ဂဏန်းလို လူစားများသို့

မကူညီရင်နေပါ...
မနှောက်ယှက်ပါနဲ့..။
မတူညီရင်သွားပါ..
ဂလန့်မတိုက်ပါနဲ့..။
မကြင်နာရင်နေပါ..
မရက်စက်ပါနဲ့..။
မပတ်သက်ချင်နေပါ..
မဖျက်စီးပါနဲ့..။
တို့အားလုံးအတွက်
အမေ့လက်နဲ့ရေးခြယ်နေတဲ့
"ငြိမ်းချမ်းရေးပန်းတိုင်"
ပန်းချီကားတချပ်
အသက်မ၀င်ခင်
ဘေးထိုင် ဘုပြော
နတ်သံနှောတဲ့ အတောတွေ
မကြားပါရစေနဲ့..။
ဖျက်လိုဖျက်ဆီး သဘောတွေ
မတွေ့ပါရစေနဲ့..။
အနှောက်အယှက်ဘေးတွေ
မပေးကြပါနဲ့..။

(အမေနဲ့ ပြည်သူတွေရဲ့ ချစ်ကြည်ညီညွတ်မှုတွေကို မနာလို မရှုစိမ့်ဖြစ်ကာ ဖျက်လိုဖျက်စီး လုပ်နေကြသူများသို့)
အားလုံးကို ချစ်ခင်လေးစားသော..ဖိုးသိကြား (20/02/2012)
No comments:
Post a Comment