ဖိုးသိကြားရဲ့ အဆိုပြုလွှာ (သို့ ) စိတ်ဖြေကဗျာတပုဒ်
ကောင်းလိုက်တဲ့မိုး
အငြိုးနဲ့ရွာနေတာလား
ဒါမှမဟုတ်
အမေ့ခံအာဇာနည်တို့အတွက်
ဝမ်းပမ်းတနည်းရှိုက်လျက်
ငိုးကြွေးနေရော့သလား..
မိုးရေစက်တွေထိုင်ငေးရင်း
အတွေးတစ၀င်လာတယ်..။
ငါသာလွှတ်တော်မှာ
ဆန္ဒဖော်ထုတ်ခွင့်ရရင်
အဆိုပြုလွှာတင်လိုက်ချင်ရဲ့..
နိုင်ငံနဲ့ပတ်သက်တဲ့
ကျောင်း၊ ရုံး၊ ခန်းမ၊ ဆေးရုံ
နေရာအစုံစုံတွေမှာ
ဗိုလ်ချုပ်နဲ့တကွ
အာဇာနည်ခေါင်းဆောင်ကြီးများကို
နေရာပေးကြဖို့..
သူတို့ရဲ့ဓါတ်ပုံတွေကို
တလေးတစား အလေးထား
ချိတ်ဆွဲထားကြဖို့..
သူတို့ရဲ့သမိုင်းပုံရိပ်တွေကို
မမှေးမှိန်ဘဲပိုလင်းလက်အောင်
ထပ်ကာထပ်ကာ
ပွတ်တိုက်ပေးကြဖို့ပေါ့..
ခုဆိုရင်တချို့မဟုတ်တဲ့
လူငယ်အများစုက
ချစ်သူများနေ့မှာ
ချောကလက်ပေးဖို့
သတိတရရှိကြသော်ငြား
အာဇာနည်နေ့မှာ
အလေးပြုရန်ကား
မေ့လျော့နေကြတယ်.။
ကိုရီးယားက မင်းသား၊ မင်းသမီးတွေကို
တရင်းတနီးရှိနေပေမယ့်
တို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုတော့
သူတို့ မသိကြ..
မြန်မာပြည်ဖွား မြန်ပြည်သားက
မြန်မာအကြောင်း ကောင်းကောင်မသိကြ..
အနာဂတ်ရဲ့မျိုးဆက်တွေကို
မ “အ” ကြရဖို့အတွက်
အထက်က အဆိုကို
ငါတင်သွင်းပါ၏
မဖြစ်နိုင်မှန်း သိနေပါငြား
ငါစိတ်ဖြေရာ ငါ့ကဗျာ..

အငြိုးနဲ့ရွာနေတာလား
ဒါမှမဟုတ်
အမေ့ခံအာဇာနည်တို့အတွက်
ဝမ်းပမ်းတနည်းရှိုက်လျက်
ငိုးကြွေးနေရော့သလား..
မိုးရေစက်တွေထိုင်ငေးရင်း
အတွေးတစ၀င်လာတယ်..။
ငါသာလွှတ်တော်မှာ
ဆန္ဒဖော်ထုတ်ခွင့်ရရင်
အဆိုပြုလွှာတင်လိုက်ချင်ရဲ့..
နိုင်ငံနဲ့ပတ်သက်တဲ့
ကျောင်း၊ ရုံး၊ ခန်းမ၊ ဆေးရုံ
နေရာအစုံစုံတွေမှာ
ဗိုလ်ချုပ်နဲ့တကွ
အာဇာနည်ခေါင်းဆောင်ကြီးများကို
နေရာပေးကြဖို့..
သူတို့ရဲ့ဓါတ်ပုံတွေကို
တလေးတစား အလေးထား
ချိတ်ဆွဲထားကြဖို့..
သူတို့ရဲ့သမိုင်းပုံရိပ်တွေကို
မမှေးမှိန်ဘဲပိုလင်းလက်အောင်
ထပ်ကာထပ်ကာ
ပွတ်တိုက်ပေးကြဖို့ပေါ့..
ခုဆိုရင်တချို့မဟုတ်တဲ့
လူငယ်အများစုက
ချစ်သူများနေ့မှာ
ချောကလက်ပေးဖို့
သတိတရရှိကြသော်ငြား
အာဇာနည်နေ့မှာ
အလေးပြုရန်ကား
မေ့လျော့နေကြတယ်.။
ကိုရီးယားက မင်းသား၊ မင်းသမီးတွေကို
တရင်းတနီးရှိနေပေမယ့်
တို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုတော့
သူတို့ မသိကြ..
မြန်မာပြည်ဖွား မြန်ပြည်သားက
မြန်မာအကြောင်း ကောင်းကောင်မသိကြ..
အနာဂတ်ရဲ့မျိုးဆက်တွေကို
မ “အ” ကြရဖို့အတွက်
အထက်က အဆိုကို
ငါတင်သွင်းပါ၏
မဖြစ်နိုင်မှန်း သိနေပါငြား
ငါစိတ်ဖြေရာ ငါ့ကဗျာ..

No comments:
Post a Comment