Wednesday, August 7, 2013

၈၈ မော်ကွန်း


၈၈ မှာ မြန်မာပြည်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့
သူရဲကောင်းတွေ မွေးဖွားပေးခဲ့တယ်။
၈၈ မှာ ခေါက်ရိုးကျိုးနေတဲ့ စနစ်ဆိုးကြီးကို
သဂြိုလ်စက်ထဲ ပို့ဆောင်ပေးနိုင်ခဲ့တယ်။
၈၈ မှာ အိပ်ချင်ယောင်ဆောင်နေတဲ့ ဘီလူးတသိုက်
ရှင်သန်ထကြွပြီး မြန်မာပြည်ကို ခါးပိုက်ပိုက်ခဲ့တယ်။
၈၈ မှာ တချို့ကအသုံးချခံသွားရပေမယ့်
တချို့ကတော့ ၈၈ကို အသုံးချသွားကြတယ်။
ဘာပဲဖြစ်ဖြစ် ၈၈က ၈၈ပါပဲ..
ခုတော့ သူရဲကောင်းတွေ တကွဲတပြား
အရိုးတွေဆွေးသွားကြပေမယ့်
ဘီလူးတသိုက်ကတော့ လူယောင်ဖန်ဆင်းလို့ပေါ့...

၈၈မှာ တိုင်းပြည်အတွက် အနစ်နာခံ ပေးဆပ်ခဲ့ကြသော ကျဆုံးသွားကြတဲ့ အစ်ကိုအစ်မများနဲ့ ယနေ့တိုင် မပြောင်းလဲတဲ့စိတ်ဓါတ်များနဲ့ ရှင်သန်နေကြဆဲ အစ်ကိုအစ်မများအား လေးစားဂုဏ်ယူ ဦးညွတ်အလေးပြုလျက်..

ဖိုးသိကြား (၈၈မျိုးဆက် မူလတန်းကျောင်းသား)

No comments: