Tuesday, September 25, 2012

ဗုဒ္ဓဘာသာဆိုတာ

ဗုဒ္ဓဘာသာဆိုတာ



ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်စလင်မို့

ငါတို့ အပြစ်တင်တာမဟုတ်

ဗုဒ္ဓရဲ့ဝါဒ၊ ဓမ္မရဲ့လမ်းစဉ်

သံဃာကိုဆရာတင်ပြီး

ငါတို့ခရီးနှင်နေတာ

တို့ဘာသာရဲ့အနှစ်သာရက

မဇ္စျိမပဋိပဒါ

တခြားဘာသာမစော်ကား

တို့ကိုယ်တိုင်လည်း မော်မကြွား

စိတ်ထားကောင်းဖို့တို့ရည်သန်

ကံကံ၏အကျိုးကိုယုံကြည်တာ

တို့ဗုဒ္ဓဘာသာ

စိတ်ထားကောင်းရင်ကံကောင်းမယ်

စိတ်ထားဆိုးရင်ကံဆိုးမယ်

အကြောင်းကြောင့်အကျိုးဖြစ်

ဘယ်သာသာမှအပြစ်မတင်

မြစ်သွင်အလားမကွေ့ကောက်

တဖြောင့်ထဲလျှောက်နေတာ

တို့ဗုဒ္ဓဘာသာ

ဘယ်ဘာသာစော်ကားစော်ကား

ဘယ်ဘာသာမော်ကြွားမော်ကြွား

ငါတို့ကားဂရုမစိုက်

ပြန်ဖိုက်ဖို့လည်းအားမထုတ်

တို့ဗုဒ္ဓသာသနာတည်တံ့ရန်သာ

ရည်သန်ကာကြိုးစားအားထုတ်

ငါတို့အလုပ်ငါတို့လုပ်မည်။

ဗုဒ္ဓမြတ်စွာသာသနာ

ရောင်ဝါနေသို့လင်းစေသော်..။



အားလုံးကို ချစ်ခင်လေးစားသော ဖိုးသိကြား (24/09/2012)

No comments: