Tuesday, November 16, 2010

မင်းကျန်စစ်နှလုံးသားနဲ့မေမေ


မင်္ဂလာပါအမေ..နေကောင်းရဲ့လား?
အမေကတော့သားကိုသိမှာမဟုတ်ပါဘူး ဒါပေမယ့်သားကတော့ အမေ့ကိုဟိုးငယ်စဉ်
ခလေးဘ၀ထဲကချစ်ခင်လေးစား အားကျခဲ့တာပါ.အမေလွတ်တဲ့နေ့ကဆိုသားပျော်လိုက်
တာလေ..မျက်ရည်တောင်ကျတဲ့အထိပါပဲ။အမေ့မျက်နှာကိုမမြင်ရတာကြာဘီ.အမေရယ်
အမေ့အသံကိုလည်းမကြားရတာကြာဘီ..သားကိုယ်တိုင်အမေ့နားလာပြီးအမေ့မျက်နှာကို
ကြည့်၊အမေ့စကားတွေကိုနားထောင်ချင်တာ..ဒါပေမယ့်အဝေးရောက်နေတဲ့သားတယောက်
အဖို့ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘူးအမေရယ်..

သားကိုမြန်မာပြည်မှာရှိတဲ့အမေ့သားတယောက်ကပြောတယ်။သူကံကောင်းတယ်တဲ့..အမေ့
မျက်နှာနဲ့အသံတွေကိုအနီးကပ်မြင်တွေ့ကြားနာခွင့်ရလို့တဲ့..ဟုတ်တာပေါ့အမေရယ်..သားတို့
မှာတော့အမေ့သတင်းတွေကို online ကနေပဲကြည့်ရှုနားထောင်ခွင့်ရတာကိုး..ဒါပေမယ့်အမေ
အကြောင်းအမျိုးမျိုးကြောင့် အဝေးမှာရောက်နေပေမယ့် အနီးနားကအမေ့သားတွေလိုပဲ အမေ့
အပေါ်မှာ သားတို့ရဲ့ချစ်ခင်မြတ်နိုးတဲ့စိတ်တွေကတရွေးမှမလျော့ပါဘူး..အမေ။သားလိုပဲ အမေ့
ကိုချစ်တဲ့သားတွေသမီးတွေဟာ တကမ္ဘာလုံးမှာအများအပြားပါပဲအမေ..လိုအပ်မယ်ဆိုရင် သား
တို့ရဲ့အသက်တွေ၊ဘ၀တွေကို စွန့်ဖို့ဝန်မလေးကြပါဘူး..သားစကားလုံးကြီးကြီးကျယ်ကျယ်တွေ
သုံးပြီးနှုတ်ဖျားကနေမပြောတတ်ပါဘူးအမေ..သားနှလုံးသားထဲမှာခံစားရတဲ့အတိုင်း ရှင်းရှင်း
လေးပဲပြောမယ်နော်အမေ..သားမြန်မာပြည်ကိုချစ်တယ်၊မြန်မာပြည်သူ/သားတွေကိုလည်း
ချစ်တယ်မြန်မာပြည်ကြီးကို တိုးတက်စေချင်တယ်..သားတို့ပြည်သူ/သားတွေကိုလည်းကြီး
ပွားတိုးတက်စေချင်တယ်.လွတ်လွတ်လပ်လပ်နဲ့စိတ်ချမ်းသာစေချင်တယ်.အဖိနှပ်ခံဘ၀နဲ့
ဆင်းရဲဒုက္ခတွေရောက်နေကြတာကို မကြည့်ရက်ဘူး.သားတို့တိုင်းပြည်ကိုချစ်တာကိုယ်ကျိုး
အတွက်လုံးဝမပါဘူးနော်..အမေ.သားတိုင်းပြည်ကြီးနိုင်ငံတကာအလယ်မှာခံ့ခံ့ထည်ထည်
ရပ်တည်နိုင်တယ်ဆိုကျေနပ်ပါဘီအမေ..

ရာဇ၀င်ကိုပြန်လှန်ကြည့်ရင် တကောင်းခေတ်ကစခဲ့တဲ့သားတို့မြန်မာလူမျိုး(တိုင်းရင်းသား
များအပါအ၀င်)တွေဟာခပ်ညံ့ညံ့လူမျိုးတွေမဟုတ်ခဲ့ပါဘူး..သူရဲကောင်းတွေများစွာပေါ်
ထွန်းခဲ့တဲ့တိုင်းပြည်ပါ။သူရဲကောင်းဆိုတဲ့နေရာမှာ သားရဲ့ခံယူချက်အရဆိုရင်လက်နက်
စွဲကိုင်တော်လှန်တိုက်ပွဲဝင်မှသာ သူရဲကောင်းမဟုတ်ပါဘူး.နိုင်ငံနဲ့လူမျိုးအတွက်နည်းမျိုး
စုံဖြင့်ကိုယ်ကျိုးစွန့်တော်လှန်တိုက်ပွဲဝင်ကြသူတွေဟာလည်း သူရဲကောင်းတွေပါပဲ..သား
တို့တိုင်းပြည်ဟာသူရဲကောင်းမြောက်များစွာနဲ့ အစဉ်အလာကောင်းခဲ့တဲ့တိုင်းပြည်တခုပါ
နိုင်ငံနဲ့လူမျိုးအပေါ်သစ္စာဖောက်ခဲ့တဲ့(ဂဠုန်ဦးစောတို့လို.လက်ရှိဘဘကြီးတို့လိုလူတချို့)
ကလွဲပြီးတော့ပေါ့

ဗိုလ်ချုပ်တို့လိုတိုင်းပြည်လွတ်လပ်ရေးအတွက် လက်နက်စွဲကိုင်တော်လှန်ခဲ့တဲ့သူရဲကောင်း
တွေရှိခဲ့သလို အဖိုးမှိုင်းတို့လိုလူမျိုးတွေနောက်ဆုံး ဦးနာအောက်တို့လိုလူမျိုးတွေကအစ
သူရဲကောင်းတွေပါပဲ..နောက်ပြီးခုနိုင်ငံရေးအကျဉ်းကျနေတဲ့ကိုမင်းကိုနိုင်တို့လို ကျောင်း
သားခေါင်းဆောင်တွေ၊ကိုဇာဂနာတို့လိုလူမျိုးတွေဟာလည်း သဲူကောင်းစာရင်းဝင်တွေပဲလို့
သားခံယူတယ်အမေ.ပြောရရင်အများကြီးပါပဲ..အမျိုးသမီးသူရဲကောင်းတွေထဲမှာတော့အမေ
ကထိပ်ဆုံးကနံပါတ်တစ်ပေါ့..အမျိုးသမီးသူရဲကောင်းတွေထဲမှာတော့ အမေဟာသားရဲ့အချစ်
ခင်ရဆုံး၊အလေးစားရဆုံးနဲ့အားအကျရဆုံးးပါပဲ..

ခုဆိုရင်အမေ့ကိုချစ်တဲ့အမေ့သားတွေသမီးတွေဟာ ပြည်တွင်းမှာသာမက ပြည်ပမှာပါအနှံ့
အပြားပါပဲ..ပြောရဦးမယ်အမေ..အမေလွတ်တဲ့နေ့ကပေါ့ အမေ့သတင်းတွေကြည့်ပြီး သား
ရဲ့အခန်းဖော်ရခိုင်လေးကပြောတယ် "ကျွန်တော်ဗျာနိုင်ငံရေးဆိုတာ ဘာမှန်မသိဘူး..စိတ်လဲ
မ၀င်စားဘူး..ဒါပေမယ့်အမေစုလွတ်တဲ့သတင်းတွေမြင်ရဖတ်ရတော့စိတ်ထဲမှာ တမျိုးကြီး
ငိုချင်လာသလိုလိုပဲ" တဲ့သားအမှန်ပြောတာပါ..လုပ်ကြံပြောနေတာမဟုတ်ပါဘူး.အမေ
အဲဒါပဲကြည့်တော့အမေ.အမေ့ရဲ့တိုင်းပြည်အပေါ်ထားတဲ့မေတ္တာ၊စေတနာတွေကမှန်ကန်
တော့ပြည်သူတွေအားလုံးကအမေ့အပေါ်မေတ္တာတွေ ရောင်ပြန်ဟပ်နေဘီအမေရေ့
ခုဆိုအမေ့အတွက် အသက်ကိုပေးဖို့မနှမြောတဲ့ သူရဲကောင်းလူငယ်မျိုးဆက်သစ်တွေ
အများကြီးပေါ်ထွက်လာခဲ့ဘီအမေ..သားအရမ်းဝမ်းသာတာပဲအမေရာ

ခုဆိုရင်သားတို့အားလုံးရဲ့မျှော်လင့်ချက်တွေဟာ အမေ့ရဲ့လွတ်မြောက်ခြင်းနဲ့အတူပြန်လည်
ရှင်သန်နိုးထလာခဲ့ပြီ.အမေ.အမေဟာသားတို့အတွက် အမှောင်ကိုခွင်းအလင်းဆောင်မယ့်
မီးအိမ်ရှင်မေမေပါ..သားတို့စမ်းတ၀ါးဝါးလျှောက်နေရတဲ့လမ်းကို အမေ့ရဲ့ဦးဆောင်မှုနဲ့
အတူရဲရဲဝင့်ဝင့်ပန်းတိုင်အထိရောက်အောင် လျှောက်လှမ်းကြမယ်နော်..အမေ...
ရောက်ကိုရောက်ရမယ်လို့လဲ ယုံကြည်တယ်အမေ..

သားငယ်ငယ်ထဲကနှလုံးသားထဲစွဲနေတဲ့အနှစ်သက်ရဆုံး သမိုင်းဝင်စကားလေးတခု
ရှိတယ်..သားရဲ့ဟီးရိုးကြီးတဦးဖြစ်တဲ့ ကျန်စစ်မင်းရဲ့သမိုင်းဝင်စကားလေးပါ...
"များစွာသောသူခပ်သိမ်းတို့သည် သားတကွဲ၊မယားတကွဲ၊မိကွဲ၊ဖကွဲဖြစ်ကြရကုန်၏
ထိုသူတို့၏ဒုက္ခကိုငါငြိမ်းပါအံ့...ထိုသူတို့၏မျက်ရည်ကို ငါသုတ်ပါအံ့..
ငါ၏ယာလက်ဖြင့်ဆန်စပါးရိက္ခာကိုပေးအံ့...ငါ၏၀ဲလက်ဖြင့်ဝတ်စားတန်ဆာပေးအံ့..
အမိသည်သားငယ်အားရင်၌နှစ်သိမ့်သကဲ့သို့ ငါသည်လည်းတိုင်းသူပြည်သားတို့ကို
နှစ်သိမ့်ပါအံ့"တဲ့(ရွှေစည်းခုံကျောက်စာမှာ ရေးထိုးထားခဲ့တယ်..အမေ)

အဲဒီစသားလေးကိုသားအရမ်းနှစ်သက်သဘောကျမိတယ် အမေ..ကျန်စစ်မင်းကြီးကို
လည်းလေးစားကြည်ညိုမိတယ်..အခုအမေဟာလည်း ကျန်စစ်မင်းလိုပဲတိုင်းပြည်အပေါ်
သဘောထားတယ်ဆိုတာ သားတို့အားလုံးသိပါတယ်..အမေရယ်.အမေသာလျှင်သားတို့
အားလုံးကိုနှစ်သိမ့်မှုပေးနိုင်မှာပါ..ဒါကြောင့်အမေ့ကိုကျန်စစ်သားရဲ့နှလုံးသားနဲ့မေမေ
(မယ်ကျန်စစ်)လို့တောင်တင်စားခေါ်ဝေါ်လိုက်ချင်တော့တယ်.မေမေရယ်
အမေ့ကိုချစ်တဲ့....ဖိုးသိကြား

ဖိုးသိကြား ခံစားရေးဖွဲ့သည်