လွန်လေသည့်၂၂နှစ်၊ထိုစစ်တပ်ပေါ့
နိုင်ငံ့အာဏာ၊မလွှဲမရှောင်သာ
ထိန်းသိမ်းရတာပါတဲ့...
ထိုအပြောနဲ့၊အုပ်ချုပ်ခဲ့တာ
နှစ်တွေကြာညောင်း၊ခေတ်တွေဟောင်းလည်း
လွှဲပြောင်းမပေးအပ်၊အာဏာစက်ကို
သာယာယစ်မူး၊အာဏာရူးသို့
ဆယ်စုနှစ်လီတိုင်ခဲ့ပြီ..
ယခုတဖန်၊လွှဲချိန်တန်ဟု
ပြောဆိုကြံရွယ်၊လွှဲဟန်ဆောင်လည်း
ဆက်ခံမယ့်သူ၊ဆန်းစစ်ပါမူ
ဘောင်းဘီကိုချွတ်အရပ်ဝတ်ဖြင့်
ဆက်လက်အုပ်စိုး၊အမျိုးမျိုးရက်စက်
ပြည်သူ့အတွက်၊မျက်ရည်စက်သာ
တင်ကျန်စေမယ့်၊ဒင်းတို့တတွေပါပဲလား...
ဖိုးသိကြားခံစားပေါက်ကွဲသည်။