Wednesday, August 21, 2013

မေတ္တာပို့

ကော်နက်ရှင်အမြဲကျ MPT ဘဝ
အဆဲခံရခြင်းမှ လွတ်ပါစေ..
ဝါတွင်းဝါပ မီးပျက်လှ
EPC မီးက မှန်ပါစေ..
ခေါ်မကြားအော်မကြား ဖုန်းလိုင်းများ
လူကြီးမင်းအသံများပျောက်ပါစေ..
ရုံးဆင်းရုံးတက် ကားတွေကျပ်
ဘတ်စ်ကားများချောင်ပါစေ..
အမြန်လမ်းခရီးသွား ပြည်သူများ
ဘေးရန်ကင်းလို့ချမ်းသာစေ..
အောင်မြင်ကျော်ကြား ဆရာကြီးများ
ဈာပနခရီးများဝေးပါစေ..
ငြိမ်းချမ်းရေးဖျက် သေနတ်သံများ
မြန်ပြည်တလွှားပျောက်ပါစေ..
ကိုယ်ကျိုးမဖျက် တိုင်းပြည်အတွက်
လွှတ်တော်တက်သူများပေါပါစေ..
အွန်လိုင်းသုံးသူ မိတ်သဟာ
ကျန်းမာကြပါစေ..။
ဖတ်ရှုကြသူ မိတ်သဟာ
ချမ်းသာကြပါစေ..။
ဖိုးသိကြားရဲ့မေတ္တာများ
ကမာ့္ဘအနှံ့အပြားရောက်ပါစေ..။

မေတ္တာအခါတော်နေ့မှာ ဖနုဿဝါစာများရှောင်ကွင်းပြီး မေတ္တာကဗျာ မေတ္တာစာဖြင့် မေတ္တာပို့သ ဂါရ၀ပြုလိုက်ပါကြောင်း..

အားလုံးကိုချစ်ခင်လေးစားသော..ဖိုးသိကြား

No comments: