Saturday, March 2, 2013

အလှည့်ကျမနွဲ့စတမ်း

ဒါလားဟဲ့.. ဆွေမျိုးပေါက်ဖော်
တို့အပေါ်ရက်စက်
မကျေနပ်ချက်တေးကာမှတ်
လူ့အသက်သတ်လိုက်ပုံများ
Live တောင်ထုတ်လွင့်ပြကြသတဲ့..။

ဒါလားဟဲ့.. တို့အစိုးရ
တို့လူမျိုးကတရုတ်ရှေ့မှောက်
ဒူးထောက်ခစားလေရပြန်
သေဒဏ်ကျခံနေရပေမယ့်
ရေငုံနှုတ်ပိတ်တိတ်တဆိတ်နဲ့
လက်ပိုက်ကြည့်နေပြန်သတဲ့..။

မမြင်တွေ့ယောင်ဆောင်
နှစ်ပြည်ထောင်ချစ်ကြည်ရင်းဖို့
တို့လူမျိုးသွေးစတေးရဲတယ်ပေါ့
တို့လူမျိုးအသက်ဝကွက်အပ်လို့
ကျေးဇူးရှင်ကိုကျေးဇူးဆပ်တယ်ပေါ့
တရုတ်ကိုကြောက်လိုက်ပုံများ
အီးတောင်ကျယ်ကျယ်မပေါက်ရဲပါလား..။

ရှိပါစေတော့လေ..
ပုလင်းတူဗူးဆို့
ရောင်းသူဝယ်သူအသံတူနေမှတော့
ငါတို့ဘ၀ခံကြရတာမဆန်းပါဘူး..။

တခုတော့မှတ်ထားလိုက်ပါ
အခွင့်အခါသင့်လို့
ကြမ္မာရဟတ်တပါတ်အလည်ကို
ကံမကုန်လို့ ပြန်ကြုံကြရင်ဖြင့်
ပဒေသာကပွဲပါထည့်သွင်းပြလိုက်မယ်
အလှည့်ကျတော့မနွဲ့စတမ်းပေါ့..။

(ဖိုးသိကြား)


No comments: