Thursday, September 22, 2011

လင်းပိုင်တကောင်ရဲ့ ဖွင့်ဟ၀န်ခံချက်



မင်္ဂလာပါ.. ကျနော်ဟာ အမိဧရာဝတီမှ ပေါက်ဖွားလာတဲ့ ဧရာဝတီလင်းပိုင် (Irrawaddy Dolphin)
တကောင်ပါ...။ကျနော့်ကို အသက်ရှင် ကျွေးမွေး လုံခြုံမှုပေးခဲ့တဲ့ မိခင်ဧရာဝတီရဲ့ ကျေးဇူးတွေဟာ
ဆပ်လို့မကုန်ပါဘူး..။ကျနော် အမိဧရာဝတီကို သိပ်ချစ်ပါတယ်။ ဒါ့ကြောင့်လည်း ဧရာဝတီလင်းပိုင်
ဆိုတဲ့ နာမည်ကို ကျေကျေနပ်နပ်ကြီး ခံယူထားတာပေါ့ဗျာ..။ ကျနော်တို့မျိုးနွယ်စုတွေ ကမ္ဘာအရပ်ရပ်
မှာ ရှိပါတယ်။ ဒါပေမယ့် မြန်မာပြည်က ဧရာဝတီဝမ်းတွင်းမှာ ပေါက်ဖွားတဲ့ ကျနော်တို့လောက်တော့
မထင်ရှားဘူးလေ။ဘာလို့လည်းဆိုတော့ ကျနော်တို့ အကူအညီနဲ့ ကိုတံငါတို့ ငါးဖမ်းကြတာ ကျနော်တို့
ဆီမှာပဲရှိတာကိုး။ဒါကလည်း ကျနော်တို့ တိုင်းပြည်နဲ့ အမိဧရာဝတီ နိုင်ငံတကာ အလယ်မှာ ထင်ရှားအောင်
တဖက်တလမ်းက ကျေးဇူးပြန်ဆပ်တာပါ။ ကျနော်တို့နဲ့ ကျနော်တို့ရဲ့ ဘော်ဒါ ကိုတံငါတို့နဲ့ ပူးပေါင်းပြီး
ငါးရှာရတဲ့ဘ၀ကို ကျနော် အရမ်းဂုဏ်ယူတယ်ဗျာ..။ အမေ ဧရာဝတီတော့ ကျနော်တို့ ဆိုးသမျှ နွဲ့သမျှ
ု အမြဲသည်းခံနေခဲ့တယ်လေ။ အဲဒါကြောင့်လည်း အမေ့ကို သိပ်ချစ်တာပေါ့ဗျာ..။ အမေက အရမ်းချစ်ဖို့
ကောင်းတာဗျ.. တကယ်ပြောတာ။ သားသမီးကောင်းတွေအပေါ် ချစ်ခင်သလို သားသမီးဆိုးတွေ အပေါ်
မှာလည်း အပြစ်မမြင်ဘူး..။ ကျနော်ကတော့ ကျနော်တို့ အပေါ် အမြဲပေးဆပ်နေတဲ့ အမေ ကျန်းမာပါစေ
လို့ အမြဲတမ်း ဆုတောင်းတယ်ဗျ..။ ဒါမှလည်း ကျနော်တို့ ဧရာဝတီလင်းပိုင် အပါအ၀င် ကိုတံငါ
ကိုရေပျော် အစရှိတဲ့ အမေ့ရင်ခွင်ခိုလှုံနေကြရတဲ့ သားသမီးအပေါင်း အဆင်ပြေကြမှာပေါ့။



အမေသာ ကျန်းမာရေးချို့ယွင်းခဲ့ရင်ဆိုတဲ့ အတွေး ကျနော်မတွေးရဲဘူး။ အမေသာ ကျနော်တို့ကို မစောင့်
ရှေက်နိုင်ခဲ့ရင်ကျနော်တို့ရဲ့ အသက်နဲ့ ခန္ဓာဟာလည်း ကြာရှည်တည်မြဲ နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာ
တယ်။အခု ကျနော်စိုးရိမ်နေရဘီ။ယုတ်မာတဲ့ မဟုတ်တယုတ်တို့နဲ့ ပေါင်းပြီး ကျနော်တို့ဆီက လူတစုက
အမေ့ကို အသုံးချပြီး သူတို့ ကိုယ်ကျိုးအတွက် အမေ့အပေါ်ရက်စက်ဖို့ စီမံကိန်းတွေ ရေးဆွဲနေကြဘီဗျ..။
သူတို့ရက်စက်သမျှ ခံရမယ့် အမေ့ကို ကျနော် အရမ်းသနားတာပဲ။ ကျနော်ကိုယ်တိုင်ကလည်း အမေ့ကို
မှီခိုပြီး အသက်ရှင်သန်နေရတဲ့ လင်းပိုင်တကောင်ဆိုတော့ ဘာမှ မလုပ်ပေးနိုင်ဘူး။ အမေ့ကိုကယ်တင်ချင်
ပေမယ့် ကျနော်တို့တောင် ဘယ်နေ့ ကံဆိုးမိုးမှောင် ကျမလဲဆိုတာ ရင်ထိတ်နေရတဲ့ ဘ၀လေ..။ အဲဒီလိုပဲ
ကျန်တဲ့အမေ့သားသမီးတွေလည်း ခုဆိုရင် ထိတ်လန့်နေကြရဘီ။



ကျနော် အမေ့ရင်ခွင်မှာ ထာဝရခိုလှုံချင်တယ်။ အမေ့ အပါးမှာ အမြဲနေချင်တယ်။အမေ့ဝမ်းတွင်းမှာ ပျော်
ပျော်ပါးပါး လူးလာကူးခတ်ချင်တယ်။ကျနော့်ဘော်ဒါ ကိုတံငါတို့ကို နောက်ဆုံးထွက်သက်အထိ အကူအညီ
တွေ ပေးချင်သေးတယ်။ကျနော့် ရဲ့ အစွမ်းနဲ့ အမေနဲ့ တိုင်းပြည်ကို ကမ္ဘာမှာ ထင်ရှားစေချင်တယ်။ အမေ့ကို
လည်း ကျန်းကျန်းမာမာ နဲ့ ကမ္ဘာတည်သရွေ့ ရှိနေစေချင်တယ်။ အမေ့အပေါ် ရက်စက်ယုတ်မာမယ့် စီမံကိန်း
တွေ ပျက်စီးသွားစေချင်တယ်။ ကျနော်သာ တန်ခိုးရှင်တယောက် ဖြစ်ခဲ့ရင် အမေနဲ့ ကျနော်တို့ အားလုံးအပေါ်
ရက်စက်မယ့် အဲဒီစီမံကိန်းကြီးတွေကိုလေ ခုချက်ချင်း ဖျောက်ဖျက်ပစ်လိုက်ချင်တယ် အမေရယ်..။ ဒါပေမယ့်
ကျနော်ကိုယ်တိုင်က လင်းပိုင်တကောင် ဖြစ်နေခဲ့လေတော့ ဆုတောင်းနေရုံမှတပါး...



လူနည်းစုဘ၀ ကောင်းစားပြီး ပြည်သူအများ ဒုက္ခများမည့် စီမံကိန်းများအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါ၏၊
မိခင် ဧရာဝတီ နှိပ်စက်ခြင်းမှ ဝေးပါစေ..။

အားလုံးကို ချစ်ခင်လေးစားသော ဖိုးသိကြား (၂၂-၀၉-၁၁)