Thursday, December 23, 2010

ခရစ်စမတ်လက်ဆောင်



ကမ္ဘာပေါ်တွင်ဘာသာကြီး(၄)မျိုးရှိသည့်အနက်ခရစ်ယာန်တို့၏အထူးအမြတ်ထားဆင်နွဲသည့်
ခရစ်စမတ်ပွဲတော်ကြီးကားနီးကပ်လို့လာခဲ့ပါပြီ။ခရစ်စမတ်ပွဲတော်ရောက်တိုင်းခရစ်ယာန်ဘာ
သာဝင်များအနေနဲ့တဦးနဲ့တဦးဆုတောင်းမေတ္တာများပို့သခြင်းဓမ္မတေးများဖြင့်ခရစ်တော်အား
ပူစော်ခြင်း၊ခရစ်စမတ်လက်ဆာင်များအပြန်အလှန်ပေးပို့ခြင်းစသည်ဖြင့်လုပ်ဆောင်ကြလေသည်။
ကျွန်တော်ဖိုးသိကြားသည်ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ကိုးကွယ်သောStrong Buddhistတယောက်ဖြစ်သော်လည်းလွတ်လပ်စွာယုံကြည်ကိုးကွယ်ခြင်းမူကိုအလေးထား
လက်ခံပါသည်။

အခြားဘာသာများကိုလည်း Respect ထားပါ၏။ထို့ကြောင့်ယခုနှစ်ခရစ်စမတ်တွင်ခရစ်ယာန်
ဘာသာဝင်များနည်းတူကျွန်တော်ဖိုးသိကြားမှမြန်မာပြည်မှသူငယ်ချင်းမိတ်ဆွေညီအစ်ကိုမောင်
နှမများအားလုံးအတွက်ခရစ်စမတ်လက်ဆောင်လေးပေးလိုက်ပါသည်။သူများတွေလိုပုံလှလှ
လေးများမပို့နိုင်သဖြင့်ကဗျာလေးပဲလက်ဆောင်အဖြစ်ပေးလိုက်ရပါတယ်..ကဗျာဆိုတာထက်
ပေါက်ကရမှုပြုထားခြင်းသာဖြစ်ပါသည်။ဖိုးသိကြားတို့ငယ်ငယ်တုံးကသူငယ်တန်းမှာသင်ရတဲ့
စာလေးတွေပါခုသူငယ်တန်းလေးတွေကတော့ဘယ်လိုသင်ကြတယ်မသိဖိုးသိကြားတို့တုံးက
တော့ABCD ကိုကဗျာပုံစံလေးတွေနဲ့သင်ခဲ့ရပါတယ်..ဥပမာ A ဆိုရင်..A-Apple ပန်းသီးဟာ
လူလေးစားစရာ(ဆိုတဲ့အခါမှာအေ.အက်ပဲလ်ပန်းသီးဟာလူလေးစားစရာ..ဘီ.ဘာဒ်..ငှက်က
လေးချစ်စရာသံမြည်ကြွေး)စသဖြင့်ဆိုရင်းEnglish စာသင်ခဲ့ရပါတယ်..ခုဖိုးသိကြားလည်းခလေး
ဘ၀ကိုပြန်လည်လွမ်းဆွတ်သတိရစွာEnglish စာလေးတွေကိုပြန်လည်နွေးနှောလိုက်ပါတယ်..
ယခင်စာသားများမမှတ်မိတော့သဖြင့်စာလုံးအသစ်များဖြင့်ပေါက်ကရမှုပြုလိုက်ရပါ၏သည်းခံ
ကြပါလော့..့ကဲ..စကြရအောင်(အေ..အာမီ..စစ်တပ်သည်အလွန်ကိုရက်စက်သည်......


A..Army စစ်တပ်သည် အလွန်ကိုရက်စက်သည်။

B..Bomb ဗုံးများလဲ သူတို့ခွဲတာပဲ

C..Captain ဗိုလ်ကြီးဂိန် ဖိုးရွှေမြေးကိုရှိန်

D..Dollar ဒေါ်လာများ နိုင်ငံခြားမှာအပ်လို့ထား

E..Earth မြေပြင်ထက်မှာ သံဃာသွေးစက်ကျခဲ့ရှာ

F..Father အဖေအစားဖိုးရွှေကြီးကို ကိုးကွယ်ထား

G..General ဗိုလ်ချုပ်ကြီးရယ် အာဏာတွေကိုမက်မောတယ်

H..Head ခေါင်းမရှိလျက် နှစ်နှစ်ဆယ်ကျော်ယုတ်မာခဲ့

I..Idea အတွေးအခေါ်ဟာ ပြည်သူတွေအတွက်ငရဲပါ

J..Jewel ကျောက်မျက်များလဲ သူတို့ပဲဘုန်းတာပဲ

K..Kill သတ်ဖို့အရေးဟာ သူတို့အတွက်တော့အလွယ်လေးပါ

L..Law ဥပဒေကော ရေးဆွဲခဲ့တာသူတို့သဘော

M..Ministers ၀န်ကြီးတွေဟာ စစ်တပ်ကပဲလာခဲ့တာ

N..nuclear အနုမြူများ ပိုင်ဆိုင်ရေးပဲသူတို့စဉ်းစား

O..Ox နွားထီးလောက်ပင် ပြည်သူများအတွက်အသုံးမ၀င်

P..People လူတွေမှာလည်း သူတို့ဖိနှိပ်ခံရဆဲ

Q.Quota ဝေစုမှာ ဒုက္ခသည်များမရပါ

R..Relief ထောက်ပံ့ပေးသည့် အကူအညီ မရရှိ

S..Satan မာရ်နတ်ဟန် ပြည်သူ့အပေါ်ဆိုးယုတ်ပြန်

T..Tear မျက်ရည်များ ငါတို့တတွေရရှိထား

U..Up အပေါ်မတက်ပါ တို့နိုင်ငံရဲ့အဆင့်အတန်းဟာ

V..Vote မဲတွေလုပ် မတရားသဖြင့်သူတို့ယုတ်

W..We ငါတို့သည်..အာဏာရှင်ကိုတွန်းလှန်မည်

X..X'mas ခရစ်စမတ် သယ်ရင်းများအတွက်ကဗျာလေးစပ်(ဘာရေးရမှန်းမသိတော့လို့.ဟီး.ဟီး)

Y..Yap ခွေးဟောင်ချက်တွေ ရုရှပြည်မှအမြဲထွက်နေ

Z..Zero သုညဘ၀မျိုး သင်တို့ရောက်ချင်ရှေ့ဆက်တိုး

သိမှတ်ဖွယ်ရာမပါပါ ကျွန်တော့ကဗျာလေးမှာ
သူငယ်ချင်းများပျော်ဖို့တွက် ကျွန်တော်ကြိုးစားစပ်
တတ်သိပုဂ္ဂိုလ်ဖတ်မိသော် သည်းခံခွင့်လွတ်နော်
အပျော်သဘောရေးလို့ထာ့း ကျွန်တော့ကဗျာလေးအား
ဖတ်ရှုကြသူမိတ်သဟာ ချမ်းသာကြစေဗျာ
ပျော်ရွင်စေကြောင်းဆုမွန်ကောင်း X'masမှာဆုတောင်း

Merry Christmas to You.
May God bless you always.

သူငယ်ချင်းမိတ်ဆွေများအားလုံးခရစ်စမတ်မှာကျန်းမာပျော်ရွင်ပြီး
လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ..

ကျွန်တော်တို့နိုင်ငံကြီးလည်းစစ်အာဏာရှင်လက်အောက်မှအမြန်ဆုံးလွတ်မြောက်ပါစေလို့
ဆုတောင်းလျက်...

အားလုံးကိုချစ်ခင်လေးစားသော...ဖိုးသိကြား

ဖိုးသိကြား ခံစားရေးဖွဲ့သည်။