ကိုပေတူး၏ပြည်တော်ပြန်ခရီး (သို့) ဦးကြောင်သေး ကဗျာဘာကြောင့်ရေး
ဘိုးရင်း 747 လေယာဉ်ကြီးကား တိမ်တိုက်များကြား ထိုးဖောက်ပျံသန်းလျက်ရှိသည်။ တိမ်လွှာဆိုင်
များက အနောက်ဖက်တွင်ရိပ်ခနဲရိပ်ခနဲကျန်ရစ်ခဲ့ကြသည်။ ထိုလေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာ
သောခရီးသည်များတွင် ကိုပေတူးတယောက်လည်း အပါအ၀င်ဖြစ်သည်။ ကိုပေတူးသည် လေယာဉ်
ပေါ်တွင် အလကားရသော ယမကာများကိုတခွက်ပြီးတခွက်တောင်းသောက်ခဲ့ရာ ယခုအခါရေချိန်
ကိုက်လာပြီဖြစ်သဖြင့် ၀က်မှိန်းမှိန်းကာ ဇိမ်ကျလျက်ရှိသည်။
ကိုပေတူးအမိမြန်မာပြည်မှ ထွက်လာခဲ့သည်မှာ နှစ်ပေါင်း ၂၀ကျော်ခဲ့ပြီ။ ထွက်လာတုန်းကတော့ ပိန်
သွယ်သွယ်ဖြစ်သော်လည်း နိုင်ငံခြားမှာစားကောင်းသောက်ဖွယ်များ မဆန့်မပြဲ စားခဲ့ရသဖြင့် ယခုအ
ခါဝက်တကောင်အလားဆူဖြိုးကာ ဗိုက်ရွှဲရွှဲထိပ်ပြောင်ပြောင်ဖြင့် ငယ်ရုပ်ပင်ပျောက်နေခဲ့ပြီဖြစ်သည်။
"ကျေးဇူးပြု၍နားဆင်ပါရှင်.. ကျမတို့၏လေယာဉ်ကြီးသည် မကြာမီအချိန်အတွင်း ရန်ကုန်အပြည်ပြည်
ဆိုင်ရာလေဆိပ်ကြီးသို့ ဆိုက်ရောက်မည်ဖြစ်ပါ၍ ခရီးသည်များအနေဖြင့် မိမိတို့၏ထိုင်ခုံများတွင်ထိုင်
၍ ထိုင်ခုံခါးပတ်များကို သေချာစွာပတ်ထားကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်ရှင်.."
လေယာဉ်မယ်လေး၏အသံကြောင့် ကိုပေတူးသည်လျော့တိလျောရဲ မှိန်းနေရာမှ မတ်မတ်ထိုင်လိုက်ပြီး
ခါးပတ်ကိုသေချာစွာပြင်ပတ်လိုက်လေသည်။ ပြီးနောက် ရှိုးအပြည့်ဝတ်စားထားသည့် မိမိကိုယ်မိမိပြန်ငုံ့
ကြည့်ပြီး ကျေနပ်ပီတိအပြုံးတချက် သူ့မျက်နှာထက် အရောင်လက်သွားသည်။ လေယာဉ်ကြီးကား
စတင်ဆင်းသက်နေပြီဖြစ်သည်။
လွန်ခဲ့သောနှစ် ၂၀ကျော်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီခေတ်ပြောင်းတော်လှန်ရေးကြီးတရပ် ဖြစ်ပွား
ခဲ့သည်။ ထိုတော်လှန်ရေးရေစီးကြောင်းထဲမှာ ကိုပေတူးလိုက်ပါစီးမျောရင်း နောက်ဆုံးမှာ တိုင်းတပါး
သို့ရောက်ရှိသွားလေသည်။ အစကတော့ ဘာရယ်မဟုတ် လူငယ်ကျောင်းသားစိတ်နဲ့ တော်လှန်ခဲ့ကြ
သော်လည်း နောက်ပိုင်းအာဏာကလေးရ၊ နေရာကလေးရ။ မြှောက်ပင့်သွေးထိုးမှုတွေကြောင့် သွေး
နားထင်ရောက်ပြီး သူတလူငါတမင်း အာဏာတွေလု အဖွဲ့တွေကွဲလို့ မူလရည်ရွယ်ချက်တွေတိမ်း
စောင်းပြီး အဖွဲ့ကဖရိုဖရဲ၊ လူတွေကလည်း တကွဲတပြားနဲ့ ကိုယ်သန်ရာကိုယ်ယုံကြည်ရာကို ဆက်
လုပ်ခဲ့ကြသည်။
တချို့ကမီဒီယာလောကရောက်၊ တချို့ကတတိယနိုင်ငံတွေရောက်၊ တချို့ကတော့တောထဲမှာကျန်
ရစ်ခဲ့ကြသည်။ တချို့ကဘယ်နေရာဘယ်ဒေသရောက်ရောက် ခံယူချက်မယိမ်းမယိုင်ဘဲ ရောက်ရာ
အရပ်မှ နိုင်ငံနဲ့လူမျိုးအကျိုးအတွက် တတ်နိုင်တဲ့ဘက်က ဆက်လက်လုပ်ဆောင်ကြသည်။ တချို့
ကတော့ မိမိအကျိုးအတွက်ရှေ့တန်းတင်ပြီး နိုင်ငံတကာမှာ လိမ်လည်စားသောက်နေကြရင်း ရိုဟင်
ဂျာဘင်္ဂလီကုလားတွေကိုပင် ယောက်ဖတော်လို့ နိုင်ငံတွင်းသို့သွပ်သွင်းဖို့ ကြိုးစားကြသည်။ ကိုပေ
တူးကား ဒုတိယအမျိုးအစားထဲမှာပါသည်။ တတိယနိုင်ငံတခုကိုရောက်ရှိသွားပြီး ကြီးပွားချမ်းသာ
ကာ ဘ၀မေ့နေခဲ့သည်။ အမျိုးသားရေးကိုဘေးချိတ် လူမျိုးခြားအရေးကိုဦးထိပ်ထားပြီး သူများလုပ်
သမျှအကောင်းမထင် ထာဝရအဆိုးမြင်ဝါဒီတဦးဖြစ်သည်။ မိမိဘာသာငါဆရာအဖြစ် လက်ခံထား
ပြီး ဘ၀င်လေဟပ်မာနတက်နေခဲ့သည်။ နေရာတကာဟောင်ဖွာဖွာနဲ့ဆရာကြီးလုပ်တတ်လွန်းလို့
လည်း အများအမြင်ကတ်ခြင်းကိုလည်း ခံနေရသည်။ ယခုလည်း မြန်မာနိုင်ငံအစိုးရက ပြည်ဝင်ခွင့်
ပိတ်ထားသည့် Black List စာရင်းမှ အချို့တ၀က်ပယ်ဖျက်ပေးလိုက်ရာ ကိုပေတူးလည်းပါခဲ့သည်။
ဒီတော့ ခုတလော ပြည်တော်ပြန်ခရီးတွေ ပေါ်ပြူလာဖြစ်နေချိန်မှာ ကိုပေတူးတယောက်လည်း ခါ
တော်မီ ပြည်တော်ပြန်ခဲ့ကြသည်ပေါ့..။
ကိုပေတူးလေဆိပ်မှအထွက် အနည်းငယ်တော့ စိတ်ပျက်သွားသည်။ သူမျှော်မှန်းသလောက် လာ
ကြိုသည့်ပရိတ်သတ်ကမရှိ၊ သူက၀က်ဝက်ကွဲလာကြိုစေချင်သည်။ ဖြစ်နိုင်လျှင် ပန်းခွေတွေ၊ ပန်း
ခြင်းတွေနဲ့ စည်စည်ကားကား ကြိုစေချင်သည်။ ယခုတော့သူ၏ ဆွေမျိုးတစုသာ ပန်းကုံးတကုံး
လာစွပ်ချေ၏။ ရှိပါစေတော့.. မီဒီယာတွေလာရင်ပြီးတာပဲလေဟု ဖြေတွေးတွေးလိုက်သည်။
မည်သို့မည်ပုံဖြစ်သည်မသိ။ လေဆိပ်ခန်းမထဲလျှောက်လာရင်း ရုတ်တရက်ဆဲသံကြားလိုက်ရ
သဖြင့် ကိုပေတူးဆတ်ခနဲ့ဖြစ်သွားသည်။ ဟ..ဘာလဲဟ ငါ့ကိုအဆဲနဲ့ကြိုဆိုတာလား.. စိတ်ထဲ
ထောင်းခနဲဖြစ်သွားပြီး ပြန်ဆဲရန်ပြင်လိုက်သည်။ နောက်မှ သူ့ကိုဆဲတာမဟုတ်မှန်းသိ၍ ပြန်ထိန်း
လိုက်၏။ ဒီမိုကရေစီခေတ်မို့ လွတ်လပ်စွာဆဲဆိုတာဖြစ်မှာပေါ့လေ.. ငါ့မဆဲပြီးရောဟု သဘော
ထားလိုက်သည်။ ငါ့ဆဲရင်တော့ ပြန်ကလော်တုပ်မှာပဲလို့လည်း စိတ်ထဲမှာတေးလိုက်သည်။ ကို
ပေတူးတို့အပြန်ခရီးကား စကတည်းကယဉ်သကိုဆိုသလို ဖြစ်ခဲ့လေပြီ။
နောက်တနေ့မှာ ကိုပေတူးတို့အဖွဲ့ သတင်းစာရှင်းလင်းပွဲလုပ်သည်။ ကိုပေတူးကား ရှိုးစမိုးနှင့်
ပဲပေးထားသောမျက်နှာမှာလည်း အမူအရာအမျိုးမျိုး ခြေတွေလက်တွေကလည်း အငြိမ်မနေ
ခေါင်းခါးခြေလက်ဤလေးချက် မပျက်စေရသုခုမ ဆိုသည့်ထုံးနှလုံးမူကာ သူ့ကိုယ်သူ နိုင်ငံ
ကျော်စလေဖရဲသီး (Celebrity) အလားသဘောထားပြီး ဒိုင်ကြောင်အကြီးကြီးတွေ လွှတ်တော့
သည်။ လာရောက်နားထောင်သူအပေါင်းမှာ သူ့ကိုကြည့်ရင်းနှုတ်ခမ်းတမဲ့မဲ့ နှာခေါင်းတရှုံ့ရှံ့ဖြင့်
မဲ့တရှုံ့ရှုံ့ ဖြစ်ကုန်ကြသည်။ မီဒီယာတွေရဲ့ အမေးတချို့အတွက်တော့ ကိုပေတူးတို့အဖွဲ့ ဇော
ချွေးထွက်ခဲ့ရသည်။ ဒါပေမယ့် ဒီလိုစမ်းလို့ဘယ်ရမလဲ ကိုပေတူးတို့အဖွဲ့က နိုင်ငံတကာမှာလုပ်
စားခဲ့တာကြာပြီဆိုတော့ ဆင်ဝှေ့ရန်ရှောင်စကားတွေနဲ့ လှည့်ပတ်ကာ ဗြောင်လိမ်ကြသည်။ ဒါ
ပေမယ့် သူတို့ရိပ်တော့ရိပ်မိလိုက်သည်။ ဒီကလူတွေ သူတို့အပေါ်မှာ အမြင်မကြည်လင်တော့
မှန်း။ သူတို့စိတ်မကောင်းဖြစ်မိသည်။ သူတို့မှာတော့ မြန်မာပြည်ကြီးအတွက် နေ့ညမပြတ် အ
သောက်အစားအပျော်အပါးဖက်လို့ သောက်လိုက်ကြ၊ စားလိုက်ကြ၊ ကလပ်တက်ကြ၊ ဧည့်ခံပွဲ
သွားရ၊ ပါတီပွဲနွှဲရ၊ နောက်ဆုံး အမေစုကိုပင် ကလန်ကဆန်ပုတ်ခတ်စော်ကားခဲ့ရတာ ငါတို့စေ
တနာတွေကို မထီမဲ့မြင်ပြုလေခြင်းဆိုပြီး ဒေါသူပုန်ထရသည်။
နောက်ဆုံးတော့ ကိုပေတူးတယောက် ရန်ကုန်မှာဆရာကြီးလုပ်ခွင့်မရ၊ သူ့ဒိုင်ကြောင်တွေကို
လည်း မည်သူကမှမယုံကြည်ကြသဖြင့် အကြံကုန်ဂဠုန်ဆားချက်ဆိုသလို စိတ်ပျက်လက်ပျက်
တောဖက်ထွက်ခဲ့လေသည်။ သူ့ဇာတိတောရွာဆိုတော့ သူ့ကိုသံယောဇဉ်ထား သူ့စကားအလေး
ထားနားထောင်ကြမှာပဲ။ အဲဒီမှာတော့ ဆရာကြီးလုပ်လို့ရမှာပဲ။ ဒီလိုတွေးသည်။ ဒါနဲ့ပဲ ရွာသို့
ပြန်ခဲ့သည်။ ကိုပေတူးတို့ရွာမှာ ရေမြုပ်နေသဖြင့် ကားလမ်းကသွားလို့မရချေ။ ထို့ကြောင့် လှေ
နဲ့ပဲသွားခဲ့ကြရသည်။ “လှော်..လှော်..လှေကိုလှော်..တောကိုဆန်တက်မည်.. လှော်ကြ..လှော်
ကြ..လှော်ကြ..လှော်ကြ.. တောကိုဆန်တက်မည်” လှေပေါ်တွင်တော့ ပြည်တော်ပြန်ကိုပေ
တူးတို့အဖွဲ့မှာ ၀ီစကီလေးသောက်လိုက်။ အမြည်းလေးစားလိုက်နှင့် စည်းစိမ်ယစ်နေကြသည်။
ရွာကိုရောက်ရင်လည်း မည်သို့မည်ပုံမှာတမ်းချွေ သြ၀ါဒပေးရမည်ကိုလည်း တိုင်ပင်လာကြ၏။
လှေလေးမှာရေပြင်လွှာကို ထိုးခွဲပြေးနေသည်။ ကိုပေတူးသည် လှေဝမ်းထဲမှာထိုင်ပြီး မျက်စိ
ကိုစုံမှိတ် လက်ချောင်လေးများကိုရေထဲချလို့ အေးမြသောရေပြင်၏အထိအတွေ့ကိုခံစားရင်း
ရွာမှာပြောရမည့်စကားများကို စဉ်းစားနေသည်။ “ဒီမှာ..ကြည့်ကြစမ်း သိပ်ပြီးနူးညံ့လှပတဲ့
ပန်းပွင့်လေးတွေ။ ဒီပန်းပွင့်လေးတွေဟာ လောကကြီးကို အလှဆင်ဖို့ကြိုးစားနေတုန်းမှာပဲ
အာဏာရှင်တွေရဲ့လက်ထဲမှာ ဟောသလိုဟောသလို ချေမွဖျက်ဆီးခံခဲ့ကြရတယ်” ပရိတ်
သတ်များကြိတ်ကြိတ်တိုးစည်ကားလှတဲ့ ကွင်းပြင်ကျယ်ကြီးရဲ့အလယ် စင်မြင့်ထက်မှာ ကို
ပေတူးတယောက် အာဘောင်အာရင်းသန်သန်နဲ့ ဟောပြောနေသည်။ လက်ကလည်း ပန်း
ပွင့်လေးများကို ချေမွနယ်ဖတ်လို့။ ပန်းကလေးများကား ကိုပေတူးလက်ထဲမှာ ကြေမွပျက်စီး
လျက်။ ဒါတွေကသူ့ရဲ့ အတွေးအာရုံထဲမှာ။ တကယ်လက်ရှိမှာလည်း ကိုပေတူးတယောက်
စိတ်ကူးထဲကအတိုင်း ရေထဲနှစ်ထားသောလက်တဖက်က တစုံတရာကို ဖျစ်ညှစ်နေခဲ့သည်။
အဆိုပါအရာမှာလည်း စိတ်ကူးထဲကပန်းပွင့်လေးအတိုင်းပဲ အထိအတွေ့က နူးညံ့လှပေသည်။
“ဟေ့လူ..ကိုပေတူး..ခင်ဗျားဘာကြီးကိုဖျစ်နေတာတလဲဗျ” အတူပါသူငယ်ချင်းမှ ပုခုံးပုတ်
ပြီး မေးလိုက်တော့မှ ကိုပေတူးစိတ်ကူးယဉ်ကမ္ဘာထဲမှ လက်ရှိပစ္စက္ခအခြေအနေကို ပြန်လည်
ရောက်ရှိလာသည်။ သူဖျစ်ညှစ်နေသောအရာကိုလည်း ပြန်ကြည့်မိသည်။ “ဟာ.. အီး..အီး
အီးတုံးကြီးပါလား.. ဖွီး.. ဝေါ့..” သောက်စားထားသမျှအားလုံး အကုန်ပြန်ထွက်ချေပြီ။ မှန်ပါ
သည် ရေထဲမျောပါလာသော ၀ါရွှေရောင်အဆင်းနဲ့အီးတုံးကြီးအား ပန်ပွင့်လေးအလား ဖျစ်
ညှစ်ခဲ့မိသည်ကိုး။ ကိုပေတူးစိတ်ထဲ အနည်းငယ်တော့ထင့်သွားခဲ့သည်။ အတိတ်နိမိတ်ကား
မကောင်းပါလားနော်။
ရွာသို့ရောက်ချေပြီ။ ဒီတခါမှာလည်း အထင်နဲ့အမြင်တက်တက်စင်အောင်လွဲပြန်သည်။ မည်
သူကမှလာမကြိုကြ။ ကြီးဒေါ်ကြီးဒေါ်ရွှေ၏အိမ်အရောက်မှာတော့ ကိုပေတူးပေါက်ကွဲတော့
သည်။ “ကြီးဒေါ်တို့ကလည်း ကိုယ့်တူလေးပြန်လာတာကိုတောင် လာကြိုဖော်မရဘူး။ သူ
ငယ်ချင်းတွေလည်း တယောက်မှမလာဘူး။ ဘယ်လိုဖြစ်ကြတာလဲ” “ဟဲ့..ငါတို့မှာလည်း ငါ
တို့အလုပ်နဲ့မအားဘူးဟဲ့။ ခုလည်း ရေတွေကြီးလို့စိတ်ညစ်နေကြတာ မင်းကိုအရေးတယူနဲ့
လာမကြိုအားပါဘူးတော်။ မင်းသူငယ်ချင်းတွေလည်း ရေဘေးဒုက္ခသည်တွေကို ကူညီကယ်
ဆယ်နေရလို့ အလုပ်တွေရှုပ်နေတယ်” “ကြီးဒေါ်တို့ကလည်း အဲဒါခက်တာပေါ့ ကျနော်တို့
က ကြီးဒေါ်တို့ကိုကူညီဖို့ အဝေးကြီးကနေ တကူးတကပြန်လာခဲ့ရတာ ကျနော်တို့ကို အလေး
ထားမှပေါ့” “ဒီမှာပေကြီး မင်းတို့ထက်အလေးထားရမယ့်ကိစ္စတွေ အများကြီးရှိတယ်။ နောက်
ပြီးမင်းတို့က ဒီိမှာဧည့်သည်ပဲ။ မကြာခင်ပြန်မှာ။ ပြီးတော့မင်းဒီမှာကြာကြာမနေနိုင်ပါဘူး။ ငါ
သိတယ်။ ခုနမင်းခြံထဲဝင်လာတုန်းက နောက်ချေးနံ့ကြောင့် မင်း မဲ့တရှုံ့ရှုံ့နဲ့ အော်ဂလီဆန်နေ
တာ ငါမြင်တာပေါ့”
ဘွင်းဘွင်းကြီးပြောချလိုက်သော ကြီးဒေါ်ကြီးစကားကြောင့် ကိုပေသီးမျက်နှာပျက်သွား၏။
“ကြီးဒေါ်ကလဲ ကျနော်ကပြန်မှာဆိုပေမယ့် မပြန်ခင်ကြီးဒေါ်တို့ကောင်းစားဖို့ လမ်းညွှန်ချက်
တွေပေးခဲ့မှာပေါ့” “ဟဲ့..ပေကြီး.. ဘာမှလမ်းညွှန်ချက်တွေပေးမနေနဲ့ မင်းတကယ်တို့ရွာအကျိုး
လိုလားတယ်ဆိုရင် ခုရေဘေးဒုက္ခသည်တွေကို မင်းရှိတဲ့ပိုက်ဆံတွေ လှူခဲ့ပါလား။ မင်းကြီးပွား
ချမ်းသာနေတယ်ဆိုတာငါကြားတယ်” “အင်း.. အဲ.. ဒါကတော့ ဟိုမှာကျန်ခဲ့တဲ့ကျနော့မိန်းမ
နဲ့တိုင်ပင်ရဦးမယ် ကြီးဒေါ်ရ” “ဟွန်း..သိသားပဲ မင်းအကြောင်းကို ကဲ..ဒီမှာကိုယ်တော်..ဘာ
မှရှည်ရှည်ဝေးဝေးပြောမနေနဲ့။ ရှိတာစားပြီး နေနိုင်ရင်နေ။ မနေနိုင်ရင်ပြန်ကြွ။ ငါလည်းအလုပ်
ရှိသေးလို့ လုပ်လိုက်ဦးမယ်” ပြောပြောဆိုဆို ကြီးဒေါ်ရွှေကား နောက်ဖေးသို့ဝင်သွားလေသည်။
“ကဲ..ကိုပေတူး ဘယ်လိုလုပ်ကြမလဲ။ ကျူပ်တို့ရဲ့ပြည်တော်ပြန်ခရီးက မှန်းချက်နဲ့နှမ်းထွက်မ
ကိုက်ဘူး။ တွက်ရေးကစက်သူဌေး တွက်ကြည့်တော့စက်မရှိဖြစ်နေပြီ” “အေးကွာ.. တောက်
ငါတို့ရဲ့နိုင်ငံရေးသိက္ခာတွေလည်း လှိုင်းကြီးလှေအောက်ဆိုသလို ဘယ်လိုမှ အဖတ်ဆယ်မရ
တာ့ဘူး။ ဒီကလူတွေကလည်း ဖွတ်ထွက်လို့ တောင်ပို့မှန်းသိနေကြပြီဆိုတော့ ပြန်ကြရုံပဲရှိတော့
တာပေါ့ကွာ” သူတို့အုပ်စုလည်း ရန်ကုန်သို့ တပ်လန်ပြန်ခဲ့လေသည်။
ရန်ကုန်ရောက်သော် ကိုပေတူးသည် ဟိုမှာကျန်ခဲ့သည့်သူ့ဆရာ ဦးကြောင်သေးကိုဖုန်းဆက်၍
ဖြစ်ကြောင်းကုန်စင်ကို နှပ်သံနှောလို့ငိုချင်းချလိုက်လေသည်။ “ဆရာ ကယ်ပါ..ဆရာ ကယ်ပါ”
“ဟေ့ကောင်..ပေကြီး ဘာလို့ငါ့ကို ကယ်ပါ ကယ်ပါနဲ့ ခဏခဏပြောနေရတာလဲ သူတောင်းစား
လေးရဲ့.. မင်းလုပ်မှ အကုန်သိကုန်တော့မှာပဲ” “ ဟုတ်ပါဘူးဆရာရယ် ကျနော့်အဖြစ်ကိုမြင်
လှည့်ပါဦး.. ဒီမှာကျနော့်အတွက် နေရာမရှိတော့ဘူး။ ဒီမှာဆက်နေရင်ထပ်ပြီး အရှက်တကွဲ
အကျိုးနည်းဖြစ်ဖို့ပဲရှိတယ်။ ဒါကြောင့်ကျနော့်ရဲ့ ရှိစုမဲ့စုတောင်မရှိတော့တဲ့သိက္ခာကို ပြန်တက်
အောင်လုပ်ပေးပါဦးဆရာရယ်.. အားကိုးပါတယ်” “အေးပါ.. ငါတို့က ဘ၀တူတွေဆိုတော့ ငါ
ကိုယ်ချင်းစာပါတယ်။ ငါမင်းဘက်က မားမားရပ်တည်မယ် စိတ်ချ”
ဤသို့ဖြင့် နိုင်ငံကျော်ကဗျာဆရာကြီး ဦးကြောင်းသေးသည် တပည့်ကျော်အရှက်ရခဲ့သည့် ခ
ရီးစဉ်အတွက် သိက္ခာပြန်တက်မလားဆိုပြီး “ရီး..ပဲ” ဆိုသည့်ကဗျာကြီးတပုဒ်ဖြင့် အားလုံးကို
ကလော်တုပ်ရင်း ကိုပေတူးကိုပြန်ခေါ်ထုတ်ခဲ့လေသည်။ သို့သော်ငြား ထိုထိုကလော်တုပ်က
ဗျာကြီးကြောင့် ကိုပေတူး၏သိက္ခာမတက်ခဲ့သည့်အပြင် ရင်ခံခဲ့ရသည့် ပြည်သူအပေါင်းမှသောင်း
သောင်းဖြဖြ မေတ္တာဘလော့လုပ်ခြင်းကို ခံရသောကြောင့် ဦးကြောင်သေး၏ ဂုဏ်သိက္ခာများ
မှာလည်း တစစနဲ့ဖိတ်ကာကျခဲ့ရလေသည်တကား....။
(Satire သဘောမျိုးရေးသားခြင်းသာဖြစ်သောကြောင့် သတင်းအချက်အလက်အမှန်များအပေါ်
အခြေခံရေးသားခြင်းမဟုတ်ပါ။ သို့သော် အမှန်တရားအချို့ ပါကောင်းပါနိုင်ပါသည်။)
ဝန်ခံချက်။ ။ ကျနော်ဖိုးသိကြား ရိုးသားစွာစကားဆိုပါမည်။ ၈၈ဒီမိုကရေစီအရေးတော်ပုံ
မှာတော်လှန်တိုက်ပွဲဝင်ရင်း ရေခြားမြေခြားသို့ရောက်ရှိသွားပြီး အကြောင်းအမျိုးမျိုးကြောင့်
အမိမြန်မာပြည်သို့ ပြန်ခွင့်မသာသေးသော၊ နှစ်တွေဟောင်း နေရာတွေပြောင်း အခြေအနေတွေ
ပြောင်းပေမယ့် မပြောင်းမလဲ ခိုင်မြဲတဲ့စိတ်ဓါတ်နဲ့ ရောက်ရာအရပ်ဒေသမှ တိုင်းပြည်နဲ့လူမျိုးအ
တွက် တတ်နိုင်တဲ့ဘက်က ပေးဆပ်နေကြဆဲဖြစ်သော ၈၈မျိုးဆက် အစ်ကိုတော်၊ အစ်မတော်
အပေါင်းအား အစဉ်ထာဝရ ချစ်ခင်လေးစားဂုဏ်ယူလျက်ပါ။ ယခုစာမှာလည်း ထိုထိုသော
အစ်ကို၊ အစ်မအပေါင်းအား ရည်ညွှန်းခြင်းမဟုတ်ပါကြောင်း ထပ်လောင်းပြောကြားရင်း
အားလုံးကိုချစ်ခင်လေးစားသော.. ဖိုးသိကြား (08/09/2012)

1 comment:
အရမ်းကောင်းပါတယ်။
Post a Comment