Monday, January 10, 2011

သာလွန်မင်းတော့ သာလွန်မင်းပါပဲ


သတ်မတော် အင်အားချိမှ တိုင်းပြည်အင်အားရှိမည်...သတ်မတော်အင်အားချိမှ တိုင်းပြည်
အင်အားရှိမည်တုပ်..ခွက်..တုပ်.တုပ်..ခွက်..

ခမ်းနားစည်ကားလှသည့် နန်းတော်ကြီးတည်ရှိသော နေပြည်တော်ကြီးနှင့် အလွန်တရာ
ဝေးကွာလှသော အရပ်ရှိ ရန်ကုန်ဟုခေါ်ဆိုသော ရွာသိမ်ဇနပုဒ်ကျေးရွာလေး တရွာရှိ လမ်း
တခုပေါ်တွင်ဖြစ်သည်။ အရွယ်ကောင်းကောင်း သူဖုန်းစား တယောက် သည် အထက်ပါ
အတိုင်းသီချင်းသီဆိုလျက် တောင်းရမ်းစားသောက်နေသည် ကိုတွေ့ရပေသည်။လက်ထဲမှာ
လည်းဝါးကျည်တောက် ကိုကိုင်ကာ စီးဝါးလိုက်လျက် ရှိပေ၏။ထိုစဉ် ရမ်းကားရှင်ဟု ခေါ်ဆို
ရမည်လား..ကြံ့ဖွတ်ဟုခေါ်ဆိုရမည်လား မသိသော လူတယောက်ရောက်လာပြီး..

"ဟေ့လူ..သီချင်းကို ဘယ်လို ဆိုနေတာလဲ..ဘာသတ်မတော်အင်အားချိမှ တိုင်းပြည်အင်အား
ရှိမည်လဲတပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် လုပ်စမ်းပါ"

"အင်းလေ.ကျနော်လည်း အဲလိုပဲဆိုတာလေ..သတ်မတော်အင်အားချိမှ တိုင်းပြည်အင်အား
ရှိမည်"

"ဟေ့ကောင်..မင်းဆိုတာ..သတ်မတော်အင်အားချိမှ ဖြစ်နေတယ်"

"ကျနော်က ဂျကား အပီလို့ပါဂျ"

"ဒါဆို နောက်က တိုင်းပြည်အင်အားရှိမည်ကျတော့ ဘာလို့ပီတာလဲ.."

"အဲ..ကျနော်က စစခြင်းဆို အပီဘူးဂျ..နောက်ကျရင် ပီတွားရော.သတ်မတော်အင်အားချိမှ
တိုင်းပြည်အင်အားရှိမည်.သတ်မတော်..တော်.."

"ဟေ့ကောင်..တော်တော့..နေစမ်းပါဦး..မင်းအသက် ဘယ်လောက်ရှိဘီလဲ"

"အချိတ်ရှိဘီ..အချိတ်"

"ဘာအချိတ်လဲ.ကောင်းကောင်းပြော"

"ဟာ..အချိတ်လေဂျာ.. နှစ်ချယ့်ငါး..တိဘူးလား?ခင်ညားကဘူလဲဗျ..လူကိုဟောက်လား
ငေါက်လားနဲ့"

"ဟေ့ကောင်..ငါကနယ်နယ်ရရဟုတ်ဘူးကွ..ခုဒီနိုင်ငံကို အုပ်ချုပ်နေတဲ့ အငတ်တွေ.အဲလေ
ယောင်လို့အမတ်တွေရဲ့ အားထားရတဲ့ လက်ကိုင်တုတ်လက်မရွံ့ ရမ်းကားရှင်..အဲ..စွမ်းအားရှင်
မိုက်ကယ်လေးကွ...ဒါနဲ့ မင်းစစ်မှုထမ်းပီးဘီလား?"

"ဟာဂျာ..အတော်နောက်တဲ့မိုက်ကယ်ခွေး"

"ဟေ့ကောင်မိုက်ကယ်လေးကွ.ခွေးမဟုတ်ဘူး..မိုက်ကယ်လေး"

"ဟုတ်ပါတယ်.အနော်ကလဲ မိုက်ကယ်ခွေးလို့ပဲခေါ်တာပါ"

"မင်းကလဲစကားကို ပီချင်ပီလိုက်.မပီချင်မပီလိုက်နဲ့.ငါမေးတာပဲဖြေ..မင်းစစ်မှုထမ်းပြီးဘီလား
မထမ်းရသေးရင် ငါမင်းကိုခေါ်သွားရလိမ့်မယ်"

"ဟာဂျာ..ကိုခွေးကလဲ.ဂျနော်လိုခြေတို လက်တို အကုန်တိုနေတဲ့သူက စစ်တပ်ထဲမှာ ဘာအ
သုံးဝင်မှာလဲဂျ..တော်ကြာ ပဒုမပေါင်တို ဂျတ်ထဲကလို မိဖုရားကြီးနဲ့ ဂျတ်လမ်းဖြစ်သလို ဟိုက
တော်ကြီးတွေနဲ့ ဂျတ်လမ်းဖြစ်သွားမှ ခေါ်လာတဲ့ ခင်ညားပါ ဒုတ်ကောက်ရောက်နေမယ်နော်.."

"ဟေ..ဟုတ်သား.တော်ဘီ..ဒါဆိုမင်းကို မပို့တော့ဘူး..သွားတော့ ဟုဆိုလိုက်ရာ အဆိုပါ
သူတောင်းစားမှာ သီချင်းဆိုရင်း ဆက်လက်ထွက်ခွာသွားလေတော့သည်။..သတ်မတော်
အင်အားချိမှတိုင်းပြည်အင်အားရှိမည်

နေပြည်တော်ရှိ အစည်းအဝေးခမ်းမထဲတွင် စစ်အကြီးအ့ကဲ ခါင်းဆောင်များ စည်းဝေးပွဲပြုလုပ်
နေ၏ဖိုးရွှေကြီးမှ ဘယ်လိုလဲကွ.တို့ပြဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေအပေါ် "ပြည်သူတွေ
ဘယ်လိုသဘောထားကြလဲ.."ဟုမေးလိုက်ရာ ဗိုလ်ရှုပ်ကြီးသူရလေပန်းမှ ရှေးဦးစွာဖင်ပြရာ..
အဲ..တင်ပြရာ

"ဟုတ်ကဲ့.အဲဒီဥပဒေ ပြဌာန်းလို့ခုဆိုရင် ရွာသာကြီးမှာ အရူးတွေများလို့ ထပ်မံတိုးချဲ့နေရပါတယ်..
သုံးသတ်ပြီး လေးပါတ်ရမယ် ဆိုပါက..အဲဟုတ်ပေါင်.သုံးသပ်လေ့လာရပါက ခါတော်မီအရူးတွေ
ဖြစ်ပါတယ်..ဘာတဲ့သူတို့သူတို့ ရွတ်နေကြတဲ့ ကဗျာရှိပါတယ်...

ချီးပုံး၊သေးပုံး..မဆုံးနံလှ..ဘုန်းသုညဖြင့်..အုပ်ချုပ်ပြန်လစ်..အဓ္ဓမခေတ်ဝယ်..
ဖြစ်လာရလေ.တို့တတွေသည်..ရူးသော်မှသည်သြော်ကောင်း၏..တဲ့..

ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေကြတာ ဖြစ်မယ်.."

"ဟေ..အရူးတွေကတမူးသာနေပါလား.တို့တွေကိုချီးတုတ်၊သေးတုတ်.နံသလေးဘာလေးနဲ့
ဘုန်းသုညဆိုတော့ ဘုန်းမရှိဘူး ဆိုတဲ့သဘောလား..အဲဒီကဗျာဆိုတဲ့ အရူးတွေကို တိုက်ပိတ်၊
အစာဖြတ်ကွာ..ငါ့အမိန့်.."

"နည်းနည်းလေးသတ်တာမလောက်လို့..များများကြီးသတ်ပါဦးလို့..ဒီလိုသတ်တဲ့ငနဲ ကိုနာမည်
တခုတော့ပေးမယ်.ငရဲသား..ကိုကိုသန်းရွှေ..ဒီလိုအမြဲ တို့ကတော့ခေါ်မှာပဲလေ..ထာဝစဉ်လေ
မင်းကြိုက်သလို ညစ်တယ်.မင်းကြိုက်သလို ညစ်တယ်..ညစ်တယ်..ကိုကိုသန်းရွှေ..အိုး.ကိုကိုး
သန်းရွှေ..ဒန်..တန်..ဒန့်..တန်..အိုး.."

အထက်ပါသီချင်း သီဆိုကာ ရှောက်သီးဆေးပြားရောင်းနေသော ဖုန်းကညာတပါးလုံးရာကပြား
နေသော အချော်တကောက် နားတွင် ကလေးငယ်များ ၀ိုင်းလျက်ရှိပေသည်။

"လာနော်ဒီမှာ.အ်ာခြောက်ရောင်းတဲ့ ရှောက်သီးဆေးပြား..သီချင်းတွေလဲဆိုပြမယ်လေ..
တိလားဟင့်..ဟယ်..အဆင်လေးတော့..လာကိုကို.မီးတို့ကိုပဲအားပေးနော်..မီးတို့က အော်
ခြောက်တွေ..အင်ခြောက်တွေဟုတ်ဘူး.ဟင့်.."ဟုဆိုကာအနီးရှိ ကာလသားများကို မြူဆွယ်
ကာရှောက်သီးဆေးပြားရောင်းနေကြသည် ကိုတွေ့ရပေသည်။

ထိုအခါ ကာလသားတဦးက..
"ဘာလဲကွ..အော်ခြောက်နဲ့ အင်ခြောက်ဆိုတာ.."

"ဒီလိုလေ..ကိုကိုရဲ့.အော်ခြောက်ဆိုတာ မီးတို့လို သေမှာမကြောက်လို့ ပေတရာလျှောက်နေတဲ့
ကဘေကမ္ဘာ က အခြောက်တွေကို အော်ရီဂျင်နယ်ခြောက်(အော်ခြောက်)လို့ ခေါ်တယ်။
ဟောဟိုက စစ်မှုမထမ်းချင်လို့ ခြောက်ချင်ယောင်ဆောင်နေတဲ့သူတွေကိုတော့ အင်မီတေးရှင်း
ခြောက်(အင်ခြောက်)လို့ခေါ်တယ်.."

ထိုအခါ.ခပ်လှမ်းလှမ်းတွင် ကနွဲ့ကရဖြင့် ခြောက်နေကြသောသူများ ကိုကြည့်လိုက်ရာ..
အလိုလေး..ညည..ကလပ်တွေတက်အရက်တွေပက် နေတဲ့ လူချီးသားသမီးတွေပါလား..ထိုထို
သကောင့်သားများမှာ စစ်မှုမထမ်းလို၍ ဟန်ဆောင်ခြောက်နေကြရာမှ ယခုတကယ်ပင် ခြောက်
ချင်နေကြဘီဖြစ်၏

စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းပြီးနောက် ပြည်သူများမှာ အတော် ဒုက္ခရောက်ကြရသည်။
အထူးသဖြင့် အခြေခံလူတန်းစားများမှာ ပို၍အထိနာကြ၏။ လူခွဲမရှိ သားတယောက်သာရှိ
သောဘကြီးမှုန်တို့ လင်မယားမှာ ၎င်းတို့သားစစ်မှုထမ်းနေရသဖြင့် ၎င်းတို့ကို ပြုစုစောင့်
ရှောက်မည့်သူ မရှိတော့ပေ။ ရပ်ရွာမှ ၀ိုင်းဝန်းစောင့်ရှောက်မှုနဲ့ အသက်ဆက်နေကြရသည်။
ကိုရင်သာအေးမှာလည်း စစ်ထဲလိုက်ရသဖြင့် မိန်းမနှင့် မွေးကင်းစခလေး မှာအားကိုးရာမဲ့..
ထိုသို့သော မိသားစုများမှာသူမကယ်နိုင် ငါ့မကူနိုင်ဖြင့် ဒုက္ခခံဖို့သက်သက် လူ့လောကသို့
ရောက်ရှိခဲ့ကြရသူများသဖွယ် ဖြစ်နေကြရလေသည်။ တချို့သော မျိုးချစ်လူငယ်များမှာတော့
နာကျည်းချက်များ ရင်ဝယ်ပိုက်ကာ စစ်အာဏာရှင်ကို ပြန်လည်တော်လှန်ရန် ရည်ရွယ်ချက်
များဖြင့် စစ်မှုထမ်းရန် ရောက်လာကြလေ၏..သို့သော် လက်တွေ့မှာတော့..

ယနေ့သည် စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းပြီးနောက် ပထမဆုံး ဖွင့်လှစ်သောစစ်သင်တန်း
ဖြစ်သည်။ ဂျပန်ပေးသောစစ် ပညာဖြင့်ဖက်ဆစ်ဂျပန်ကို ပြန်တော်လှန်ခဲ့ကြသည်ကို အားကျ
လျက် စစ်ထဲဝင်လာကြသော လူငယ်လူရွယ်များမှာ တက်ကြွနေကြလေ၏..သူတို့ရဲ့ စိတ်ထဲမှာ
တော့ လက်နက်အမြန်ကိုင်ကာ တော်လှန်တိုက်ပွဲ ၀င်လိုနေကြပြီဖြစ်သည်။ စစ်သင်တန်းမှူးမှ
၎င်းတို့၏ထုံးစံအတိုင်း တပ်မတော်က နိုင်ငံတော် ကာကွယ်ရေးတွင် မည်သို့မည်ပုံ ထမ်းရွက်ခဲ့
ကြောင်း ဂုဏ်လုပ်ပြောကြားသော်လည်း နိုင်ငံတော်ဖျက်စီးရေး တွင်မည်သို့မည်ပုံ ပြုမူခဲ့ကြောင်း
ကိုမူ လျစ်လျူပြုထားခဲ့လေသည်.ထို့နောက် တပ်မတော်သာအမိ၊တပ်မတော်သာအဖ ဖိုးရွှေကြီး
သာ အဘဟူ၍ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ကိုရှေ့တန်းတင်ပြောကြားသွားသော်လည်း

တပ်မတော်၏ ဖခင်အစစ်အမှန်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ကိုမူ သမိုင်းဖျောက်ကာ စကား
ဦးပင်မသန်း။ မျိုးချစ်လူငယ်များမှာ မကြိုက်သော်လည်းအောင့်ကာခံဆိုသလို ၎င်းတို့ပြော
စကားများကို နားကြားမြင်းကပ်သော်လည်း ရဲဘော်သုံးကျိပ်ထုံး နှလုံးမူလျက် အောင့်အီးကာ
သည်းခံနားထောင် နေရလေသည်။ထို့နောက်သင်တန်းကို စတင်လေသည်။ပထမတွင် အခြေခံ
စစ်သင်တန်းများကို ပို့ချလေသည်။ဤသို့ဖြင့် ရက်အတန်ကြာသော် လက်နက်ငယ်သင်တန်း
ဘာသာရပ်ပို့ချမည့်ရက်သို့ ရောက်ရှိလာချေ၏

မျိုးချစ်လူငယ်အားလုံးတို့သည် လက်နက်များကိုင်တွယ် လေံကျင့်ရတော့မည် ဖြစ်သဖြင့်
အထူး စိတ်လှုပ်ရှားနေကြသည်။ လက်နက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်ပစ်ခေတ်နိုင်ရန်
လည်း ကြိုတင် အားခဲထားကြ၏။ သို့မှသာ အာဏာရှင်တော်လှန်ရာတွင် အသုံးကျမည်ဖြစ်၏။
ထိုအချိန် မှာ သင်တန်းမှူးက

"ရဲဘော်တို့ အားလုံး လက်နက်တိုက်ကို လာခဲ့ကြ။လက်နက်တွေ တပ်ဆင်ပေးမယ်.."
ဟုခေါ်လိုက်သဖြင့်အားလုံး အားရ၀မ်းသာ ပြေသွားကြလေသည်။ လက်နက်တိုက်သို့ရောက်သော်

"ကဲ ကိုယ်ကြိုက်တဲ့လက်နက် တယောက်တခုယူကြ"ဆို၍ လက်နက်များယူရန် ၀င်လိုက်သော်အခါ

အားလုံးကြက်သေမကဘဲ ငှက်သေ၊ဘဲသေပါ သေကုန်ကြလေသည်။အဘယ့်ကြောင့်ဆိုသော်
သူတို့ပေးသောလက်နက်မှာ သေနတ်များမဟုတ်ဘဲ ပေါက်တူး၊တူရွင်း၊ဂေါ်ပြား၊ထွန်ခြစ်စသော
လက်နက်များသာ...

"ကျနော်တို့က သေနတ်ကိုင်ချင်တာ.ဒီဟာတွေကဘာလုပ်ရမှာလဲဗျ.."

"ဒါတွေနဲ့ မင်းတို့လမ်းဖောက်၊တံတားဆောက် တဲ့အလုပ်တွေလုပ်ရမှာပေါ့(အမှန်တော့ စစ်အာ
ဏာရှင်များ ခိုအောင်းရန် လှိုင်ဂူကြီးများတည်ဆောက်ရန်အတွက်)..နောက်တခုက စိုကပျိုးရေး
မွေးမြူရေး လုပ်ရမယ်။ အဓိကကတော့ ကြက်ဆူပင် စိုက်ပျိုးရေးပေါ့ကွာ..အဲဒါ အဘရဲ့ မင်းတို့ပေါ်
ထားတဲ့ စေတနာပေါ့.အားလုံး ကျေးဇူးတင်ကြ.ကဲ.ကဲ..ခါးတောင်းကျိုက်ပြီး မြောင်းနှိုက်ဖို့ ပြင်
ကြပေတော့.." ဟုဆိုကာ လက်နက်များတပ်ဆင်ပေးအပ်လိုက်လေတော့သည်။
မျိုးချစ်လူငယ်များမှာ မှန်းချက်နှင့်နှမ်းထွက်မကိုက်သဖြင့် အံ့ကြိတ်တောက်ခေါက်ရုံမှလွဲ၍
မည်သို့မှမတတ်နိုင်တော့ပေ။

အလွန်တရာမှ ယုတ်မာကောက်ကျစ်လှသော ဖိုးရွှေကြီး၏ အိမ်ထဲတွင်ဖြစ်သည်။ဖိုးရွှေကြီး
တယောက် တိုင်းပြည်အပေါ် တပါတ်ရိုက်နိုင်ခြင်းကို တွေးတွေးပြီး ပီတိတွေဝေလျက်ရှိသည်။
ပြီတီတီမျက်နှာပေးဖြင့် ရှိနေစဉ် သူရဲ့ရှေ့တွင် ဗြုန်းကနဲအသွင်သဏ္ဌန် တခုပေါ်လာလေ၏။

"အမလေး.ဒေ၀ဒတ်ကယ်တော်မူပါ"

"ဘာမှဒေ၀ဒတ် တမနေနဲ့..တဖြည်းဖြည်းနီးလာပြီ..တွေရဖို့"

"ဟယ်..အဒူလဲမှတ်တယ်..ဖိုးသိကြားကိုး..နေကန်းတယ်နော်"

"ဘာမှမျက်နှာချိုသွေးမနေနဲ့..သင်လုပ်ပုံကောင်းရဲ့လား.."

"ကောင်းပါတယ်..ဖိုးသိကြားရဲ့..ဘာလို့တုန်း"

"ဘာရူးချင်ယောာင်ဆောင်နေတာလဲ..သင်တို့ပြဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရဆိုတဲ့
ဥပဒေကြောင့် အားလုံး ဒုက္ခရောက်နေကြဘီ..ခုဆို အားလုံးမိဘတကွဲ၊မယားတကွဲ၊သား
တကွဲတွေ ဖြစ်ကုန်ကြဘီ..သင်တို့ဟာပြည်သူတွေရဲ့မျက်ရည်နဲ့ အာဏာကိုတည်ဆောက်
နေကြတဲ့သူတွေ"

"ဒီလိုတော့ မပြောပါနဲ့..ဖိုးသိကြားရယ်..ဒီလိုဆို စစ်ထဲမှာ တာဝန်ထမ်းဆောင်နေကြတဲ့
သူတွေကျ ဘယ်လိုပြောမလဲ..သူတို့လဲ မယားတကွဲ သားတကွဲပဲလေ.."

"ဒီမှာ ဖိုးရွှေ..သင်တို့စစ်တပ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေထဲမှာ နိုင်ငံတော်နဲ့
လူမျိုးကို တကယ်ချစ်တဲ့သူတွေ ဘယ်လောက်များပါလို့လဲ..အများစုက ရာထူးအာဏာနဲ့
အခွင့်အရေးဆိုတဲ့ မက်လုံးတွေကြောင့် လုပ်နေကြတာ မဟုတ်လား.တချို့ကတော့ နိုင်ငံ
တော်ကိုတကယ်ချစ်လို့ဆိုတာ ငါလက်ခံပါတယ်.အဲဒီ နိုင်ငံတော်ကို တကယ်ချစ်တဲ့ တပ်မ
တော်သားတွေသာ များပြားနေရင် သင်တို့စစ်ဏာရှင်တွေ ကျဆုံးတာကြာလှဘီ..ခုတော့
သင်တို့ရဲ့ မှိုင်းသွင်းမှုအောက်မှာ တပ်မတော်သားတွေဟာ သတ်မတော်သားတွေဖြစ်ကုန်ဘီ"

"စွတ်ဆွဲလှချည်လား.ငါ့စိတ်ထဲမှာတောင် ကျွတ်ကျဲသွားတယ်..အာဟ..အာဟ.."လုပ်နေသဖြင့်

"ကျွတ်ကျဲတာတွေ ဖွတ်မွဲတာတွေ.လာလုပ်မနေနဲ့..ဟုတ်တာပြောနေတာ"

"ဖိုးသိကြားကလဲ..ခုစစ်မှုမထမ်းမနေရ လုပ်လိုက်တော့.ပြည်သူတွေက စစ်တပ်အပေါ် ကိုယ်ချင်းစာ..စာ"

"တိတ်စမ်း..သင့်အကြံမသိရင်ခက်မယ်..စစ်မှုမထမ်းမနေရ ပြဌာန်းလိုက်တော့.သင်တို့ရဲ့ဝါဒ
မှိုင်းတွေကို တနေရာထဲမှာ တစုတဝေးထဲ ၀ါဒဖြန့်နိုင်မယ်။ပြည်သူတွေထဲက စစ်သားတွေဖြစ်တဲ့
အတွက် ပြည်သူတွေရဲ့ အာဏာရှင်ဆန့်ကျင်တော်လှန်ရေး တွေကိုအလွယ်တကူ သိရှိထိန်းချုပ်
နိုင်မယ်.ပြီးရင်အဲဒီစစ်တပ်နဲ့ပဲ ပြည်သူလူထုကို ပြန်လည်ထိန်းချုပ်ခိုင်းမယ်။အကယ်လို့ စစ်ပွဲဖြစ်
လာလို့ သင်တို့အတွက် အခြေအနေ မကောင်းတော့ရင် အဲဒီစစ်သားတွေကို အကာအကွယ်
ယူပြီး သင်တို့ကတော့လွတ်ရာလွတ်ကြောင်းပြေးကြမယ်။

ပြီးတော့ နိုင်ငံတော်တည်ဆောက်ရေးဆိုတဲ့ လေသံကောင်းလွင့်ပြီး သင်တို့ရဲ့ ကိုယ်ကျိုးအ
တွက်တည်ဆောက်နေတဲ့ စီမံကိန်းတွေမှာ အဲဒီစစ်တပ်ကို အသုံးချပြီး လုပ်အားတွေကို
ခေါင်းပုံဖြတ်မယ်။ အရင်က ပေါ်တာတွေဆွဲ..ချွေးတပ်တွေဆွဲပြီး အဓ္ဓမစေခိုင်းခဲ့တယ်။ခုတော့
ပေါ်တာ အသုံးမချတော့ဘဲ ပေါ်တင်အသုံးချတော့မယ်..ဒီကြားထဲ အမျိုးသမီးတွေတောင်ပါ
လိုက်သေး..အဲဒီအမျိုးသမီးလေးတွေကို စစ်ထဲဝင်ခိုင်းပြီး ဘာလုပ်မှာလဲ..အပြင်မှာစော်ကား
လို့ အားမရသေးလို့ စစ်တပ်ထဲအထိခေါ်ပြီးစော်ကား ကြဦးမလို့လား..ပြီးရင်သင်တို့ ကတော်ကြီး
တွေအတွက် လက်တိုလက်တောင်း ခိုင်းဖို့ ရည်ရွယ်ထားတယ်ပေါ့လေ.ဒါလား တိုင်းပြည်အပေါ်
ထားတဲ့စေတနာ..ဒီလောက်တောင် စေတနာထားရင်လဲ သင့်မြည်း(မြေးမဟုတ်.မြည်းသတ္တ၀ါ)
လေးနဲ့ သင်တို့အာဏာရှင် တွေရဲ့ သားတွေ.သမီးတွေကိုအရင်ဆုံး စံပြအဖြစ် တာာဝန်ထမ်း
ဆောင်ခိုင်းပါလား..အဲလိုဆို သင့်ရဲ့စေတနာကို ငါအသိမှတ်ပြုမယ်..ခေါ်..ခုချက်ချင်း နိုင်ငံခြားမှာ
ကျောင်းတက်နေကြတဲ့ သင်တို့ အမျိုးအဆွေတွေ မိန်းခလေးတွေကအစပြန်ခေါ်ပြီး စစ်မှုထမ်းခိုင်းစမ်း.."

ထိုအခါဖိုးရွှေကြီးမှာ မျက်တောင်လေးပေကလပ်ပေကလပ်ဖြင့်..
"အင်း..အဲ..ဒါကတော့ ဖိုးသိကြားရယ်..ဟိုဟာလေ..ခြွင်းချက်ပေါ့နော်.အဟီး"

"ဘာခြွင်းချက်လဲ..သင်တို့ကိုယ်တိုင် မလိုက်နာနိုင်ဘဲနဲ့ ဥပဒေတခုကို လွယ်လွယ်နဲ့ရေးဆွဲလို့
ရမလား..ငါပြောသလိုလုပ်..ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့အချိုးတော့လာမလုပ်နဲ့.၀ရဇိန်လက်နက်နဲ့
တခါတည်း ရိုက်ခွဲလိုက်မယ်..ဟွန်း."

"ဖိုးသိကြားနော်..နာ့ကိုဘာမှတ်နေလဲ.နာက သာလွန်မင်းတရားကြီး ၀င်စားထာတာ..."

"ဘာ..မသာမင်းမတရားကြီး..ဟုတ်လား?"

"ဟုတ်ပါဘူး..သာလွန်မင်းတရားကြီး..မြန်မာရာဇ၀င်ထဲက သာလွန်မင်းတရားကြီး"

"တော်စမ်း..မစင်စားတဲ့ပါးစပ်က ငါတို့ အသုံးအနှုန်းတွေ မသုံးနဲ့..မြန်မာရာဇ၀င်ထဲက သာ
လွန်မင်းတရားကြီးနဲ့ သင်နဲ့က ပြဒါးတလမ်း၊သံတလမ်း..ဂတုံးနဲ့ဘီး..နံ့သာဆီနဲ့အီး..တာဝတိံ
သာနဲ့ အ၀ီစိ..အကြွေစိနဲ့ဒေါ်လာလို မတန်မရာ၊မအပ်မစပ်..သင်မို့ပြောထွက်တယ်..အရှက်ကယ်
နဲနဲမှမရှိ အ၀ီစိနဲ့သာသင့်တော်၏။ သင်ဟာသာလွန်မင်း တော့သာလွန်မင်း..ဒါပေမယ့် မြန်မာ
ရာဇ၀င်ထဲက မင်းမြတ်တပါးဖြစ်တဲ့သာလွန်မင်းကြီးတော့မဟုတ်ဘူး..တိုင်းပြည်နဲ့ပြည်သူ့အပေါ်
ကောက်ကျစ်တဲ့နေရာ..ရက်စက်တဲ့နေရာ..ယုတ်မာတဲ့နေရာ..လိမ်ညာတဲ့နေရာ..အရှက်မဲ့တဲ့
နေရာ၊အာဏာကိုရူးမူးတဲ့နေရာတွေမှာ ရှေးအစဉ်အဆက် မင်းများထက်သာလွန်တဲ့ သာလွန်
မင်းယုတ်တပါးသာဖြစ်တယ်..ကဲ..ဒီတော့ သင့်ကို လူ့ပြည်မှာ ဆက်ထားလို့ကတော့ ပြည်သူ
တွေအတွက် ဒုက္ခတွင်းနက်ဖို့ပဲရှိတယ်။.ဒါကြောင့် ခုမကြာ ငါသိကြားလက်နက် ၀ရဇိန်စက်နဲ့
ခွင်းလိုက်မယ်..ခေါင်းအစိတ်စိတ်ကွဲစေ....."

ဟဲ့..ဖိုးသိကြား..ဘာတွေ.ယောင်နေတာလဲ.ထတော့..မိုးလင်းနေဘီ..ဟုအမေ့အသံနှင့်အတူ
ကျနော် ဖိုးသိကြားတယောက် ရဲ့ အိပ်မက်မှာလည်း ပြီးဆုံးသွားလေတော့သတည်း...

ဝန်ခံချက်။   ။ကျနော်ဖိုးသိကြားသည် ဗုဒ္ဓဘာသာတဦးဖြစ်ပါသည်။ဗုဒ္ဓဘာသာဝင်တဦး အနေ
ဖြင့် ဦးသန်းရွှေ အပေါ်မှာ အဂါရ၀အသုံးအနှုန်းများ သုံးဆွဲရေးသားသည်မှာ အပြစ်ရှိပါသည်။သို့
သော် မိဘပြည်သူများအပေါ် သူ၏ ပြုမူလုပ်ဆောင်နေမှုများကို သိမြင်ကြားနေရသဖြင့်သူအပေါ်
မည်သို့မျှ ဂါရ၀ထား၍ မရနိုင်ပါ။ ထို့ကြောင့် သူ့အပေါ်တွင် ရိုင်းစိုင်းသောအသုံးအနှုန်းများသုံးမိ
သည့် ကျနော်ဖိုးသိကြားသည် အပြစ်ကျပါကလည်း ကျေကျေနပ်နပ်ကြီးသာ ခံယူပါမည့်အကြောင်း..

စစ်အာဏာရှင်များ တဖက်သတ်ရေးဆွဲထားသည့် စစ်မှုမထမ်းမနေရ ဥပဒေကို ပြင်းပြင်းထန်ထန်
ဆန့်ကျင်ကန့်ကွက်ရင်း..

အားလုံးကို ချစ်ခင်လေးစားသော..ဖိုးသိကြား(၁၀-၀၁-၁၁)

အာဏာရှင်စနစ်ကျဆုံးပါစေ...
မြန်မာပြည်သူများ စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံး လွတ်မြောက်ပါစေ။။

ဖိုးသိကြား ခံစားရေးဖွဲ့သည်။