ယောင်ဝါးတယောက်ခုတလောအလုပ်ကလည်းများ၊နေမကောင်း
လည်းဖြစ်ပြန်ဆိုတော့ဝnlineကိုတောင်သိပ်မတက်နိုင်ဘူး..
နေမကောင်းတဲ့အချိန်ဆိုတော့ဟိုတွေးဒီတွေးနဲ့အားငယ်တာပေါ့..
အိမ်ကိုလည်းပိုလွမ်းတယ်အဲဒီအချိန်မှာဘယ်လိုကဘယ်လိုခေါင်းထဲ
ရောက်လာလဲမသိဘူး..ယောင်ဝါးတို့ငယ်ငယ်တုံးကမေမေရွတ်ရွတ်ပြတဲ့

သံပေါက်ကဗျာလေးကိုအမှတ်မထင်သွားသတိရတယ်ယောင်ဝါးတို့
ငယ်ငယ်(မှတ်မှတ်ရရပြောရရင်သူငယ်တန်းစာစဖတ်တတ်ခါစပေါ့)
ယောင်ဝါးတို့မောင်နှမတွေတခါတရံဆိုးကြရင်..ဆိုးတယ်ဆိုတာထက်
ဂျီကျရင်မေမေကအဲဒီကဗျာလေးကိုရွတ်ပြတယ်..ယောင်ဝါးတို့ကိုလည်း
ဖတ်ခိုင်းတာပေါ့..ကဗျာလေးကိုအိမ်နံရံမှာကပ်ထားတယ်လေ...
ကလေးဆိုတော့လည်းသူများစားရင်စားချင်၊သူများဝတ်ရင်ဝတ်ချင်တာပေါ့..
မရတော့ဂျီကျတာပေါ့နော်..ဒါပေမယ့်ယောင်ဝါးတို့မေမေကနားဝင်အောင်
သေချာရှင်းပြပြီးကဗျာလေးရွတ်ပြတိုင်းယောင်ဝါးတို့မောင်နှမတွေဆက်မပူဆာ
တော့ဘူး၊စိတ်ထဲမှာလည်းငြိမ်းအေးသွားလေ့ရှိတယ်အဲလောက်အထိယောင်ဝါးတို့
နှလုံးသားထဲမှာစွဲနေတာ..အဲဒီကဗျာလေးကိုဘယ်သူရေးတာလဲဆိုတာတော့မသိပါဘူး..
ဒါပေမယ့်ကဗျာရှင်ကိုတော့ကျေးဇူးအရမ်းတင်မိပါတယ်..
ကဗျာလေးကရိုးရိုးလေးပါ..ခေါင်းစဉ်က..နှလုံးအေးတဲ့ဆေး
ရောက်တဲ့အရပ်မှာ ပျော်အောင်နေ
တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း
ရှိတာလေးနဲ့ လှအောင်ဝတ်
ရတာလေးနဲ့ ၀အောင်စား
မပိုင်ဆိုင်တာက အနိစ္စ
ဆင်းရဲတာက ဒုက္ခ
ကိုယ့်သဘောအတိုင်းမဖြစ်တာက အနတ္တ
ပြိုင်လာရင်အရှုံးပေး
နှလုံးအေးတဲ့ဆေး
post by:အီးယောင်ဝါး
No comments:
Post a Comment