လေးစားလောက်ပေ တို့အမေ

မာန်မာနတွေ ခ၀ါချ
ပြည်သူဆန္ဒ အဓိကာထား
အမေ့သဘောထားကား
ပြတ်သားခဲ့ပြီ..။
မှတ်သားလောက်စရာ
အမေပြောခဲ့တာက
အလျော့ပေးလိုက်တာပါ
ပြည်သူ့ဆန္ဒအတွက်ပါ.. တဲ့
အမြတ်ရယ်မပါ
အနစ်နာသာခံလို့
ပြည်သူတို့ဘ၀သာယာရင်
အမေကျေနပ်နေမှာပါ..။
အမေ့လိုခေါင်းဆောင်မျိုး
နှောင်းသွားရင်တောင်
ဟောင်းမသွားတဲ့သမိုင်းတရပ်
ကမ္ဘာပျက်တောင် ဆက်ရှိနေလိမ့်မယ်
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
ပေးဆပ်မှုအထပ်ထပ်နဲ့
ဖြတ်သန်းခဲ့ရတဲ့
ဖြတ်သန်းနေဆဲ
ဖြတ်သန်းနေဦးမယ့်
တို့အားလုံးရဲ့အမေ
ကျန်းမာပါစေ..
ချမ်းသာပါစေ..
လန်းဖြာပါစေ..
ပြည်သူ့ဆန္ဒကို ဦးစားပေးကာ လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်သည့် ချစ်ခင်လေးစားရသော အမေ့အတွက် အမှတ်တရ
အားလုံးကို ချစ်ခင်လေးစားသော.. ဖိုးသိကြား(30/04/2012)
No comments:
Post a Comment