
အားလုံး မင်္ဂလာပါနော်..။ ဖိုးသိကြားလေးဘ၀ မူလတန်းမှာသင်ခဲ့ရတဲ့ ကဗျာလေးတပုဒ် ပြန်ဖော်ထုတ်ပါရစေ၊။
ကဗျာလေးအမည်က မြစ်ဧရာတဲ့..။
မြစ်ဧရာ
မြသားငယ်တဲ့ ရေယမုန်။
ငွေလှိုင်းတွေ ဖြူစွာနှင့်
မြစ်ဧရာ နဒီကြောမှာ
မျောကြဒိုက်ပုံ။
ကျူဝါးရုံ တူစုံကွဲ့ ဖော်နှော။
ဘုံမတီး ရယ်နှင့်
ငှက်ကြီး ရွှေဝန်ပိုတို့
ဝဲခိုလို့ မျှော။ ။

အဲဒီ့ကဗျာလေးကို ဖိုးသိကြား ငယ်စဉ် ကလေးဘ၀ထဲက နှစ်သက်ခဲ့ပါတယ်။ ခုချိန်ထိ အလွတ်ရနေ
တဲ့အထိ ဦးဏှောက်ထဲမှာ စွဲကျန်နေပါတယ်။ သာယာလှတဲ့ နဒီဧရာ အလှကိုလည်း သဘောကျမိတယ်။
ဖိုးသိကြား ငယ်ငယ်တုန်းက ကားလမ်းတွေ မပေါက်သေးလို့ အမေ့ဇာတိကို သွားလည်ရင်ဧရာဝတီမြစ်
ကိုဖြတ်ပြီး သင်္ဘောနဲ့သွားရတယ်။ ဖိုးသိကြားကတော့ အဲဒီလိုသွားရတာကို ပျော်တယ်။ ညနေဘက်ဆို
သင်္ဘောပေါ်ကနေ ဇင်ယော်တွေကို အစာကျွေးရတာ ကြည်နူးစရာ။ညဖက်ရောက်ရင် သင်္ဘောပေါ်ကနေ
မီးလေးတွေမှိတ်တုတ် မှိတ်တုတ်နဲ့ ရွာလေးတွေကိုကြည့်ရတာလည်း အရသာ။နောက်ဆုံး သင်္ဘောပေါ်မှာ
ထမင်းစားရတာ အိပ်ရတာကအစ ကောင်းမှကောင်း။သင်္ဘောနဲ့ သွားဖူးသူတိုင်း သိပါတယ်။ အဲဒီကတည်းက
မြစ်ဧရာကို ချစ်ခင်ခဲ့တာပါ။
ခုတော့ ကိုယ်တွယ်တာခဲ့ရတဲ့ မြစ်ဧရာရဲ့အနာဂတ် အရေးဟာစိတ်မအေးစရာ ဖြစ်နေရဘီ။ကိုယ့်နိုင်ငံမှာ
လျှပ်စစ် မလုံလောက်သေး..။ တယုတ်ကိုပေးဖို့ လုပ်နေကြတယ်။ စေတနာကတော့ ကောင်းမှကောင်း
အဲဒီအတွက် ကျနော်တို့ ချစ်တဲ့ မြစ်ကြီးကို စတေး သမိုင်းကို ခြေဆေးပစ်ကြတော့မယ်။ ဖိုးသိကြားကတော့
ဘယ်သူတေတေ ငတေမာပီးရောဆိုတဲ့ လူစုကြောင့် မြစ်ဧရာ ဘ၀ပျက်ရမှာကို လုံးဝမလိုလားဘူး။ဧရာဝတီ
အရေး ဟာအားလုံးရဲ့ အရေးလို့ ခံယူတယ်။ မြန်မာပြည်နဲ့ သက်ဆိုင်သူတိုင်း ဧရာဝတီကို မျက်နှာလွှဲလို့မရဘူး
ဒီတော့ တတ်နိုင်သမျှတော့ ဆန့်ကျင် ကန့်ကွက်ကြရမှာပဲ။

ပြည်သူကို ကိုယ်စားပြုပါတယ်ဆိုတဲ့ အစိုးရကြီးရေ..။ ဘယ်လိုလဲ? ပြည်သူကို အမှန်ကိုယ်စားပြုတယ်ဆိုရင်
တော့ ပြည်သူ့ဆန္ဒအမှန် ပြည်သူ့အသံကိုတော့ လျစ်လျူရှုလို့ မရဘူးနော်..။ လွတ်တော် အမတ်တွေကလည်း
ပြည်သူ့သဘောထား ဘယ်လိုဆိုတာ သိလောက်ပါဘီနော့..။ ဒီတော့ လွတ်တော်က ရလာဒ်ဟာ ပြည်သူ့အတွက်
ပဲဖြစ်ရမယ်။ ဒါမှ ပြည်သူ့လွတ်တော်ဆိုတာ ပီသမယ်။ အဲဒီလိုမှမဟုတ်ပဲ တယုတ်ကြီးပွားရေး။ လူတစုကောင်း
စားရေးပဲ ဦးတည်မယ်ဆိုရင်တော့ မြန်မာ့သမိုင်းမှာ ရာဇ၀င်ရိုင်းခဲ့တဲ့သူတွေအဖြစ် မှတ်တမ်းဝင်သွားမှာ။ မယုံမရှိနဲ့
ကိုယ့်သမိုင်းကိုယ်ပဲ ရေးတာ။ အားလုံးသော ပြည်သူဆန္ဒနဲ့ဆန့်ကျင်ပြီး အတ္တမာနနဲ့ မာန်ကြွနေရင်တော့ တချိန်မှာ နလံမထနိုင်ဖြစ်သွားလိမ့်မယ်။
အဲဒီအချိန်ကျမှ ကယ်ပါ၊ယူပါ တစာစာအော်နေမယ့်အစား ခုအချိန်မနှောင်းခင် ပြင်ဆင်လိုက်ကြတာ ကောင်း
ပါတယ်။ဟိုပုတ်ဂိုကြီးလို လူထုကတော်တော်လေး သဘောကျတဲ့ အနေအထား ရှိပါတယ် လို့တော့ အရွဲ့မတိုက်
လိုက်ပါနဲ့.ဟာ.ဟနောက်ဆုံးအနေနဲ့ အပေါ်မှာ ဖော်ပြခဲ့တဲ့ မြစ်ဧရာဆိုတဲ့ ကဗျာလေးကို New Version အဖြစ်
ပြင်ဆင်ရေးသားရင်း ဖိုးသိကြားတို့ ချစ်တဲ့ မြစ်ဧရာ ထာဝစဉ် ကည်တံခိုင်မြဲပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။
မြစ်ဧရာ (New Version)
မြသားငယ်တဲ့ ရေတွေကုန်
ငွေလှိုင်းတွေ ပျောက်ပါလို့
မြစ်ဧရာ နဒီကြောမှာ
ဆောက်ကြစက်ရုံ။
အတူဝါးရန် လူစုံပေါက်ဖော်နှော
ဘုံမြစ်ကြီးကိုဖြင့်
ဖျက်ဆီးရန် ကြံစည်တာမို့
ပျက်လို့သာကော။ ။


လူနည်းစုဘ၀ ကောင်းစားပြီး ပြည်သူအများ ဒုက္ခများမည့် စီမံကိန်းများအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါ၏၊
မိခင် ဧရာဝတီ နှိပ်စက်ခြင်းမှ ဝေးပါစေ..။
အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား (၂၃-၀၉-၁၁)