Friday, August 1, 2014

စိန်ခေါ်ခြင်း

ပိုက်ဆံ..
အသုံးမခံဘူး။
ကုန်တာတော့ မြန်ပါ့
ရဖို့သာ ခက်ခဲနေတာ
ငါတို့ရဲ့ဘဝ...

ဒါပေမယ့်..
အလွယ်ရသူတွေရှိတယ်။
မကွယ်မဝှက် ချပြရဲသလား
အလကားပါပဲ
ငွေမည်းနဲ့ ကြွယ်ဝနေတာ..

ဒီလူတွေကို စိန်ခေါ်တယ်
သိက္ခာချင်းထပ်
လောင်းကြေးအပ်ရဲသလား???
လောင်းကြေးက ပါးပါးလေးပါ
သံသရာ အဆက်ဆက် ငရဲသွားရုံပါပဲ...
ကဲ... ဘယ်လိုလဲ....???
ဖိုး သိကြား