အခုတခါ ကြားရပြန်ပြီ
ရွယ်စူးသည်က ပြည်သူတတွေ
ရောက်လေဒုက္ခ ဆင်းရဲကြဖို့
သူတို့ကြံဆောင် ဖန်တီးပြန်သည်
တိုင်းပြည်အရေး ဆင်ခြင်တွေးသော်..
စစ်ခွေးတသိုက် အကြိုက်ပြုကာ
မှုမထားပဲ များလူဆန္ဒ
မထောက်မမျှော် စစ်သည်အမှု
ထမ်းဆောင်ပြုရန် ပြဌာန်းလေပြီ...
မတရားမှု ရှေ့တန်းပြုကာ
နေရာတကာ ဖိနှိပ်တာက
ရဟန်းတော်ပင် မချန်စတမ်း
ဥဒါန်းမကြေ နာကျည်းလေခဲ့...
ပရကိုရှောင် သယ်ပိုးဆောင်ရွက်
ဒေ၀ဒတ်သား အာဏာရှင်ကား
အားလုံးအတွက် ရန်သူမှတ်လို့
ဆန့်ကျင်ကန့်ကွက် ရှေ့သို့ဆက်မည်...
ကျင်ကြီးသဖွယ် မစင်ကြယ်မှု
ကန့်သတ်ပြုမည့် ဥပဒေကား
ကွက်ကြားမိုးနှယ် မျှဖွယ်မမြင်(လို့)
ပါဝင်ဆန့်ကျင် ကန့်ကွက်ပါစို့
သည်ချိန်ခါမှ စတင်လို့...
အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအား ဆန့်ကျင်ကန့်ကွက်ပါသည်။
အားလုံးကို ချစ်ခင်လေးစားသော..ဖိုးသိကြား (၁၁-၀၁-၁၁)
အာဏာရှင်စနစ်ကျဆုံးပါစေ...
မြန်မာပြည်သူများ စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံး လွတ်မြောက်ပါစေ။။။
ဖိုးသိကြား ခံစားရေးဖွဲ့သည်။