Thursday, March 14, 2013

လူ့အလို

လူ့အလို
~~~~~
အမေ..
စေတနာတွေက
ဝေဒနာဖြစ်ကုန်ကြပြီ..။
တကယ်ပဲမသိတာလား..
တမင်ပဲမသိတာလား..
ဘယ်လိုမသိသလဲတော့မသိ
ကဲ.. အခုကြည့်
အလိုမရှိဆိုပါလား..

ဒီလိုပါပဲအမေရာ

လူဆိုတာကခက်သား
ဖြစ်ချင်တာပဲရှေ့မှာထား
ဖြစ်သင့်သလားမသုံးသပ်
အမျက်ထွက်တာလည်း
လွယ်တတ်ကြသတဲ့..။

ဒါ့ကြောင့်လည်း

ဘယ်ဘုရားရှင်
ဘယ်တန်ခိုးရှင်
ဘယ်ဖန်ဆင်းရှင်ကမှ
မစွမ်းသာတဲ့အရာက
လူအားလုံးရဲ့ဆန္ဒဖြည့်ဖို့ပါတဲ့.
.

အားလုံးလက်မြောက်ရတဲ့အရာ

အမေဖြည့်ပေးချင်တယ်ဆိုရင်တောင်
အမေ့ကိုယ်ပွား သန်းခြောက်ဆယ်လောက်
ထပ်ခွဲနိုင်မှဖြစ်လိမ့်မယ်..။


(ဖိုးသိကြား)

No comments: