Wednesday, February 15, 2012

ညီစေကွယ့် ညီစေ



ချီလေတဲ့ ချီလေ..

တို့တတွေ ဒီခရီး

လျှောက်ခဲ့ပြီး မနီးပါ

ပန်းတိုင်ဝေးခဲ့တာ..။


ဒီရေနဲ့ဒီလေ

တိုတွေကို တိုက်ကာစား

ဒိုက်တွေကြား မြုပ်ခဲ့ကြ

လှုပ်ခွင့်ဝေးခဲ့ရ...။


ကြည်စေခဲ့ကြည်စေ

နောက်လေတဲ့ ထိုဒိုက်ဖတ်

အမေ့လက်နဲ့ ဖယ်ကာရှား

လွတ်ခဲ့ရပြီဗျား..။


ညီစေကွယ့် ညီစေ...

တို့တိုင်းပြေ တိုးတက်ရန်

အမေ့ထံ ၀န်းရံလို့

ညီညွတ်ကြပါစို့..။



(လာမည့် ဧပြီတရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အမေစုရဲ့ NLD ပါတီကို မဲပေးကြပါစို့)

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား (15/02/2012)

No comments: