Monday, February 13, 2012

ဖေဖော်ဝါရီ ၁၃

·


ရာဇ၀င်မှာစာတင်

ထာဝစဉ်မညှိုး

မော်ကွန်းထိုးလောက်တဲ့

မြင့်မြတ်တဲ့ လူသားတယောက်

လူ့လောကရောက်ရှိခဲ့တဲ့နေ့

၉၇ ကြိမ် ပြည့်ခဲ့လေပြီ..။


ဖေဖော်ဝါရီ ၁၄

အရေးမပါတဲ့နေ့ရက်

ဘာမှမပတ်သက်ပေမယ့်

မှတ်မှတ်သားသား

သတိထားကြတဲ့ လူငယ်တွေ

တို့တိုင်းပြေမှာ များလှပေသည်..။


တိုင်းပြည်ရဲ့ခေါင်းဆောင်

အများအကျိုးဆောင်ရင်း

အသက်ကိုစတေး

လွတ်လပ်ရေးအတွက်

ပေးဆပ်ခဲ့တဲ့ အာဇာနည်သခင်

ဖခင်ဗိုလ်အောင်ဆန်းရယ်

အဖကိုယ်စား ရင်နာမိတယ်...။


နောင်တခေတ်ရဲ့ ခေါင်ဆောင်လောင်း

အသင်...လူငယ်အပေါင်းတို့

သင်တို့ကောင်းမှ တိုင်းပြည်ကောင်းမည်

သင်တို့ညံ့ရင် တိုင်းပြည်ဂန့်မည်..။

သင်တို့ပျက်က တိုင်းပြည်ငတ်မည်..။

ဒါကြောင့်...

သိသင့်သည်ကို သိကြပါ..။

ဖတ်သင့်သည်ကို ဖတ်ကြပါ..။

မှတ်သင့်သည်ကို မှတ်ကြပါ..။

အများရောယောင် ယောင်တောင်တောင်နဲ့

ကိုယ်ပါ မယောင်မိစေနဲ့...။

သူများပေါကြောင် ကြောင်တောင်တောင်နဲ့

ကိုယ်ပါ မကြောင်မိစေနဲ့..။

အများရှေ့ဆောင် တိုင်းပြည်ကောင်းအောင်

စွမ်းဆောင်ကြိုးစားကြပါစို့....။



ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ကို ဂုဏ်ပြုလျက်..

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား (13/02/2012)

No comments: