တို့အမေ

မိဘအသွင် ကျေးဇူးရှင်
ချစ်ခင်အပ်ပေ..တို့အမေ
ပြည်သူ့အရေး အစဉ်တွေး
လေးစားလောက်ပေ..တို့အမေ
ကိစ္စများတွင် ဥာဏ်နဲ့ယှဉ်
အစဉ်ဆုံးဖြတ်ပေ..တို့အမေ
ပြည်သူ့ဆန္ဒ မှန်သမျှ
လိုက်လျောရှာပေ..တို့အမေ
မေတ္တာကြီးမား ပြည်သူအား
အားကိုးလောက်ပေ..တို့အမေ
တိုင်းပြည်အတွက် သူပေးဆပ်
မြင့်မြတ်လှပေ..တို့အမေ
ပြည်သူ့အကျိုး အစဉ်သယ်ပိုး
မြတ်နိုးလောက်ပေ..တို့အမေ
မိမိအရေး ဦးစားမပေး
ဘေးချိတ်ထားပေ..တို့အမေ
ပြည်သူ့အတွက် မားမားမတ်
ရပ်တည်ခဲ့ပေ..တို့အမေ
အနစ်နာခံလျက် တိုင်းပြည်အတွက်
ပေးဆပ်ရှာပေ..တို့အမေ
မင်းကျန်စစ်အသွင် နှိုင်းယှဉ်ချင်
သမိုင်းအစဉ်လှပေ..တို့အမေ

"များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ၊မယားတကွဲ၊မိကွဲ၊ဖကွဲဖြစ်ကြရကုန်၏
ထိုသူတို့၏ဒုက္ခကို ငါငြိမ်းပါအံ့...ထိုသူတို့၏မျက်ရည်ကို ငါသုတ်ပါအံ့.. ငါ၏ယာလက်ဖြင့်ဆန်စပါးရိက္ခာကိုပေးအံ့...ငါ၏၀ဲလက်ဖြင့်ဝတ်စားတန်ဆာပေးအံ့..
အမိသည်သားငယ်အား ရင်၌နှစ်သိမ့်သကဲ့သို့ ငါသည်လည်းတိုင်းသူပြည်သားတို့ကို
နှစ်သိမ့်ပါအံ့"...(ကျန်စစ်သား)
မြန်မာ့ရာဇ၀င်သမိုင်းမှ မင်းကောင်းမင်းမြတ် ကျန်စစ်သား၏ ပြည်သူ့အပေါ်ထားသည့် စိတ်သဘောထားနှင့် အမေ့ရဲ့ စိတ်သဘောထားမှာ ထပ်တူညီမျှသဖြင့် အထက်ပါကဗျာဖြင့် အမေ့အား ဂုဏ်ပြုလိုက်ရပါကြောင်း...
အားလုံးကိုချစ်ခင်လေးစားသော...ဖိုးသိကြား (07/05/2012)
No comments:
Post a Comment