ငါတို့တာဝန်....ကြေရမည်...။
ပြည်သူ့အတွက် သူပေးဆပ်ဖို့
မရပ်မနား ခရီးသွားပြီး
မနားမနေ ကြိုးစားလေတဲ့
တို့ရဲ့အမေ...ကျန်းမာပါစေ..။
ပြည်သူ့အကျိုး ရွက်သယ်ပိုးပြီး
အဆိုးများပျောက် အကောင်းရောက်ဖို့
လမ်းဖောက်လို့ပေး စွမ်းဆောင်ပေးတဲ့
တို့ရဲ့အမေ...ချမ်းသာပါစေ..။
ပြည်သူ့ဆန္ဒ မှန်သမျှကို
မြန်စွမကြာ ပြည့်ဝပါစေ
မေတ္တာဝေကာ အားထုတ်ပါတဲ့
တို့ရဲ့အမေ...လန်းဖြာပါစေ..။
တိုင်းပြည်အပေါ် သစ္စာတော်ကို
ထုတ်ဖော်ပြသ ဆိုဆုံးမတဲ့
တို့ရဲ့အမေ ကျေးဇူးတွေအား
တို့များသိတတ် ကျေးဇူးဆပ်ရန်
သံဓိဌာန်ချ ကြွေးကြော်ကြစို့
ငါတို့တာဝန်....ကြေရမည်...။
ငါတို့တာဝန်....ကြေရမည်...။
ငါတို့တာဝန်....ကြေရမည်...။

(အမေ့ကိုကျေးဇူးဆပ်တဲ့ အနေနဲ့ အမေ့နဲ့ အမေ့ပါတီ NLD ကို ထောက်ခံ အားပေးကြပါစို့)
အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား (17/02/2012)
No comments:
Post a Comment