Saturday, December 10, 2011

လူ့အခွင့်အရေး ဆိုသည်မှာ

လူ့အခွင့်အရေး ဆိုသည်မှာ




ယနေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပါသည်..။ လူ့အခွင့်အရေးနေ့ မည်သို့ ဖြစ်ပေါ်
လာသနည်း? ၁၉၄၈ ဒီဇင်ဘာ ၁၀ရက်နေ့ တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ ညီလာခံ အစည်းအဝေး၌
လူသားတိုင်း ရသင့်ရထိုက် ခံစားခွင့် ခံစားထိုက်သည့် အခွင့်အရေးများကို လူ့အခွင့်အရေး ကြေငြာစာ
တမ်း အဖြစ် အတည်ပြုကြေငြာခဲ့သည်။ အဆိုပါ လူ့အခွင့်အရေး ကြေငြာစာတမ်းတွင် အချက်ပေါင်း ၃၀
ပါရှိပါသည်..။

ထိုအချက်ပေါင်း ၃၀ ကို လေးစားလိုက်နာရန်နှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အားလုံးကိုလည်း ဖြန့်ဝေ၍
သက်ဆိုင်ရာနိုင်ငံသူ/သားများ သိရှိစေရန် အထူးသဖြင့် စာသင်ကျောင်းများနှင့် ပညာရေး အဖွဲ့အစည်းများ
တွင် ထင်ရှားသိသာ မြင်တွေ့စေရန် ထပ်ဆင့်ဖြန့်ဝေခိုင်းလေသည်.။ အဓိပ္ပါယ်များနှင့်တကွ ရှင်းလင်းဖော်ပြ
ပေးရန် တာဝန်ပေးအပ်ခဲ့သည်။ ဤသို့ဖြင့် လူသားတိုင်း သိရှိခံစား နိုင်မည့် အခြေခံ လူ့အခွင့်အရေးများကို
ဖော်ထုတ် အတည်ပြုခဲ့သည့် ဒီဇင်ဘာ ၁၀ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်
မှတ်ခဲ့ကြလေသည်.။

နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားများကို နှစ်စဉ် ကျင်းပခဲ့ကြသော်လည်း
ကျနော်တို့နိုင်ငံတွင်တော့ သိတော်မူကြသည့်အတိုင်းပါ..။ လူ့အခွင့်အရေးမပြောနဲ့ အခမ်းအနား ကျင်းပခွင့်
အခွင့်အရေးတောင် ရရှိဖို့အင်မတန် ခက်ခဲခဲ့ကြပါသည်။

မည်သို့ဆိုစေကာမူ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံမှ နိုင်ငံသားများအနေနဲ့ အခြားသော နိုင်ငံသားများနဲ့
တန်းတူ အခွင့်အရေး ရသင့်တာကတော့ အမှန်ပဲ ဖြစ်ပါသည်..။ သို့သော် ကျနော်တို့ နိုင်ငံသား တော်တော်
များများမှာ အခြေခံလူ့အခွင့်အရေးဆိုတာ ဘာတွေမှန်းပင် သေသေချာချာ သိခွင့်မရခဲ့ပါ..။ ဒါကလည်း
ခတ်အဆက်ဆက် တိုင်းပြည်ကို လက်ဝါးကြီးအုပ်ခဲ့သည့် အာဏာရှင်များက ကျနော်တို့ကို မျက်စိမှိတ်
နားပိတ်ထားခဲ့ကြသောကြောင့် ဖြစ်သည်။

ယနေ့တွင် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိနေပြီဟု ကြေငြာထားသော နိုင်ငံမှ နိုင်ငံသားများအားလုံး
အနေနဲ့ လူ့အခွင့်အရေးဆိုတာ ဘာတွေလဲ ဆိုတာကို ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိသင့်ပါသည်..။ သို့မှသာ
ကျနော်တို့ ဟာလူ့အခွင့်အရေး အပြည့်အ၀ ရရှိကြရဲ့လား?? ကျနော်တို့ရဲ့ အစိုးရသည် လူ့အခွင့်အရေးများကို
လေးစားလိုက်နာကြရဲ့လားဆိုတာကို ကွဲကွဲပြားပြား သိရှိမည်ဖြစ်ပါသည်..။

ထို့အတွက်ကြောင့် လူသားတိုင်းအတွက် ရရှိခံစားထိုက်သည့် လူ့အခွင့်အရေး အခြေခံအချက် ၃၀ ကို မသိရှိ
သေးသူများ သိရှိစေရန် ရည်ရွယ်၍ ဖြန့်ဝေရင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်
ပါသည်..။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း..
အတိုချုံး၍ ဖော်ပြပေးပါမည်..။

၁။လူတိုင်းမွေးဖွါးလာကတည်းက တူညီသောလူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။

၂။လူတိုင်းအသားအရောင်၊ လိင်၊ ကိုးကွယ်သည့်ဘာသာ၊ ကျား၊မ မရွေး တန်းတူညီမျှဖြစ်သည်။

၃။ လူတိုင်းအသက်ရှင်ခွင့် လုံခြုံ ခွင့်ရှိသည်။

၎။ မည်သူ့ကိုမှ ကျွန်အဖြစ်စေခိုင်းခြင်းမပြုရ။

၅။ မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်း မရှိစေရ။

၆။ လူတိုင်းတရားဥပဒေရှေ့တွင် လူသားကဲ့သို့ဆက်ဆံခံရမည်။

၇။ လူတိုင်းတရားဥပဒေ ရှေ့မှောက်တွင် တန်းတူဖြစ်သည်၊ ကျောသား ရင်သားမခွဲခြားရ

၈။ အခွင့်အရေးချိုးဖေါက်ခံရပါက ဥပဒေအကူအညီယူခွင့်ရှိသည်။

၉။ မည်သူ့ကိုမှ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ တိုင်းပြည်မှနှင်ထုတ်ခြင်းမပြုရ။

၁၀။ လူတိုင်းမျှတသော တရားစီရင်မှုခံခွင့်ရှိ သည်။ လူအများ ကြားနာနိုင်သော တရားရုံးဖြစ်ရမည်။

၁၁။ အပြစ်ရှိသည်ဟု ခိုင် လုံသောအထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိ။

၁၂။ မကောင်းသောရည်ရွယ် ချက်ဖြင့် အခြားသူ၏ စာများဖေါက်ခြင်း အိမ်အတွင်းဝင်ခြင်းမပြုရ။

၁၃။ လူတိုင်း မိမိတိုင်း ပြည်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိသည်။

၁၄။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံနိုင်သည်။

၁၅။လူတိုင်း နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည်၊ ဆန္ဒရှိပါကအခြားနိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

၁၆။ အရွယ်ရောက်ပြီးသော ကျား၊မ တိုင်း မိမိဆန္ဒဖြင့် လက်ထပ်ခွင့်၊ အိမ်ထောင်ထူထောင်ခွင့်ရှိသည်။

၁၇။ လူတိုင်းကိုယ်ပိုင်ပစ္စည်း ပိုင်ဆိုင်ခွင့်ရှိသည်။

၁၈။ လူတိုင်းလွပ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်၊ ဆန္ဒရှိပါက အခြားဘာသာသို့ကူးပြောင်းနိုင်သည်။

၁၉။ လူတိုင်း လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ရှိသည်။

၂၀။ လူတိုင်း ငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ထားသော အဖွဲ့များသို့ လွတ်လပ်စွာ ၀င်ခွင့်ရှိသည်။

၂၁။ လူတိုင်း မိမိတိုင်းပြည်၏ အစိုးရကိုဆန္ဒမဲဖြင့် ရွေးချယ်ပိုင်ခွင့်ရှိသည်။

၂၂။ လူတိုင်း လူမှုဘ၀ဖူလုံရေး ခံစားပိုင်ခွင့်ရှိသည်။

၂၃။ လူတိုင်း သင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့် အလုပ်သမားသမဂ္ဂများသို့ ၀င်ရောက်ခွင့်ရှိသည်။

၂၄။ လူတိုင်း အပန်းဖြေအနားယူခွင့်ရှိသည်။

၂၅။ လူတိုင်းလုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခံခွင့်ရှိသည်။

၂၆။ လူတိုင်း ပညာသင်ကြားခွင့်ရှိသည်၊ အနိမ့်ဆုံး မူလတန်းပညာကို အခမဲ့ သင်ခွင့်ရှိသည်။

၂၇။ လူတိုင်း မိမိပတ်ဝန်းကျင်၏ယဉ်ကျေးမှုတွင် ပါဝင်ပိုင်ခွင့်ရှိသည်။

၂၈။ လူတိုင်း ဤစာတမ်းပါအခွင့်အရေးများကို လေးစားရမည်။

၂၉။ လူတိုင်း အခြားသူများ၏ အခွင့်အရေးကို လေးစားရမည်။

၃၀။ ဤစာတမ်းပါအခွင့်အရေးများကို မည်သူမှမချိုးဖေါက်ရ။




အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း မူရင်း အပြည့်အစုံကို ဖတ်ရှုလိုပါက http://www.myanmarengineer.org/forums/showthread.php?6805-%E1%80%A1%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC-%E1%80%9C%E1%80%B0%E1%82%94%E1%80%A1%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8-%E1%80%B1%E1%81%BE%E1%80%80%E1%80%8A%E1%80%AC%E1%80%85%E1%80%AC%E1%80%90%E1%80%99%E1%80%B9%E1%80%B8 မှာ ဖတ်ရှုနိုင်ပါတယ်.။


မြန်မာပြည်သူ/သား အပေါင်း လူ့အခွင့်အရေး အပြည့်အ၀ ခံစားနိုင်ကြပါစေ..။
အားလုံးကို ချစ်ခင်လေးစားသော... ဖိုးသိကြား (10/12/2011)

No comments: