အားလုံးသော ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီ၊ ညီမလေးတို့ရေ.. အခု ဖိုးသိကြားပြောပြမယ့် ပုံပြင်လေးက
တော့ “ညီညွတ်ခြင်းရဲ့အောင်ပွဲ (သို့) ဒေါင်းတို့ရဲ့အောင်ပွဲ” ဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်..။ အားလုံးပဲ
ကျေးဇူးပြုပြီး မတ်တပ်မရပ်ပါနဲ့.. ငြိမ်ငြိမ်လေးထိုင်ပြီးတော့ နားထောင်ပေးကြပါနော်.. အဟီး :)
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်.. သာယာလှပတဲ့ တောအုပ်ကြီးတခုမှာ ဥဒေါင်းဌက်အပေါင်းဟာ အေးချမ်း
ပျော်ရွှင်စွာနေထိုင်ကြသတဲ့..။ သူတို့ရဲ့နယ်မြေလေးဟာ ကောက်ပဲသီးနှံတွေလည်း ပေါများတယ်။ ကြည်
လင်အေးမြတဲ့ ရေကန်ကြီးလည်းရှိတယ်။ စိမ်းလန်းစိုပြေတဲ့ သစ်ပင်ပန်းမန်တွေလည်း ရှိတော့ ဒေါင်းဌက်
အပေါင်းဟာ ဘာမှမပူပင်ရဘဲ လိုတရဖြစ်နေတာပေါ့ကွယ်။ ဒါ့ကြောင့် တခြားသောသတ္တ၀ါတွေဟာ သူ
တို့ရဲ့နေရာလေးကို မျက်စိကျကြတာပေါ့။ အဲဒီအထဲမှာ အနောက်ဖက်တောအုပ်က ကျီးကန်းတွေနဲ့ အ
ရှေ့ဘက်တောအုပ်မှာနေတဲ့ တောဝက်အုပ်တွေက အဆိုးဆုံးပဲတဲ့..။
ကျီးတွေနေထိုင်တဲ့ အနောက်ဖက်တောအုပ်မှာ စားနပ်ရိက္ခာရှားပါးတဲ့အတွက် ကျီးတွေဟာ ဒေါင်းတွေ
နေထိုင်တဲ့ အရှေ့ဘက်တောအုပ်ထဲကို ၀င်လာတော့တာပေါ့။ ဒေါင်းတွေက ပထမတော့ ဘာမှမပြော
ဘူးတဲ့။ ဒါပေမယ့်ကြာလာတော့ ကျီးတွေကြောင့်သူတို့ရဲ့ စားနပ်ရိက္ခာ၊ ကောက်ပဲသီးနှံတွေဟာ ရှားပါး
လာခဲ့သတဲ့။ ကျီးကန်းဆိုတဲ့အမျိုးကလည်း စည်းမဲ့ကမ်းကမ်နဲ့ အကျင့်ကလည်းပျက်တယ်လေ။ နောက်
ပြီး လစ်ရင်လစ်သလို သူခိုးကျင့်သူခိုးကြံကလည်းကြံသေးတော့ ဒေါင်းတွေက မောင်းထုတ်လိုက်ကြ
တော့တာပေါ့။ ကျီးတွေလည်း ကြံရာမရတဲ့အဆုံး သူတို့ရဲ့ဆရာဖြစ်တဲ့ ၀က်စ်ဒေါ့ဆိုတဲ့ခွေးကို သွားတိုင်
ပင်ကြသတဲ့။ အဲဒီမှာ သူတို့ရဲ့ဆရာ ၀က်စ်ဒေါ့ဆိုတဲ့ခွေးက “မင်းတို့ဘာမှမပူနဲ့..ငါလုပ်ပေးမယ်” ဆိုပြီး
ကျီးကန်းတွေကို ဒေါင်းပုံပေါက်အောင်ဆေးသုတ်ပြီး ဒေါင်းအသွင်ဖန်တီးပေးလိုက်ရောတဲ့။
အဲဒီနောက် ဒေါင်းယောင်ဆောင်တဲ့ကျီးတွေဟာ ဒေါင်းတွေဆီပြန်လာပြီး နေကြပြန်တာပေါ့ကွယ်။ အဲဒီ့
အဖြစ်အားလုံးကိုသိတဲ့ တောစောင့်နတ်မင်းကြီးက မကြည့်ရက်တော့လို့ မိုးအကြီးအကျယ် ရွာချပေး
လိုက်ရောတဲ့။ ဒီတော့ ဒေါင်းယောင်ဆောင်တဲ့ကျီးတွေဟာ မိုးရေနဲ့အတူဆေးတွေကျွတ်ပြီး ပင်ကိုယ်
ကျီးအသွင်ပြန်ဖြစ်သွားကြပါလေရော။ အဲဒီမှာပဲ ဒေါင်းတွေက “ဟာ..ဟိုမှာကျီးကန်းတွေ မောင်းထုတ်
ကြဟေ့..” ဆိုပြီး ညီညွတ်စွာနဲ့ မောင်းထုတ်လိုက်ကြတာပေါ့ကွယ်..။
ကျီးကန်းတွေကိုမောင်းထုတ်ပြီးနောက်မှာ ဒေါင်းဌက်တွေဟာ အရှေ့ဘက်တောအုပ်က တောဝက်တွေ
ရဲ့ကျူးကျော်လာမှုနဲ့လည်း ရင်ဆိုင်ခဲ့ရပြန်သတဲ့။ တောဝက်တွေကလည်း အင်အားကြီးတယ်ဆိုပြီး
ဒေါင်းတွေအပေါ် အနိုင်ကျင့်ကြတယ်။ သစ်ပင်တွေကို အစွယ်နဲ့ပက်လို့ သစ်ပင်တွေက ပြိုလဲကုန်တယ်။
ကောက်ပဲသီးနှံတွေဆိုရင်လည်း နှုတ်သီးတွေနဲ့ထိုးကော်ဖျက်ဆီးလို့ ကောက်ပဲသီးနှံတွေနဲ့ စားကျက်
မြေတွေဟာ ပျက်စီးကုန်တာပေါ့။ ၀က်ဆိုတဲ့သတ္တ၀ါက အင်မတန်မှလည်း ညစ်ပတ်တဲ့သတ္တ၀ါလေ။ မ
စင်တွေလူးပြီးတော့ ရေကန်ကြီးထဲဆင်းစိမ်ကြလို့ ဒေါင်းတွေအားထားရတဲ့ ရေကန်ကြီးဆိုလည်း ညစ်
ပတ်နံစော်ပြီး ပျက်စီးကုန်တာပေါ့..။
အဲဒီ့လိုတောဝက်အုပ်ရဲ့ ကျူးကျော်စားခွက်လုမှုတွေကြောင့် ဒေါင်းငှက်လေးတွေရဲ့ နယ်မြေဟာ အရင်
ကလို မသာယာတော့ဘဲ ညစ်ပတ်ပျက်စီးလာတော့သတဲ့။ သူတို့ရဲ့စားနပ်ရိက္ခာတွေကလည်း တနေ့
တခြား ရှားပါးလာခဲ့တာပေါ့ကွယ်။ နောက်ဆုံး တောဝက်တွေရဲ့ဒဏ်ကို သည်းမခံနိုင်တော့တဲ့ ဒေါင်း
တွေက “ဒီတောဝက်တွေကိုဆက်ပြီးသည်းခံနေရင် ငါတို့မြေ၊ ငါတို့ရေတွေဟာ ၀က်တွေလက်အောက်
ရောက်သွားလိမ့်မယ်။ ဒေါင်းသမိုင်းမရိုင်းစေရဘူး” ဆိုပြီး တောဝက်အုပ်ကို ညီညီညွတ်ညွတ်နဲ့ မောင်း
ထုတ်ကြသတဲ့။ တောစောင့်နတ်မင်းကြီးကလည်း ဒေါင်းတွေဘက်ကကူညီပြီး မောင်းထုတ်ပေးတယ်။
အဲဒီတော့ တောဝက်အုပ်လည်း ခွေးပြေးဝက်ပြေး ပြေးရတော့တာပေါ့ကွယ်။ နောက်ဆုံးမှာတော့ ဥ
ဒေါင်းဌက်တို့ရဲ့တောအုပ်လေးဟာ အရင်ကလိုပဲသာယာလှပပြီး ဒေါင်းဌက်လေးတွေဟာ ညီညီညွတ်
ညွတ်နဲ့ အေးချမ်းပျော်ရွှင်စွာ အသက်ထက်ဆုံး နေထိုင်သွားကြလေတော့သတဲ့ကွယ်..။
ညီ၊ညီမလေးတို့ရေ.. ပုံပြင်လေးကတော့ ဒါပါပဲကွယ်..။ ညီ၊ညီမလေးတို့တတွေလည်း ပုံပြင်ထဲကအ
တိုင်း ဒေါင်းလေးတွေလို စည်းလုံးညီညွတ်စွာ နေထိုင်သွားကြမယ်ဆိုရင် တခြားဘယ်လူမျိုးကမှ ညီ၊
ညီမလေးတို့ရဲ့နယ်မြေကို မကျူးကျော် မစော်ကားနိုင်ပါဘူး ဆိုတာပြောကြားရင်း ဒေါင်းတို့ရဲ့အောင်ပွဲဆို
တဲ့ပုံပြင်လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်ကွယ်..။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..။
အားလုံးကိုချစ်ခင်လေးစားသော...ဖိုးသိကြား (15/09/2012)