သာဓု..သာဓု..သာဓု
~~~~~~~~~~~
တံလျှပ်ကိုရေထင်
ရွှေသမင်အလိုက်မှား
မိုက်မှားမယ့်အထဲမှာ
တို့မပါတော့ဘူး..
ဖွတ်ထွက်လာလို့
တောင်ပို့မှန်းသိတဲ့နောက်
ကိုယ့်လမ်းကိုသာ
ကိုယ်ဆက်ဖောက်တော့မယ်..
ရောက်ရာအရပ်ဆီမှ
နောက်သာလှည့်ပြန်လို့
မြန်မကြာ
ပြန်ပါလေတော့..
ပြန်ကြစေကုန်သတည်း
သာဓု..သာဓု..သာဓု
အားလုံးကိုချစ်ခင်လေးစားသော... ဖိုးသိကြား (10/09/2012)
No comments:
Post a Comment