်တယ်.။ဒီကောင်တွေကို မြင်ရရင် အကုသိုလ်များလို့ ခုထဲက ထွက်
လာတာ။ရန်ကုန်လည်း မရောက်တာကြာဘီဆိုတော့."
"အင်းဟုတ်တယ်..ဘကြီးရဲ့..ခုဆို ကျနော်တို့ဆီက အမတ်တွေတောင် လွှတ်တော်တက်ဖို့ ခုက
တည်းက ကြိုတင်ပြင်ဆင်နေကြလေရဲ့..ဘကြီးကိုလက်တွေ့ပြမယ်.လာ.."
ဟုဆိုကာ ပြတင်းပေါက်ဆီသို့ ခေါ်သွားလေသည်။ ပြတင်းပေါက်မှကြည့်သော် တဖက်ခြံမှ
လွတ်တော်အမတ်အဖြစ် ရွေးချယ်ခံထားရသော ဦးဖိုးခွေးဆိုသူမှာ လေ့ကျင့်ခန်းလုပ်နေသည်
ကို တွေရလေ၏။ ထူးဆန်းသည်မှာ ၎င်းလုပ်နေသော လေ့ကျင့်ခန်းမှာ လက်ခုပ်တီးလိုက်၊ခေါင်း
ညိတ်လိုက်၂မျိုးသာဖြစ်၏။ ထုအခြင်းအရာကိုမြင်သောအခါ ဘကြီးမှ မျက်နှာကို ရှုံ့တွပြီး..
"သောက်ခွေး..ဘာများလဲလို့။ ဒါလေးများ လူတိုင်းလုပ်တတ်တတာပေါ့ကွ"
"ဟုတ်တယ်လေ.ဘကြီးကလဲ..ခုအမိန့်ထုတ်ထားတယ်လေ.လွှတ်တော်ထဲမှာ လွှတ်လပ်စွာပြော
ခွင့်မရှိ။ သူတို့ မကျေနပ်ရင် ထောင်ဒဏ်အထိ အပြစ်ပေးအရေးယူမှာဆိုတော့ ခုထဲက အကျင့်
ဖြစ်အောင် လေ့ကျင့်ခန်း ဆင်းနေကြတာပေါ့"
"ဟွန်း.ဒီလိုဆိုရင် မင်းတို့လွှတ်တော်ကြီးက ပုတ်သင်ညိုလွှတ်တော်ကြီးပဲ။ ခေါင်းညိတ်တတ်ရင်
အမတ်လုပ်လို့ရဘီပေါ့.ဟုတ်လား?"
"ဟုတ်တာပေါ့..ဘကြီးရဲ့"
"ဒီလိုဆိုတော့ ငါပုံပြင်လေးတပုဒ်ကို သွားသတိရတယ်"
"ဘာပုံပြင်လဲ..ဘကြီး.ပြောပြပါလား"
အေး..ပြောပြမယ်..လာရေနွေးကြမ်းသောက်ရင်းနဲ့ ပြောကြတာပေါ့
သို့ဖြင့်ကျနော်တို့လည်း ရေနွေးကြမ်းဝိုင်းဆီသို့ ပြန်လာထိုင်လေ၏။ဘကြီးက ရေနွေးကြမ်းတ
ခွက်သောက်ပြီးနောက် ဆေးပြင်းလိပ် တလိပ်ကို မီးညှိဖွာရှိုက်လိုက်ရင်း ပုံပြင်အားပြောပြလေ
တော့သည်။
"ဒီလိုကွယ့်..ဟိုးရှေးရှေးတုန်းကပေါ့..."
တခါက တောအုပ်တခုတွင် သတ္တ၀ါပေါင်းစုံ နေထိုင်ကြလေ၏။တနေ့မှာ ဖွတ်များထဲမှ အကြီး
အကဲခေါင်းဆောင် တကောင်က ဤသို့ အကြံဖြစ်၏။ အင်းငါတို့ ဖွတ်မျိုးတွေ နောင်ရေးကောင်း
စားအောင်ကြံစည်မှပဲ။ခုဆို ငါတို့ကို ဖွတ်တွေဆိုတော့ ကျန်တဲ့တရိစ္ဆာန်တွေက သိပ်မလေးစား
ကြဘူး။ဒီတော့အားလုံးလေးစားအောင် လုပ်မှပဲဟုတွေးကာ ဖွတ်အပါင်းအားခေါ်ယူကာ ၎င်း၏
အကြံအစည်ကိုပြောပြလေသည်။ ကျန်ဖွတ်များမှလည်း ၎င်းတို့ ဖွတ်မျိုးဖွတ်နွယ် များကောင်း
စားမည့်အရေး ဖြစ်သဖြင့် အာလုံးကသဘောတူ ကြလေသည်။ ၎င်းတို့အကြံအစည်မှာ ဖွတ်အ
ကြီးအကဲမှ မိကျောင်းသားရည် ကိုခြုံ၊မိကျောင်း အဖြစ်ဟန်ဆောင်လျက် အခြားသတ္တ၀ါများ
(ရေနေနှင့်တွင်းအောင်း)အပေါ်တွင် အနိုင်ယူ အုပ်ချုပ်ရန်ဖြစ်သည်။
ဤသို့ဖြင့် မိကျောင်းသားရည်ရရှိရန်အတွက် အမြဲတမ်း အ့ကွက်ချောင်းနေရာတနေ့သ၌ မိ
ကျောင်းတကောင်သည် အရေခွံချွတ်ကာ ရေချိုးနေခိုက် ဖွတ်များမှ ထိုအရေခွံအား ခိုးယူ
ထွက်ပြေးကာ ဖွတ်အကြီးအကဲထံသို့ ပေးအပ်လိုက်လေသည်။(ပုံပြင်ဖြစ်သဖြင့် မိကျောင်း
ရေခွံ ချွတ်လို့ရသည်ဟုမှတ်လေ)
ထိုအခါ ဖွတ်များမှ တောထဲရှိ ရေနေသတ္တ၀ါများ နှင့် တွင်းအောင်းသတ္တ၀ါများကို ခေါ်ယူကာ
ယခုအခါ မိမိတို့ကို ဦးဆောင်ဦးရွက် ပြုမည့် မိကျောင်းတကောင် ရောက်ရှိနေပြီ ဖြစ်ကြောင်း
အဆိုပါမိကျောင်း မှ အားလုံးကိုခေါ်ယူ၍ ညီလာခံသဘင် ကျင်းပကာ စည်းမျဉ်းစည်းကမ်းများ
ထုတ်မည် ဖြစ်ကြောင်း ၎င်းစည်းမျဉ်းစည်းကမ်းများ အတည်ပြုရန်အတွက်လည်း ကိုယ်စား
လှယ်များ ရွေးချယ်ပြီးဖြစ်ကြောင်း ပြောပြကြလေသည်။သတ္တ၀ါအပေါင်းမှာလည်း မကြုံဖူး
သေးသည့် ညီလာခံကို စိတ်ဝင်တစားဖြင့် စောင့်မျှော်နေကြလေ၏
ဤသို့ဖြင့် ဖွတ်များဦးစီးသော ညီလာခံလွှတ်တော်(ဖွတ်တော်)ကျင်းပမည့် ရက်သို့ ရောက်ရှိ
လာကြလေသည်။ မိကျောင်းသားရေ ခြုံထားသော ဖွတ်မင်းကြီးမှာ လည်း မိကျောင်းမင်း
ဟန်ဆောင်လျက် ဟန်ရေးပြနေသည်။ ထို့နောက် ဖွတ်များမှရှေ့ဆုံးမှ နေရာယူကြလေသည်။
ထိုအချိန်တွင် ကိုယ်စားလှယ်ဆိုသူများ နေရာယူကြရန် ပန်ကြားပါသည်ဆိုသော အခမ်းအနား
မှူးမှ ကြေငြာလိုက်သောအခါ ကိုယ်စားလှယ်များ ၀င်ရောက်လာကြလေ၏။ ထိုကိုယ်စားလှယ်
ဆိုသူများကို ကြည့်လိုက်သောအခါ အားပါးပါး..ပုတ်သင်ညိုများပါတကား..ထိုထို ပုတ်သင်ညို
များမှာလည်း ပတ်ဝန်းကျင်ကို လိုက်၍ အရောင်ပြောင်းလဲတတ်သည့် အလျောက် တောက်
တောက်ပြောင်ပြောင်ဖြင့် ဖြစ်နေကြလေသည်။
ထို့နောက် မိကျောင်းယောင်ဆောင်သော ဖွတ်ကြီးမှာ အပေါ်မှကြောင်ကြောင်ကြားကြား ၀တ်
ရုံကြီးကို ခြုံကာဖြင့် စင်ပေါ်တွင် နေရာယူကာ သြ၀ါဒစကား ပြောကြားလေသည်။ ထို့နောက်
ကြောင်ကြောင်ကြားကြား ၀တ်ရုံဝတ်ထားသော ဖွတ်ကြားကြီးမှ ၎င်းတို့ ဖွတ်မျိုးဖွတ်နွယ်နှင့်
အပေါင်းအပါများ ကောင်းစားစေမည့် ဥပဒေများကို တင်ပြ။ အောက်မှ ဖွတ်များနှင့် ၎င်းတို့
မျိုးနွယ်တူ ပုတ်သင်ညိုများ မှ ခေါင်းတညိတ်ညိတ် ဖြင့်ထောက်ခံကြရင်း ဥပဒေများ ရေးဆွဲ
ကြလေသည်။ ထိုအထဲတွင် ဖားသတ္တ၀ါများကလည်း ဖွတ်ဖင်ဖားလျက်..ဖွတ်ဖင်ဖားလျက်
ဟူသော အသံများဖြင့် သြဘာပေး ထောက်ခံကြသည်ကိုလည်း တွေ့ရပေသည်။
ထိုသို့ ညီလာခံကြီး ကျင်းပနေစဉ် အနောက်ဖက်မှ မိကျောင်း၂ကောင် ရောက်ရှိနေသည်
ကို ဖွတ်ကြားကြီးမှ သတိမမူမိပေ။ အဆိုပါမိကျောင်း ၂ကောင်မှာ မိကျောင်းရေအခိုးခံ
လိုက်ရသော မိကျောင်းလေး၏ မိဘများဖြစ်သည်။ အဆိုပါမိကျောင်းလေးမှာ မိမိ၏ မိကျောင်း
ရေ ခိုးယူခံရသောအခါ ရှက်လှသဖြင့် အိမ်မပြန်ရဲပေ။ ထိုအခါ ဖွတ်မိကျောင်းဖြစ် မြစ်မင်း
မချမ်းသာဆိုသကဲ့သို့ မြစ်စောင့်နတ်မင်းမှ မိကျောင်းငယ်လေး၏ မိဘ ၂ပါးကို အလုံးစုံရှင်း
ပြကာ ဖွတ်သဘင်ဆင်ယင်ကျင်းပရာနေရာသို့ လမ်းညွှန်လိုက်သဖြင့် ယခုကဲ့သို့ ရောက်ရှိ
လာခြင်းဖြစ်သည်။
ထိုသို့ ဖွတ်ကြားကြီးတို့ ဖွတ်အောင်ပွဲ ကျင်းပနေသောအခိုက် မိကျောင်း ၂ကောင် စင်ပေါ်
တက်ရောက်လာပြီး
ဟေ့..မိကျောင်းယောင်ဆောင်တဲ့ ဖွတ်ကြား ငါတို့ရဲ့ မိကျောင်းရေကို ပြန်ပေစမ်း ဟုဆိုကာ
ဖွတ်ကြား ကြီးအားပြောဆိုလိုက်ရာ ထိုဖွတ်ကြားကြီးမှာ ကြောက်လန့်တကြီးဖြင့် မိကျောင်း
ရေကို ချွတ်ကာ ပြေးလေတော့သည်။ ထိုအခါ အကြောင်းစုံသိရှိသွားသော သတ္တ၀ါအပေါင်း
တို့က ဖွတ်ကြားကြီးနဲ့ တကွ ဖွတ်အပေါင်းတို့အား ၀ိုင်းဝန်းတိုက်ခိုက်ကျရာ နောက်ဆုံးတွင်
ဖွတ်မျိုးများ ကြောက်လန့်ကာ လူနေသောရွာများသို့ ထွက်ပြေးကြကုန်၏။ ထိုအခါ ရွာသူ
ရွာသားများမှလည်း ဟေ့..ဖွတ်တွေရွာထဲဝင်လာဘီ.လက်မခံကြနဲ့.ဖွတ်တက်ရင် ရွာနာတယ်
အကုန် ရိုက်ထုတ်ကြဟေ့..ဟုဆိုကာ ၀ိုင်းဝန်းရိုက်ထုတ်ကြလေရာ နောက်ဆုံးတွင် ရွာထဲလည်း
ဝင်မရ တောထဲလည်း မပြန်နိုင်ကြသော ဖွတ်များမှာ အစာငတ်ရေငတ်ဖြင့် သေဆုံးကာ ဖွတ်
မျိုးတုန်းသွားကြလေတော့သတည်း...
"အဲဒါပဲကွယ့်..ဘကြီးပြောတဲ့ မိကျောင်းယောင်ဆောင်သောဖွတ် ဆိုတဲ့ပုံပြင်."
"ဟား.ဟား..ဂွတ်တယ်..ဘကြီးရာ"
"ခုလဲ.ဒီလိုပဲလေ..ကိုယ့်အစွမ်းအစနဲ့ ရထားတာမဟုတ်ဘဲ မတရားရရှိထားတဲ့ မဲတွေနဲ့ ပြည်
သူတွေကို လိမ်ညာဖို့ လုပ်နေကြတဲ့ ကြံ့ဖွတ်တွေဟာလဲ မိကျောင်းယောင်ဆောင်ထားတဲ့
ဖွတ်ကြားတွေပဲပေါ့..သူတို့ကို ထောက်ခံမယ့် အမတ်တွေဟာလည်း ပုတ်သင်ညိုတွေပဲပေါ့
သူတို့ ရဲ့ လွှတ်တော်ကြီးဟာလည်း ဖွတ်ကြားကြီးနဲ့ ပုတ်သင်ညိုလွှတ်တော် လို့ပဲ ခေါ်ရတော့
မှာပေါ့..ဘကြီးလည်း ဖွတ်တွေတက်လာမယ့် နေပြည်တော်မှာ မနေချင်တာနဲ့ ဒီကိုဆင်းလာ
ခဲ့တာပေါ့..ကဲ..ကဲ..ပြောရတာလည်းမောဘီ..ငါလည်းခရီးပမ်းလာတယ်..တရေးလောက်အိပ်
လိုက်ဦးမယ်.."ဟုဆိုကာ အခန်းတွင်းသို့ ၀င်သွားလေတော့သည်။
ကျနော့်မှာတော့ ဘကြီးပြောတဲ့ ပုံပြင်လေးကို စဉ်စားရင်း ဖွတ်ကြားကြီးနဲ့ ပုတ်သင်ညိုလွှတ်
တော်..ဖွတ်ကြားကြီးနဲ့ ပုတ်သင်ညိုလွှတ်တော် ဟု အထပ်ထပ်ရေရွတ် နေမိပါတော့သတည်း။
ဖွတ်မျိုးဖွတ်နွယ်များ ကောင်းစားမည့် ပုတ်သင်ညိုလွှတ်တော်ကြီးအား မကြိုဆို ရုတ်ချလျက်..
အားလုံးကို ချစ်ခင်လေးစားသော..ဖိုးသိကြား (၁၈-၀၁-၁၁)
အာဏာရှင်စနစ် ကျဆုံးပါစေ..
မြန်မာပြည်သူများ စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံး လွတ်မြောက်ပါစေ။။။
ဖိုးသိကြား စိတ်ကူးရေးဖွဲ့သည်။