Tuesday, October 18, 2011

မွေးနေ့ရှင်မတက်ရောက်နိုင်ခဲ့တဲ့.. မွေးနေ့ပွဲ



မွေးနေ့ပွဲတခု

ဒါနတွေပြု

သီလတွေမွေး

လူတွေကစုစုဝေးဝေးနဲ့

ငြိမ်းချမ်းရေးတေးတွေ ဝေခဲ့ကြတယ်...။

အတန်းအလွှာပါင်းစုံမှ

အမှတ်တရစကားတွေဖလှယ်

နားလည်ချင်းတွေရောစပ်

ယုံကြည်ချက်တွေထပ်ပါင်းလို့

ရှေ့ဆက်ရမယ့် ခရီးအတွက်

အားဆေးတခွက် ဖော်စပ်ခဲ့တယ်..။

ငြိမ်းချမ်းရေးအလင်္ကာ

ကဗျာသံစဉ်တွေထုံလွှမ်းနေတဲ့

ဒီပွဲလေးဟာ

နှစ်သက်ဖွယ်ရာပါ...။

ဒါပေမယ့်..

ဝမ်းနည်းစရာတခုက

မွေးနေ့ရှင် တယောက်

မတက်ရောက်နိုင်ခဲ့ဘူးလေ..။



ကိုမင်းကိုနိုင်၏ ၄၉နှစ်မြောက်မွေးနေ့အမှတ်တရ...
ကိုမင်းကိုနိုင်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ပါစေ..။

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား(၁၈-၁၀-၂၀၁၁)