Tuesday, February 28, 2012

ဖိုးသိကြား ဆက်မက်ချင်သော အိပ်မက်များ(သို့)ဖိုးသိကြားနှင့် ဖွတ်တော် (အပိုင်း-၁)

ဖိုးသိကြား ဆက်မက်ချင်သော အိပ်မက်များ(သို့)ဖိုးသိကြားနှင့် ဖွတ်တော် (အပိုင်း-၁)

·


တနေ့သ၌ ကျန်ုပ် နတ်တို့သနင်း သိကြားမင်းသည် တာဝတိံသာနတ်ပြည်ရှိ စံအိမ်တော်ဝယ် နတ်ဘွတ်(ဖေ့ဘွတ်

မဟုတ်) မှတဆင့် နတ်မဒီကညာတသိုက်နှင့် အကြည်ဆိုက်နေခိုက် ကျန်ုပ်အောက်ရှိ စပရုကဗ္ဗလာ ဒန်းလော့မွေ့

ယာမှာ အေးစက်တောင့်တင်းသွားသည်ကို ခံစားရလေသည်။ အရေးကောင်း ဒိန်းဒေါင်းဖျက်သဖြင့် ကျန်ုပ်၏ မျက်

နှာမှာလည်း မွေ့ယာနှင့်အပြိုင်တင်းသွားပြီး အခြင်းအရာကို ဆင်ခြင်မိသော်..


အလို လူ့ဘုံခန်းဝါ လူ့ပြည်ရွာမှ တခုသော တိုင်းပြည်မှာ လွှတ်တော် အစည်းအ၀းတရပ် ကျင်းပနေသည်ကို တွေ့

လိုက်ရလေတော့၏။ ကျန်ုပ်လည်း ဆင်း၍ စုံးစမ်းချေမှ ဖြစ်တော့မည်ဟု တွေးမိကာ မာတလိကို ခေါ်လိုက်သည်။

"ဟဲ့မာတလိ..လူ့ပြည်ရွာမှာ အကြောင်းထူး ပေါ်လာပြီ။ ဒီတော့ လာမယ့်သင်္ကြန်အထိ မစောင့်ဘဲ ယခုပင် လူ့ပြည်

ဝင်မယ်.. နတ်ပန်းရထား အသင့်ပြင်ကွယ့်.." "အမိန့်တော်မြတ်အတိုင်းပါ.. ဘိုးတော်သိကြား.."ဤသို့ဖြင့် ဖိုးသိ

ကြားလည်း နတ်ဘွတ်မှ အပေါင်းအသင်း ရောင်းရင်းများကို ဘိုင့်ဘိုင့်နှုတ်ဆက် Log Out ထွက်လို့ လူ့ရွာသို့ ဆင်း

ခဲ့ရပြန်ချေပြီတမုံ့...။


ဖိုးသိကြားတို့ လူ့ပြည်သို့ရောက်သော် အဆိုပါတိုင်းပြည်မှ ပြည်သူတို့ရဲ့ဘ၀ကို အမှန်သိစေဖို့ လူ့အသွင် ဖန်ဆင်း

လိုက်သည်။ တနေရာတွင် လူတွေစုရုံးကာ ထိုင်နေကြသည်ကို မြင်ရ၏။ စုံစမ်းကြည့်သော် အခြားတဖက်နိုင်ငံမှ

လာရောက် စက်ရုံထောင်သည့် တိုင်ကီသူဌေး ဦးအချောင်တုပ်ကို မကျေနပ်လို့ ဆန္ဒပြနေကြခြင်းပင်။ ဦးအချောင်

တုပ်၏ အလုပ်သမားများမှာ မိမိတို့ နေအိမ်တွင် ရေဖြည့်ရန်အတွက် တိုင်ကီ တလုံးစီပေးပါရန် တောင်းခံကြသည်။

ဦးအချောင်တုပ်မှာ တိုင်ကီတွေ ထုတ်လုပ်နေသဖြင့် ပေါများစွာ ရှိသော်လည်း မိမိအလုပ်သမားများကို မပေးချင်။

ထို့ကြောင့် ဆန္ဒဖော် ထုတ်နေကြခြင်း ဖြစ်ပေ၏။ ရပ်ကွက်လူကြီးများမှ ၀င်ရောက်ညှိပေးတော့ တိုင်ကီများကိုပေး

မည်။ သို့သော် ထိုတိုင်ကီများမှာ အစုတ်အပျက် အပေါက်များဗရပွ ဆိုတော့ ရေထည့်သုံးလို့ မရ။ ရေထည့်လိုက်ရင်း

အောက်မှ ထွက်သွားရင်း ဖြစ်နေသည်။


ကျန်ုပ် ဖိုးသိကြားလည်း မနေသာတော့ဘဲ တိုင်ကီသူဌေးအခန်းသို့ဝင် ကိုယ်ထင်ပြလိုက်သည်။ "ဟဲ့.. တောက်ပ

ရုပ်တုတ်..အန်းကုန်း ကယ်တော်မူပါ.. နီက ဘူလေးလဲဟေ့.. ဘူလေးလဲ.." "ငါသည်ကား နတ်တို့သနင်း သိကြား

မင်း ဖြစ်ပေတယ်.." "သြော်..နီက နတ်တလင်းက တိကြား အ၀ယ်တော်မင်းကိုး.. အီတော်ပဲ ၀လည်း တိကြားဈေး

တွေ တက်နီလို့ တိကြားပွဲရုံ ထောင်မီလို့ ချီးစားနေတာ.. ဒါနဲ့ နီ့တိကြားက ဘီဈေးလဲ.." "တယ်.. ဒီမဟုတ်တရုတ်

အယုတ်တမာ အချောင်တုပ်ကတော့ ငါလုပ်လိုက်လို့ သေတော့မယ်.. ငါ့ကိုများ ဘူလေးလဲတို့ ဘီဈေးလဲတို့ လာ

လုပ်နေတယ်.. ငါက တာဝတိံသာနတ်ပြည်က နတ်သိကြား.. ကဲ..မှတ်ပြီလား" ဟုဆိုကာ တရုတ်ငယ်ထိပ် ဖနောင့်

ဖြင့် ထပေါက်လိုက်လေ၏။


ဒီတော့မှ အချောင်တုပ်လည်း အလန့်တကြားနဲ့ "၀မ်းကြား၊ ၀မ်းကြား၊ ၀မ်းဝမ်းကြား.." ဆိုပြီး အရိုအသေပေးလို့

ကန်တော့ဦးချလေတော့သည်။ "ဒီမယ်တရုတ်.. သူများတိုင်းပြည်လာသေး.. အခွင့်အရေးကျ အပြည့်အ၀မပေးချင်

ငါအခု လွှတ်တော် သွားမလို့.. အပြန်ကျရင် ဒီကိုပြန်ဝင်မယ်။ အလုပ်သမား တောင်းဆိုတာတွေကိုပြေလည်အောင်

လုပ်ထား.. မဟုတ်လို့ကတော့ ငါကိုယ်တိုင် မင်းကို အ၀ီစိပို့မယ်.." ဟု ကြိမ်းမောင်းကာ ထွက်ခဲ့လေသည်..။


တနေရာအရောက်..

ဟေ့..ကားနံပါတ်မှတ်.. အဲဒီ့ကားနံပါတ်မှတ် ဆိုသည့် အသံကိုကြား၍ ယာဉ်တိုက်မှု ဖြစ်ပြန်ပြီလားလို့ ကြည့်လိုက်

သော်..ဂျာနယ်တိုက်တခုမှ ကားတစီးနံပါတ်ကို မှတ်ခိုင်းခြင်းဖြစ်သည်။ တဖက်မှာလည်း ဂျပုလူမျိုးတဦး သူခိုးလို

လို ကြပိုးလိုလိုဖြင့် ခိုးကြောင်ခိုးဝှက် လုပ်နေသည်။ သူ့ဘေးနားမှာလည်း လူတချို့က ကျေးဇူရှင် ပထွေးအလား ၀ိုင်း

ဝန်း ကာကွယ်ပေးနေသည်။ ဖိုးသိကြားလည်း အကြောင်းစုံသိလိုသဖြင့် "ဟဲ..မာတလိ.. လိုက်ကြည့်စမ်း.. ပြီးရင်

ပြန်လာခဲ့.. ငါဟိုနားက အင်တာပျက်ဆိုင်မှာ ရှိနေမယ်.. သုဇိတာ၊ သုမာလာ၊ သုစိတ္တာ၊ သုနန္ဒာတို့ဆီ နတ်မေလ်းပို့

ရင်းနဲ့ စောင့်နေမယ်.." ဟုဆိုကာ ကျနုပ်ဖိုးသိကြားလည်း ပြောပြောဆိုဆိုဖြင့် အင်တာပျက် ဆိုင်ထဲဝင်ခဲ့လေသည်။


ဆိုင်ထဲရောက်သော်.. နတ်မေးလ်း တို့ နတ်ဘွတ်တို့သုံးရန် ဖွင့်လေရာ.. ဖိုးသိကြား အကြီးအကျယ် စိတ်လေပြီ

တကား.. နတ်ဘ၀မှာ လိုတရခဲ့သော ဖိုးသိကြား ဒီတိုင်းပြည်ရောက်မှ စိတ်ဓါတ်တွေ ကျချေပြီ။ အခြားအရာတွေ

ကို အစိုးရပေမယ့် ကော်နက်ရှင်ကိုတော့ အစိုးမရလေတော့ ဒုက္ခလှလှ တွေ့ရလေပြီ။ နတ်မေးလ်းလည်း မပွင့်။ နတ်

ဘွတ်လည်းမတက်နှင့် စိတ်ပျက်ရချေပြီ။ တာဝတိံသာဒေါ့ကွန်း မှတဆင့်ဝင်ပြန်တော့လည်း Loading ဆိုသည့်

ဝလုံးလေးပဲ ၀ိုင်းအောင် ရေးနေ၏။ ဒီလောက်တောင်နှေးတဲ့ ကော်နက်ရှင်ကို ဘယ်သတ္တ၀ါတွေက ဖန်တီးနေပါ

လိမ့် နတ်မျက်စိနှင့်ကြည့်လိုက်တော့ တွေ့ပြီ.. ခြေထောက်ကျိုးနေသော လိပ်ကို ဘိန်းရှူထားသော ပက်ကျိအိုကြီး

မှကော်နက်ရှင်လိုင်း အတွင်းမှ တွဲခေါ်နေတာ တွေ့ရ၏။ အင်း.. ဒီလိုသတ္တ၀ါတွေ ရှိနေသရွေ့ အင်တာပျက် သုံး၍

မရနိုင်ပြီကို ဆင်ခြင်မိသဖြင့် ဆက်မသုံးတော့ဘဲ ဆိုင်ပြင်သို့ထွက်ကာ မာတလိကို စောင့်နေလိုက်တော့သည်..။


မကြာခင်မှာ မာတလိပြန်ရောက်လာသည်။ "ဘိုးတော်သိကြား.. အင်တာပျက်သုံးတာ မြန်လှချည်လား.. ဧကန္တ

ကော်နက်ရှင် အရမ်းကောင်းလို့ ဖြစ်မယ်" "ဘယ်ကလာ..တက်ကိုမတက်လို့ စိတ်ပျက်ပြီး ထွက်လာတာ.. ဒါနဲ့

နေစမ်းပါဦး.. ခုန သွားစုံစမ်းတာ ဘယ်လိုလဲ.." "ဒီလိုပါ.. ဘိုးတော်သိကြား.. ဟိုဂျပုလူမျိုးဟာ ဒီကဟော်တယ်

တခုမှာ တည်းပါတယ်။ တနေ့ အပြင်ကနေပြန်လာတော့ ဘာညာဇယား ဆွဲလာပါတယ်။ ဒါကို ဟော်တယ်ဝန်ထမ်း

အမျိုးသမီးက မေးမြန်းလို့ဆိုပြီး ပါးရိုက်ပါတယ်။ ဒီလိုနဲ့ တရားရုံးရောက်တော့ တရားခံက တရားလိုဖြစ် တရားလိုက

တရားခံဖြစ်နဲ့ ပြောင်းပြန်တွေ ဖြစ်ကုန်ပြီး အရိုက်ခံရတဲ့ အမျိုးသမီးဟာ ကံကောင်းလို့ အချုပ်မကျတာပါ။ အဲဒီ့ ဂျပု

လူမျိုးကို ပြည်နှင်ဒဏ်ပေး လိုက်ပြီ လို့ ဆိုပြီး ခုနတွေ့လို့ ဓါတ်ပုံရိုက်တာကို ဂျပုရဲ့ ဒူးမနာသားတွေက မကျေမနပ်ဖြစ်

ပြီး ကားနံပါတ်မှတ်ခိုင်းတာပါ.." "ဟေ.. ဒီလိုမျိုးတွေ ရှိသလား.. ဒါံကြောင့် တိုင်းတပါးသားတွေက ဒီနိုင်ငံကိုလာပြီး

အိမ်ဦးခန်းထက် ချေးတက်ပါ နေကြတာပေါ့။ လာ..အဲဒီ့အမှုကို ကိုင်တွယ်နေတဲ့ တရားသူကြီးဆီ သွားကြစို့" ဆိုပြီး

ထွက်ခဲ့လေသည်..။


တရားသူကြီးမှာ ကျန်ုပ်တို့ ၀င်လာသောအခါ ကြောက်ရွံ့သွားပြီး မျက်နှာမှာ ဒန့်သလွန်ရွက်လောက်သာ ရှိတော့၏။

ဖိုးသိကြားလည်း ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ.. "ဟေ့..ဒီမှာ ငါသိကြားမင်း သင်ကိုင်တဲ့အမှုကို စောင့်ကြည့်

နေမယ်။ အမှန်ကို အမှန်အတိုင်းပဲ ဖြစ်ပါစေ.. ဂျပုလူမျိုးဆိုပြီး မျက်နှာမလိုက်နဲ့။ ကိုယ့်လူမျိုးအပေါ်မှာလဲ မနှိမ့်ချနဲ့။

ဥပဒေအထက် ဘယ်သူမှ မရှိစေရဘူး။ ရှိခဲ့ရင် ငါကိုယ်တိုင်ရှင်းမယ်။ ခွေးသားရည်ချပ်မှာတောင် မမှတ်တော့ဘဲ

ချက်ခြင်း အ၀ီစိပို့မယ်.. ဒါပဲ..." ဟုကြိမ်းမောင်းကာ ဆက်ထွက်ခဲ့ပြန်တော့သည်...။ (နားပါဦးမည်...။)

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား (28/02/2012)

No comments: