ပြောရဦးမယ်ဗျာ ခုတလော ဖိုးသိကြားအလုပ်တွေများနေလို့ onlineကို ပုံမှန်မတက်နိုင်တဲ့
ကြားကပဲ ကြားရတဲ့ သတင်းတွေက ရင်ထဲမှာကလိကလိဖြစ်လာလို့ ရေးလိုက်တာပါ၊
အားလုံးလဲ ကြားပြီးဖြစ်မှာပေါ့.. ဘာတဲ့.. တသောင်းတန်ထုတ်မယ် ဆိုပါလား ကြားလိုက်
တာနဲ့ ချက်ချင်းကို ဒေါသဖြစ်သွားတယ်။ ဘယ့်နှယ်ဗျာ ပြည်သူတွေကို ဘီယံနာကြီးတွေလို့
ထင်နေကြလား မသိဘူ။ သူတို့အတွက်တော့ ကောင်းမှာပေါ့. နိုင်ငံတော်ငွေတွေကို စိတ်
ကြိုက် သုံးဖြုန်းနေကြတာကိုး.။ ကျွန်တော်တို့ပြည်သူတွေမှာတော့ တနေ့လုပ်မှတနေ့စား
ကြရတဲ့ဘ၀.. သူတို့အတွက်ကတော့ နေ့စဉ် ပိုက်ဆံသိန်းချီသောင်းချီကိုင်ပြီး ဘီယာလေး
သောက်။ ကေတီဗွီလေးသွား။ မာဆတ်လေးနှိပ်ခံနဲ့ တသောင်းတန်က သေးတောင်သေး
သေးတယ်။ ကျွန်တော်တို့ ပြည်သူတွေမှာတော့ အဲဒီတသောင်းတန်တွေက ၀န်ထုတ်ဝန်ပိုး
ကြီးပဲ။ နေရာတိုင်း သုံးလို့မရ ၀ယ်ချင်တာအလွယ်တကူဝယ်လို့မရနဲ့. ဆိုကြပါစို့ဗျာ..
လစာ တသိန်းရတဲ့လူတယောက် လစာတသိန်းဆိုတာ ပိုပြောတာပါ..။ လူတိုင်းမရပါဘူး
ထားပါတော့.. တသိန်းရတယ်ပဲထား. အလုပ်ရှင်က တသောင်းတန်၁၀ရွက် ပေးလိုက်တယ်။
ဝယ်ရမယ့်ပစ္စည်းတွေကလည်း အမယ်မယ် အဓိကကမီးဖိုချောင်သုံးပစ္စည်းတွေကို နေရာစုံ
မှာ ၀ယ်ရမှာ။ အဲဒီတသောင်းတန်ကြီးကိုင်ပြီး သာမန်ဈေးလေးထဲမှာ ဘယ်လိုဝယ်ချမ်းရမလဲ
သွားပြီခေါင်းစားပြီ..။ ဟိုမှာလဲမအမ်းနိုင်.. ဒီမှာလဲမအမ်းနိုင်.. သာမန် ဈေးသည်လေးတွေက
လည်း ဘယ်သူကလိုချင်မှာလဲ.. ခက်တယ်ဗျာ.. ဒီလူတွေမသိတာလား? မသိချင်ယောင်
ဆောင်တာလား? ဘယ်သူက ကျောက်ရူးထပြီး အဲဒီအကြံဥာဏ်ပေးလဲမသိဘူး. ဘဏ္ဍာ
ရေးနဲ့အခွန်ဝန်ကြီးပဲလား.. ခေါင်းချောင်ကြီး ကိုယ်တိုင်လား နအဖတွေ အားလုံးကတော့
ထောက်ခံကြမှာပေါ့ သူတို့အတွက်ကောင်းတာကိုး။ ပြည်သူတွေအတွက်တော့ မစဉ်းစား
ကြဘူး.။ ပြောတော့ပြည်သူအတွက် ဘာပြည်သူ့အတွက်လဲ..တောက် ပြောရင်းနဲ့ဒေါသ
ထွက်လာတယ်..။ နိုင်ငံမှာ နေ့စဉ် ပိုက်ဆံသောင်းချီကိုင်ပြီး သုံးနိုင်တဲ့သူက ဘယ်နှစ်ရာခိုင်
နှုန်းရှိမှာမို့လဲ.. ၁၀%အောက်မှာပဲရှိမယ်..။ အများစုက လက်လုပ်လက်စားတွေ။ အများ
အတွက်မကြည့်ပဲ လူနည်းစုကောင်းစားရေးပဲ လုပ်နေကြတယ်..။
အမှန်ဖြစ်သင့်တာက ငွေစက္ကူတွေကို တန်ဖိုးမြှင့်ရမှာမဟုတ်ဘူး.။ ငွေကြေးကို တန်ဖိုးမြှင့်
ရမှာ။ ဟိုးတုန်းက မြန်မာငွေတကျပ်ဟာ အမေရိကန်ဒေါ်လာတဒေါ်လာနဲ့ ညီတယ်လို့ မှတ်
သားဖူးတယ်။ ဟုတ်မှာပါ။ ဒါကြောင့်လည်း ရှေးတုန်ကပိုက်ဆံတွေကို ဈေးကြီးပေးပြီး လိုက်
ဝယ်ကြတာပေါ့။ ခုချိန်ထိ တန်ဖိုးမလျော့ဘူး..။ ရွှေအပေါင်ပေးပြီး တန်ဖိုးမြှင့်ထားတာလို့ ပြော
ကြတာပဲ။ အဲလိုတန်ဖိုးမြှင့်လို့ရမယ်။ သူတို့ခေတ်မှာတော့ ထုတ်လိုက်တဲ့ပိုက်ဆံအသစ်တွေ
ခုဆို ကျပ်တန်တို့ ငါးကျပ်တန်တို့ဆိုတာ ပြတိုက်ထဲမှာသွားကြည့်ရတော့မယ်။
အမှန်ပြောရရင် ကျွန်တော်တို့တိုင်းပြည်ဟာ သယံဇာတတွေနဲ့ ကြွယ်ဝချမ်းသာတဲ့ တိုင်းပြည်
ပါ..။ တိုင်းပြည်က မဆင်းရဲပါဘူး..။ ဆင်းရဲနေတာက ပြည်သူတွေ.. ချမ်းသာနေတာက အာဏာ
ရှင်နဲ့အပေါင်းအပါတွေ.. ပြည်သူတွေမှာကတော့ နစ်သထက်နစ်.. မွဲသထက်မွဲ.. သူတို့ကတော့
ချမ်းသာပြီးရင်းချမ်းသာ။ လူတန်းစားတွေက အဆမတန် ကွာခြားနေတယ်..။ ခုဆိုကျွန်တော်တို့
တိုင်းပြည်မှာ လူတန်းစား၂ရပ်ပဲရှိတော့တယ်။ ချမ်းသာတဲ့လူတန်းစားနဲ့ ဆင်းရဲတဲ့လူတန်းစား
သူများတိုင်းပြည်တွေလို လူလတ်တန်းစားဆိုတာ မရှိတာ့ဘူး..။ အဲဒါဘာကြောင့်လဲ? ရှင်းပါတယ်
အာဏာရှင်တွေက စီးပွားရေးလုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ် ခြယ်လှယ်နေလို့ပဲ..။
အထက်မှာ ကျွန်တော်ပြောခဲ့သလို ရွှေပေါင်ပေးပြီး ငွေကြေးတန်ဖိုးမြှင့်လို့ရတယ်ဆိုရင် ကျွန်
တော်တို့ဆီမှာ ရွှေတင်မကပါဘူး.. တခြားစိန်တွေ ပတ္တမြားတွေ ကျောက်စိမ်းတွေတပုံကြီးပါ။
(ဦးသန်းရွှေတို့ ဦးသိန်းစိန်တို့ကို ဆိုလိုခြင်းမဟုတ်) နအဖစစ်အစိုးရတက်လာခါစက သတင်း
စာတွေထဲမှာ ပါပါလာတဲ့ န၀တပတ္တမြားကြီးတို့ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးတို့ဆိုတာ
တွေ ဘယ်ရောက်သွားပြီလဲ..။ မရှိဝမ်းဆာရှိတန်ဆာတဲ့.. ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်
အဒါကြီးတွေကို ထုခွဲရောင်းချပြီး ပြည်သူတွေအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသင့်
တာပေါ့ဗျာ..။ ပြောမယ့်သာပြောရတာ.. အဲဒီပတ္တမြားကြီးတွေ ကျောက်စိမ်းတုံးကြီးတွေကို သူတို့
တတွေပဲ ထုခွဲရောင်းချ ဝေမျှယူလိုက်ပြီထင်ပါရဲ့..။ န၀တပတ္တမြားဆိုတဲ့အတိုင်း န၀တ (ယခုနအဖ)
တွေပဲ ယူလိုက်ကြမှာပေါ့ (ဝေပုံတောင်တည့်ကြရဲ့လားမသိ)။ ပြီးတော့ သူတို့မဟုတ်တာလုပ်တာ
တွေကို နိုင်ငံတကာအလယ်မှာ အကာအကွယ်ပေးဖို့ တယုတ်ကြီးကိုလည်းပေးကမ်းရမှာပေါ့..။
ကျွန်တော်ဖတ်ဖူးတဲ့ ကာတွန်းလေးတကွက်ကို သွားသတိရတယ်..။ လူတယောက်က ကန်စွန်း
ရွက်သည်ကို ကန်စွန်းရွက်ဘယ်ဈေးလဲလို့ မေးတော့ ကန်စွန်ရွက်သည်က လက်ကာပြပြီး နေဦး
လို့ဆိုတယ်..ပြီးတော့မှ ဘေးနားကဈေးသည်တယောက်ကို လှမ်းမေးတယ်..။ “ဟဲ့.ဒီနေ့ဒေါ်လာ
ဈေးဘယ်လောက်လဲ..” တဲ့။ သဘောကတော့ ကန်စွန်းရွက်လည်း ဒေါ်လာဈေးကိုလိုက်ပြီး အတက်
အကျရှိမယ် ဆိုတဲ့သဘော..စဉ်းစားကြည့်ရင် ဟုတ်တယ်ဗျ..ကန်စွန်ရွက်က ပြည်တွင်းကရတာ
ဆိုပေမယ့် ကန်စွန်းရွက်သည်ကလည်း ကန်စွန်းရွက်တခုထဲနဲ့ အသက်ရှင်ရပ်တည်လို့မှမရတာ
တခြားပစ္စည်းအသုံးအဆောင် စားသောက်ကုန်တွေ ၀ယ်ရသေးတာပဲ..။ တခြားစားရိတ်တွေ တက်
တော့ အဲဒီစားရိတ်တွေ ကာမိအောင် သူလည်းဈေးတက်ရတာပေါ့..။အဲဒီတော့ ဒေါ်လာဈေးတက်
ရင် ရွှေဈေး၊ရေနံဈေး၊ဆီဈေးကနေ ကုန်ဈေးနှုန်းမှန်သမျှ လိုက်တက်ရတော့မှာပဲ..။ ဒေါ်လာငွေ
ဘာလို့တက်လဲ? မြန်မာငွေတန်ဖိုးကျလို့.. ဒီတော့လုပ်ရမှာက မြန်မာငွေ တန်ဖိုးတက်အောင်လုပ်
ရမှာ..။ မြန်မငွေတန်ဖိုးတက်ရဲ့သားနဲ့ မတရားအမြတ်ကြီးစားတဲ့ ကုန်သည်တွေရှိသေးရင် မှတ်
လောက်သားလောက်အောင် အပြစ်ပေးမယ်ဗျာ..။ ဒါဆို ပြည်သူအများစုအတွက် အသက်ရှူ
မချောင်ဘူးလား..။ ခုတော့ ပြည်သူတွေ အသက်ရှူကျပ်ပြီး သေပစေ.. သူတို့ချောင်လည်ရင်ပြီးရော
ဆိုပြီး လုပ်နေကြတယ်။
နောက်တခုက ငွေစက္ကူအသစ်ထုတ်ရမယ့်အစား အခုသုံးစွဲနေတဲ့ ငွေစက္ကူ အညစ်အနွမ်းအစုတ်
အပြတ်တွေကို အသစ်နဲ့ပြန်လဲပေးရမှာ.. ခုတော့ ကြည့်ကြပါဦးဗျာ.. ငွေစက္ကူကလည်း သာမန်စက္ကူ
လောက်တောင် ကျက်သရေမရှိ ရိရွဲနေတာပဲ..။ နိုင်ငံတကာ ငွေတွေအလယ်မှာ မျက်နှာငယ်ရတယ်။
ငွေတောမတိုးဘူးပေါ့ဗျာ..။ အကယ်လို့သာ အဲဒီစုတ်ပြတ်သတ်နေတဲ့ ငွေစက္ကူတွေကို အသစ်နဲ့ပြန်လဲ
ကြာရှည်ခံမယ့်နည်းတွေနဲ့ (ဥပမာပလတ်စတစ်နဲ့ပြောင်းထုတ်တာမျိုး) ထုတ်ပေးမယ်ဆိုရင် ပြည်သူ
တွေက ကျေးဇူးတင်မှာပါ..။ ကျွန်တော်ကတော့ ပြည်သူတွေအတွက်ကောင်းအောင် လုပ်ပေးတယ်
ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ကျေးဇူးတင်ချီးမွမ်းပြောဆိုဖို့ ၀န်မလေးပါဘူး..။ နအဖဘာလုပ်လုပ် မကောင်း
ဘူးဆိုပြီး မျက်စိမှိတ်ခေါင်းယမ်းနေမယ့်သူ မဟုတ်ဘူး..။ ဒါပေမယ့် ခုချိန်ထိတော့ ဘာတခုမှချီးမွမ်း
ပြောဆိုဖို့ မတွေ့သေးတာတော့အမှန်ပဲ..။ ခုချိန်ထိ တွေ့နေကြားနေရတာတွေကတော့ သူတို့ကိုယ်
ကျိုးအတွက်ပဲ သုံးစွဲစားသောက်.. စစ်အသုံးစရိတ်တွေမြှင့်တင်နဲ့ အဲဒီသူတို့ မိုက်မဲယုတ်မာသမျှတွေကို
ပြည်သူတွေက ခါးစည်းခံနေကြရတာပဲ တွေ့တယ်
နိဂုံးချုပ်ပြောရမယ်ဆိုရင် အာဏာရှင်နဲ့အပေါင်းအပါတွေ.. လူနည်းစုဖြစ်တဲ့ လူချမ်းသာတွေသာ
အဆင်ပြေကောင်းစားပြီး ပြည်သူအများအတွက် အကျိုးမရှိဘဲ ပိုလို့ဒုက္ခရောက်မယ့် တသောင်းကျပ်
တန်အသစ်ထုတ်မယ့် အစီအစဉ်နဲ့ အဒီအစီအစဉ် တင်ပြထောက်ခံ အကောင်အထည်ဖော်သူများကို
ဆန့်ကျင်ရှုတ်ချပါကြောင်း..။

ဖိုးသိကြားရင်ဖွင့်သည်။