Wednesday, October 19, 2011

ရယ်ရှိုက်သံ

ရယ်ရှိုက်သံ

by ဖိုး သိကြား on Wednesday, October 19, 2011 at 11:39am

ရယ်တာ့ရယ်စရာပါ

မိဝေးဖဝေး ချစ်ခင်သူဝေးလို့

ခါးသီးစိမ်းဖန့်နေတဲ့

ကျွန်းတကျွန်းဟာ

ငါတို့အတွက်တော့

မနွေးထွေးခဲ့ပါဘူး..။

ဒါပေမယ့်..

ငါတို့အတွက်

အနွေးထွေးဆုံး

အလုံခြုံဆုံးဖြစ်တဲ့

ငါတို့ရဲ့အိမ်ကို

ပြန်ဖို့အရေးထက်

ဒီကျွန်းလေးပေါ်မှာ

ကုတ်တွယ်ကပ်လို့

နေလို့ရအောင်

ကြိုးပမ်းနေကြတဲ့ဘဝ

ရယ်တာ့ရယ်စရာပါ

ဒါပေမယ့် ငါရယ်သံထဲမှာ

ရှိုက်သံတွေက ပဲ့တင်ထပ်လို့,,,


 Just my personal Feeling.If my feeling oppose your idea, Pls ignore....

ဘ၀တူ သူငယ်ချင်း မိတ်ဆွေများသို့..
အားလုံးကို ချစ်ခင်လေးစားသော... ဖိုးသိကြား(19-11-11)