Saturday, August 2, 2014

လက်ပတ်နာရီတလုံးက
အူစိန်ဘော့ဆိုရင်
သင်ငြင်းမလား
ဘိလိယက်ဆရာက
မျက်လှည့်ပြသွားတော့
ဂျောက်ဂျက်ခွက်တွေကို
ချစ်စမ်းမောင်တောင် ငိုသွားတယ်။
အလို..
ရန်ကုန်မြို့ကြီးကိုတောင်
ရေပတ်လည် ဝိုင်းနေမှတော့
ဘန်ကောက်လောက်တော့ သနားတယ်။
မြို့ပြရဲ့ ပင်လယ်အောက်မှာ
ကောက်ရိုးတွေ ပေါပြီသား