
ဒီနေ့ ဆန်းဒေး..
နေရာစုံမှာ လူတွေရှုပ်ထွေးနေတယ်
ငါအရှုပ်တွေထဲ ထပ်မရှုပ်ချင်လို့ အပြင်မထွက်လည်း
ငါနဲ့ငါကိုယ်တိုင် လိုက်ရင်းပြေးရင်း
ရှာလိုက်ပျောက်လိုက်နဲ့
လုံးထွေးရှုပ်ပတ်လို့..
သူငယ်ချင်းတွေပြောနေတဲ့
iPhone4s, iPad, iOS5 အသံတွေကြားထဲမှာ
ငါကတော့ငါ့ကိုယ်ငါရှာဖွေရင်း
မောလို့လာခဲ့ပြီ..
ကွန်ပြူတာရှေ့ ထိုင်နေပေမယ့်
ငါပျောက်နေခဲ့တယ်
လက်တွေကလည်းဟိုနှိပ်ဒီနှိပ်
နှိပ်သာနှိပ်နေတာ
အရသာက နတ္ထိ
ငါ့ရှေ့က နာရီလေးကတော့
ငါ့ကို တချက်ချက်အသံပေးလို့
ဝါးမျိုနေတယ်..။
သြော်.. ဒီနေ့ဆန်းဒေး
ဘာပဲဖြစ်ဖြစ်လေ
ညကျရင်တော့ မန်ယူဒါဘီ
ဝင်နွှဲလိုက်ဦးမယ်...
ဖိုးသိကြား...(23/10/2011)