Monday, August 4, 2014

ရင်ထဲက အပိုင်းအစများ

ရင်ထဲက အပိုင်းအစများ
**********************
နာကျည်းနေတဲ့
ကမ္ဘာကြီးရဲ့ ငိုညည်းသံကို
ကြားနေရတယ်။
လေးနက်တဲ့အမှားတွေအောက်မှာ
အမှန်တရား အရသာက
ပေါ့ပျက်ပျက်..
မသိခြင်းက အခမ်းအနားမှူးတဲ့
ဒါဆိုရင် ချားရဟတ်စီးရဦးမယ်
ဗလာစာအုပ်ထဲ မသာချထားတဲ့
ကဗျာတွေကို နှမျောလိုက်တာ
ဖိုး သိကြား