Saturday, May 8, 2010

မေမေ




မေမေရယ်..သားသတိရလိုက်တာ..ခုလိုနေမကောင်းတဲ့အချိန်ဆိုပိုပီးသတိရတယ်..

သားနဖူးကိုစမ်းလိုက်တဲ့မေမေရဲ့လက်ကတဆင့်အားတွေအလိုလိုရောက်လာတယ်..

မေမေ့ရဲ့နုတ်ဖျားကထွက်တဲ့..သက်သာလားသားဆိုတဲ့စကားတခွန်းနဲ့ပဲ..ဝေဒနာတွေ

ယူပစ်လိုက်သလိုပါပဲ..ခုတော့သားကဝေးတမြေခြားနေတော့ဆရာဝန်ပေးတဲ့ဆေးခါးကြီး

ကိုပဲမှိတ်ကြိတ်မျိုချနေရတယ်..ဒီကတစိမ်းတွေရဲ့အလယ်မှာစက်ရုပ်ဆန်ဆန်နှလုံးသားတွေနဲ့

ဆက်ဆံနေရတဲ့သား..မေမေ့ရဲ့အေးမြတဲ့မေတ္တာကိုတောင်းတနေမိတာမလွန်ပါဘူးနော်..

အဝေးကိုရောက်နေမှမေမေ့ရဲ့မေတ္တာတွေကိုပိုတန်ဖိုးထားနားလည်လာတယ်အခုဆိုရင်

ချစ်သူတယောက်ရဲ့အလှကိုဖွဲ့ဆိုဖို့ထက်မိခင်တယောက်ရဲ့မေတ္တာကိုဖွဲ့ဆိုဖို့သားပိုပီး

အားထုတ်တတ်ခဲ့ပါပြီ..ဘယ်အချိန်၊ဘယ်နေရာ၊ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်

မိဘမေတ္တာဆိုတာဘယ်တော့မှပျောက်ကွယ်မသွားနိုင်ဘူးဆိုတာသားယုံကြည်ပါတယ်..

မိဘမေတ္တာဟာစုန်ရေပဲရှိတယ်ဆိုပေမယ့်သားအနေနဲ့ဆန်တက်နိုင်အောင်ကြိုးစားပါမယ်..

ခုချိန်မှာသားအတွက်ကြွေးသစ်ချဖို့အရေးကေ၀၀ါးနေဆဲပါပဲ..ဒါပေမယ့်ကြွေးဟောင်းဆပ်ခွင့်

တော့ပေးပါမေမေ..မေမေ့မေတ္တာတွေကိုကြေအောင်မဆပ်နိုင်တာသေချာပေမယ့်

အတိုးတွေထပ်မတက်အောင်သားကြိုးစားပါ့မယ်နော်




မေမေ...သားချစ်တဲ့မေမေ....စီးဆင်းခဲ့အကြွင်းမဲ့ချစ်ခြင်းတွေ

ဒီကမ္ဘာမြေကိုသာယာပါစေ..အေး..အေးး

မေမေ...နေကောင်းလား...မေမေ

မေမေ..နှလုံးသားရဲ့ကဗျာ..အစွန်းအထင်းမဲ့ပေးဆပ်တဲ့မေတ္တာ

မေမေဆိုသံချိုအိုအေး..အေး..အေးး

ပြန်လည်ကာရင်မှာခံစား..တသိမ့်သိမ့်ရှိုက်မျက်ရည်များဝဲရင်းး

ငိုချင်တယ်မေမေ..အရမ်းဝမ်းနည်းနေ..

မေမေအဝေးကမေမေ...

မေမေနေကောင်းလား...မေမေ


 မေလ၏ဒုတိယတနင်္ဂနွေ(၂၀၁၀အတွက်မေလ၉ရက်)နေ့မှာကျရောက်မယ့်

အမေများနေ့မှာကျွန်တော်ရဲ့မေမေနှင့်တကွကမ္ဘာပေါ်ရှိအမေများအားလုံး

ချမ်းမြေ့ပျော်ရွှင်ကြပါစေ




post by:အီးယောင်ဝါး

No comments: