အမေ....
သားစိတ်လန်းရွှင်၊၀မ်းသာနေရင်
မာတာမိခင်၊ကျေးဇူးရှင်ကို
ရင်ဝယ်မှန်းဆ၊သတိရရန်
မေ့ပျောက်နေမိ...
သားစိတ်မှာမော၊၀မ်းနည်းတောကို
လမ်းမှားရောက်ရှိ၊ထိုအသိဝယ်
အမေ့ကိုမှန်းဆ၊တမ်းတကာလေ
သတိရနေ...
အမေကတော့၊ငါ့ရဲ့ သားငယ်
ဒီအချိန်ဝယ်၊အဆင်မှပြေ
ကျန်းမာလေစ၊ချမ်းသာပါစေ
တောင်းဆုခြွေလျှက်၊ပို့သမေတ္တာ
အချိန်တိုင်းမှာ...
ငယ်ငယ်ကကျောင်းစာထဲမှာ(နယူတန်ရဲ့တတိယလောအရ)တုံ့ပြန်မှုတိုင်းမှာ
တူညီတဲ့တန်ပြန်သက်ရောက်မှုရှိတယ်လို့သင်ဖူးတယ်...ဒါပေမယ့်မိဘနဲ့သားသမီး
ကြားကမေတ္တာကတော့ဘာလို့ခြားနားသွားကြတာလဲ...
တကယ်လို့သာသား၊သမီးတို့ရဲ့မေတ္တာတွေဟာမိဘတွေအပေါ်တူညီစွာတုံ့ပြန်
သက်ရောက်နိုင်ကြလျှင်ဖြင့်.....
အမေများနေ့(မေ၉ရက်)မှာယောင်ဝါးရဲ့မေမေနှင့်တကွကမ္ဘာပေါ်ရှိအမေများအားလုံးကိုဂုဏ်ပြုလျှက်...
အီးယောင်ဝါးခံစားရေးဖွဲ့ပါသည်။
No comments:
Post a Comment