Wednesday, July 11, 2012

ကောင်းကျိုးကိုယ်၌ တည်စေမင်း

ကောင်းကျိုးကိုယ်၌ တည်စေမင်း..

စည်းစိမ်ဥစ္စာ ကြွယ်ဝပါလည်း
စေတနာမွဲ လူဆင်းရဲ..

ရွှေငွေရတနာ မရှိပါလည်း
စေတနာပြည့်လျှင် ချမ်းသာအစဉ်..

ရုပ်ရူပကာ ချောပါသော်ငြား
စိတ်ထားပုပ်သိုး အရုပ်ဆိုး..

ရုပ်ရူပကာ မွဲချာသော်ငြား
စိတ်ထားမြတ်က အလွန်လှ..

နိုင်ငံ့ဥသျှောင် ခေါင်းဆောင်ဖြစ်ငြား
သဘောထားတင်းလျှင် အာဏာရှင်..

ပြည်သူ့အကျိုး မျှော်ကိုးဆောင်ရွက်
ပေးဆပ်သူလျှင် မေတ္တာရှင်..

တိုင်းပြည်ဘဏ္ဍာ ချမ်းသာသော်ငြား
အများမွဲက အဆင့်ကျ..

တိုင်းပြည်ရင်းမြစ် နည်းပါလစ်လည်း
စနစ်ကောင်းသော် တိုးတက်အပေါ်..

လောကလူသား အို..လူသားများ
တို့ရဲ့စိတ်ထား ဖြူစင်အောင်ပြု
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စေမင်း..

အားလုံးကိုချစ်ခင်လေးစားသော.. ဖိုးသိကြား(11/07/2012)

No comments: