အသက်ရှူမ၀တဲ့တိုင်းပြည်
~~~~~~~~~~~~~~~
ဇာတ်ဆရာကြီးက
စာတွေဖတ်ပြီး အနားယူသွားပေမယ့်...
သူ့ဖန်တီးခဲ့တဲ့ဇတ်ရုပ်တွေက
သူ့အလိုကျ ကနေရဆဲ...
တဖက်မီးစ တဖက်ကရေ
မြွေမသေ တုတ်မကျိုး
ပေါ်လစီအမျိုးမျိုးနှောက်လို့
ခလောက်ဆန်ဖောက်ပြန်နေကြဆဲ..
အော်..
သနားစရာပြည်မြန်မာက
မလူးလာမလွန့်သာနဲ့
သူတို့လက်ထဲမှာ
အသက်မ၀တ၀ရှူရင်း
ဖုတ်လိုက်ဖုတ်လိုက်ရှင်သန်လို့..
(ဖိုးသိကြား)
(ဖိုးသိကြား)
No comments:
Post a Comment