၂၀၁၀နိုဝင်ဘာ၇ရက်နေ့ကိုလ
ကြိုတင်ကာမြင်ယောင်ကြည့်ရာမှ
ကြိုတင်ကာမြင်ယောင်ကြည့်ရာမှ
ယခုတော့ရောက်ခဲ့ပြန်
ထင်လေသည့်အတိုင်း
ရိုင်းချက်ကယ်ကမ်းကုန်ထွက်ပါလို့
လိမ်ညာတာပြည်သူအသိပါပဲ
မဲပေးရပုံ...
ရာဇ၀င်မှာမြန်မာအမျိုးဟာဖြင့်
ထာဝစဉ်သာအသရေမညှိုးပါဘူး
ကမ္ဘာတခွင်မှာစာတင်ပြလောက်အောင်
ထွန်းတောက်ခဲ့အမှန်
ဒီတခါရာဇ၀င်သမိုင်းမှာဖြင့်
ပလီပလာအာဏာရှင်တစုရယ်ကြောင့်
ရိုင်းခဲ့ရပြန်...
ရှက်တတ်ရင်အသက်တောင်ထွက်စရာပ
ရက်စက်ကာယုတ်မာကြတာမို့
ပြည်သူတွေမေတ္တာပို့ကြတယ်
သည်လူတွေမြန်မြန်ရောက်စေပေါ့
သွားတော့အ၀ီစိ...
ဖိုးသိကြား ခံစားပေါက်ကွဲသည်။