လမ်းခွဲမှတ်တမ်း
by ဖိုး သိကြား on Sunday, October 16, 2011 at 6:00pm

မင်းကဘာကောင်လဲ.. မင်းအဆင့်က ဘယ်လောက်ရှိလို့လဲ?
မင်းကရောဘာလဲ.. ဘာကောင်လဲ?
မင်းက ဒီမိုလား?..မှီခိုလား??
မင်းကရော စစ်ခွေးလား? စစ်ပြေးလား??
မင်းကလူလိမ်..လူညာ..
မင်းကျတော့ လူယုတ်..လူစုတ်
မင်းသတ္တိဘယ်လောက်ရှိလဲ??
မင်းကရော ဘယ်လောက်သတ္တိရှိလို့လဲ??
မင်းက တိုင်းပြည်ကိုဘယ်လောက်ချစ်လို့လဲ??
မင်းကရော လူမျိုးအပေါ်ဘယ်လောက် ချစ်လို့လဲ??
မင်းကဒီမို လုပ်စား
မင်းက ဒီမိုသူတောင်းစား
မင်းကစစ်ပြေး..
မင်းကစစ်ခွေး
ငါ့အဖွဲ့ မှာ ငါကြိုက်တာလုပ်မယ်ကွာ..
ငါကလည်း ငါ့အုပ်စုမှာ ငါထင်ရာလုပ်တယ်ကွာ..
ဟေ့ကောင်..မင်း!@#$%%^&**(((^()(*&%^%##
တယ်လေ..ငါ.))(*&^%%$$##@!!#$%^&&*^%&&
(နောက်ဆုံးမှာတော့)
ထိုသူများကြား ဆဲသံဆိုသံ တညံညံပေးနေတဲ့ နိုင်ငံရေးဂရုများ(အားလုံးမဟုတ်) ကို ကျနော်ဖိုးသိကြားတယောက်
ကြောက်ရွံ့စွာဖြင့်... ပျော်ရွှင်စရာ စာပေ၊ကဗျာ၊ဟာသ နှင့် ဗဟုသုတ ဂရုလေးများ၌သာ အေးချမ်းစွာ
ကျင်လည်ရင်း...
မှတ်ချက်။ ။ ကျနော့်ကို ဘာကောင်လဲ ဟုမမေးပါနဲ့ ဘာကောင်မှ မဟုတ်ပါ..။ မြန်မာပြည်ကိုချစ်သော မြန်မာနိုင်ငံသား သာမန်ပြည်သူတဦးပါ..။တိုင်းပြည်နှင့်လူမျိုးအတွက်လည်း ကြီးကျယ်စွာ မစွန့်လွှတ် မပေးဆပ်ခဲ့သေးပါကြောင်း ရိုးသားစွာ ၀န်ခံပါ၏..။ သို့သော် တိုင်းပြည်နှင့်လူမျိုးအပေါ် တာဝန်ကျေသော သူတယောက်ဖြစ်စေရန် ကြိုးပမ်းနေသော တိုင်းပြည်နှင့်လူမျိုးအတွက် တဖက်တလမ်းမှ ငွေအား/လူအား မိမိတတ်နိုင်သရွေ့ ကြိုးပမ်း ပေးအပ်နေသော အညတရမျှသာ...

ဘယ်အရာကိုလုပ်လုပ် ရိုးသားမှုတရား လက်ကိုင်ထားနိုင်ကြပါစေ..။
အားလုံးကို ချစ်ခင်လေးစားသော... ဖိုးသိကြား(16-10-11)