သက္ကရာဇ်၂၀၁၀ကုန်၍ ၂၀၁၁သို့ကူးပြောင်းရောက်ရှိတော့မည်ဖြစ်သည်.ကျွန်ုပ်ဖိုးသိကြား
သည်နှစ်သစ်ကူးကာလအား ခါတိုင်းကဲ့သို့တာဝတိံသာတွင် မကျော်ဖြတ်လိုပေ..
ယခုနှစ်တွင်ထူးထူးခြားခြားဖြစ်အောင် လူရွာ့သို့ဆင်း၍ ကုန်ဆုံးရန်စိတ်ကူးရသည်ဖြစ်သဖြင့်
မာတလိကိုခေါ်၍
"ဟဲ့..မာတလိ.ငါသည် ယခုနှစ်တွင်တာသတိံသာမှာ နှစ်သစ်ကူးပွဲတော်မဆင်နွှဲလို လူပြည်
မှာရှိတဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီသို့ ဆိုတဲ့နိုင်ငံကြီးမှာဆင်နွဲကြ
ရအောင်..ဒါ့ကြောင့်ရထားပြင်..လူ့ပြည်ဆင်းတော်မူမယ်"
"သင့်မြတ်လှကြောင်းပါ ဖိုးသိကြား.."
ဤသို့ဖြင့် ကျွန်ုပ်ဖိုးသိကြားနှင့်မာတလိတို့လည်း ဖိုးရွှေကြီး၏ခေတ်မှီဖွံ့ဖြိုးတိုးတက်သော
တိုင်းပြည်ကြီးသို့ ရောက်ရှိခဲ့ပြန်ချေသည်။
ဖိုးရွှေကြီးတို့တိုင်းပြည်သို့ရောက်သော် နှစ်သစ်ကူးပွဲတော်ဆင်နွဲရန်အတွက် ဟိုတယ်များ
မှာ ကြိုတင်ပြင်ဆင်နေကြသည်ကို တွေ့ရပေသည်။ကျွန်ုပ်တို့လည်း ဟိုတယ်များအား စုံစမ်း
ရာဟိုတယ်အားလုံးမှာ VIP(Very Idle Persons) အလွန်အသုံးမကျသောဆန်ကုန်မြေ
လေးများဖြစ်သည့် ဖိုးရွှေကြီး၏မြည်းတော်လေးနှင့် ၎င်းတို့ကဲ့သို့စစ်အာဏာရှင်အသိုင်းအ၀ိုင်းမှ
လူများအတွက်သာဖြစ်ကြောင်း အားလုံးမှာ Booking လုပ်ထားပြီးဖြစ်သဖြင့် မငှားနိုင်ကြောင်း
သိရှိရပေသည်။ကျွန်ုပ်တို့မှာ နတ်ပါဝါကိုမသုံးလိုသေးသဖြင့် အသာပင် ပြန်လည်ထွက်ခွာခဲ့လေ၏
"ကဲ..မာတလိရေ..တိုတွေ ဘုန်းကြီးကျောင်းမှာပဲ တည်းပြီးနယူးရီးယားကြတာပေါ့ကွာ."ဟု
ဆိုကာ ရပ်ကွက်တခုအတွင်းရှိ ဘုန်းကြီးကျောင်းတခုတွင် ကျောင်းထိုင်ဆရာတော်ကို
လျှောက်ထား၍ တည်းခိုခဲ့လေသည်။ကျွန်ုပ်တို့တည်းခိုရာ ဘုန်းကြီးကျောင်းသို့ သွားရာ
လမ်းတွင်ထူးဆန်းသောမြင်ကွင်းတရပ် တွေ့ရှိရပေသည်။အကြောင်းမှာလမ်း၏တဖက်မှာ အသစ်
ခင်းထားထားသည်ကို လောလောလတ်လတ်တွေ့ရှိရသော်လည်းအခြားတဖက်မှာမူချိုင့်ကြီးများ
ကျင်းကြီးများဖြင့် လွန်စွာအကျည်းတန်လှသည်ကိုတွေရခြင်းပင်.သို့ဖြင့်စုံစမ်းချေရာ မြို့တော်ဝန်
ကြောင်ပိန်းမြင်းဆိုသူ၏ လက်ချက်ဖြစ်ကြောင်း ထိုသူမှာ.ရိုင်းစိုင်းကြမ်းကြုတ်ရက်စက်သောစစ်
အရာရှိဟောင်းတဦးဖြစ်ကြောင်း.တချိန်က ထိုသူတပ်ရင်းမှူးဘ၀၌ဖမ်းဆီးရမိသော သုံ့ပန်းတဦး
ကိုအရက်မူးနေချိန်တွင် ရှေ့သို့ခေါ်ကာ ထိုသူ၏နားရွက်ကို လှီးဖြတ်၍သွေးသံရဲရဲနားရွက်တဖက်
အား အစိမ်းလိုက်ဝါးစားခဲ့ဖူးသော လူ့အရိုင်းအစိုင်းတယောက်ဖြစ်ကြောင်း။၂၀၀ရရွှေဝါရောင်
တော်လှန်ရေးမှာလည်း ဘုန်းကြီးများမေတ္တာပို့ဆုတောင်းသည်ကို ထွက်၍ရှိခိုးမိသော၎င်း၏
လက်အောက်ဝန်ထမ်းများကို ကြိမ်းမောင်းဆဲဆိုသော လူယူတ်တဦးသာဖြစ်ကြောင်း ယခုတွင်
လည်းခွေးဂေါက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် ၎င်းတို့၏ကြံ့ဖွတ်ပါတီမှာ ကြိုဘတ်မဲများဖြင့်အနိုင်
ရရှိသွားသဖြင့် ယခုကဲ့သို့လမ်းအား တ၀က်တပျက်ဖြင့်ထားရစ်ခဲ့ကြောင်း သိရှိရပေသည်။
မြည်းတော်လေးဖွန်ကြောင်ဖို့အတွက်မူ ဖွန်ကြောင်မည့်လမ်းတလျောက် လမ်းများကိုကောင်းမွန်
အောင်ခင်းပေးသည် လို့လည်းသိရှိရ၏။(အထက်ပါဖြစ်ရပ်များမှာအမှန်ဖြစ်သည်။သို့သော်
လည်း စကားကိုကတ်သတ်ပြောသော စစ်ခွေးအချို့မှ အတိအကျပြောပါ..ဘယ်နေ့၊
ဘယ်ရက်၊သုံ့ပန်းနာမည်ရာထူးနဲ့ကိုယ်ပိုင်နံပါတ်.စသည်ဖြင့် ကတ်သပ်မေးဦးမည်ကို
ကြိုတင်ခန့်မှန်းမိပါသဖြင့် ယခုထဲမှပြောကြားပါမည်။သင်တို့ကို အရေးတယူလုပ်၍
ပြန်လည်ရှင်းလင်းမည်မဟုတ်..သိချင်ပါက သင်တို့အဘကြောင်ပိန်းမြင်းကိုသာ သွားရောက်မေးမြန်းကြပါရန်..ဤကားစကားချပ်)
နောက်တနေ့နံနက်တွင် ဆူဆူညံညံအသံများကြားသဖြင့် ကျွန်ုပ်တို့လည်းစနည်းနာရန် ဘုန်း
ကြီးကျောင်းမှ ထွက်ခဲ့လေရာ ယနေ့မှာ သီရိမင်္ဂလာဈေးသစ်ကြီးအား ပြောင်ရွေ့ဖွင့်လှစ်ခြင်း
အခမ်းအနားပြုလုပ်မည်ဖြစ်ကြောင်းနှင့် ထိုဖွင့်ပွဲအခမ်းအနားတွင် ဈေးသူဈေးသားများက အရေး
ဆိုရန် သွားရောက်ကြမည်ဖြစ်သဖြင့် ကျွန်ုပ်တို့လည်း ပြည်သူ့အချဉ်မြို့တော်ဝန်ဆိုသူကို မြင်
တွေ့လိုခြင်းအလို့ငှာ ဈေးသူ/သားများနှင့်အတူ ဈေးသစ်ဖွင့်ပွဲအခမ်းအနားသို့လိုက်ပါခဲ့လေ၏
အခမ်းအနားသို့ရောက်သော် ဈေးသူ/သားများမှာ ၀ံကြီးကိုစောင့်မျှော်လျက်ရှိကြသည်။
ထိုအချိန်မှာပဲ မြို့တော်ဝန်ရောက်ရှိလို့လာခဲ့ပါပြီ။ကျွန်ုပ်လည်း ၀ံကြီးဆိုသူကိုကြည့်လိုက်ရာ
မြင်ရသောအသွင်အပြင်မှာကား သူခင်းခဲ့သည့်လမ်းအတိုင်းပင်..၀ံကြီးဆိုသည့်အတိုင်း ၀ံကြီး
မျက်နှာနှင့်အနှီပုပ်ဂိုကြီးမှာ သူ့လုပ်စာကို ပြည်သူတွေစားနေကြသည့်အတိုင်း မျက်နှာက ရှုတင်း
တင်းမှန်ကုပ်ကုပ် ကျက်သရေပင်ယုတ်နေသေး၏။ထိုအချိန်တွင် ဈေးသူ/သားများက ၀ံကြီးအား
ပျံကျဈေးသည်များ ဈေးရောင်းရန်အတွက် နေရာစီစဉ်ပေးရန် အော်ဟစ်တောင်းဆိုကြသည်။
သို့ရာတွင် ၀ံကြီးကြောင်ပိန်းမြင်းက အရေးမလုပ်ပဲ ဖဲကြိုးအား အမြန်ဖြတ်ဖွင့်လှစ်လိုက်ပြီး
ပြန်လည်ထွက်ခွာ၏။အပြန်လမ်းတွင် အမျိုးသမီး၂ဦးမှ ကားရှေ့တွင်ငိုယိုတောင်းဆိုရာ ၀ံကြီး၏
နှုတ်မှတခွန်းသောစကားသာ ထွက်ပေါ်လာသည်။၎င်းမှာ.."ဆွဲစိလိုက်ကွာ.."ဟူသောစကားပင်..
ထိုအချိန်တွင် မည်သည့်အရပ်မှပစ်လိုက်သည်မသိ အထုပ်ကြီးတထုပ်မှာ ကြောင်ပိန်မြင်း၏
ကားပေါ်သို့ ကျရောက်ပေါက်ကွဲလေသည်။ပြည်သူထဲမှ အသံကြိတ်၍ ထွက်လာသည်ကိုလည်း
ကြားလိုက်မိ၏။မတရားမှုတွေကို အံတုတဲ့ဘပုကွဟူ၍.ကျွန်ုပ်တို့လည်း ကားဆီသို့ကြည့်လိုက်
ရာအလို.မစင်ထုပ်ကြီးပေတကား..အင်းကောင်းပါ့ကွာ.မစင်ကြယ်တဲ့သူတွေကို မစင်နဲ့အားပေး
တာနှစ်ထောာင်းအားရရှိလှသကွာ..တော်ပါပေတယ်.ကိုဘပု ဟုချီးမွမ်းမိလေသည်။ကြောင်ပိန်း
မြင်းမှာထိုနေရာတွင် ဆက်နေပါက ပို၍ရုပ်ပျက်ဆင်းပျက်အရှက်ကွဲမည်ကို သိရှိသဖြင့်တရားခံ
ကိုပင်မရှာနိုင်တော့ပဲနေရာမှ အမြန်ထွက်သွားလေတော့သည်။
ကျွန်ုပ်တို့မှာလည်းထိုနေရာမှထွက်ခွာလာခဲ့၏။
"မာတလိရေ..ငါတို့ရဲ့မိတ်ဟောင်းကြီးဖိုးရွှေတယောက် မတွေ့တာကြာဘီ..သွားစနည်းနာကြ
ရအောင်"ဟုဆိုကာ ဖိုးရွှေကြီးအိမ်ရှိရာသို့ ထွက်ခဲ့လေ၏ဖိုးရွေကြီးအိမ်ရောက်သော်..
ဖိုးရွှေကြီးတယောက် စာဖတ်နေသည်ကို တွေ့ရလေသည်။ကျွန်ုပ်က..
"ဟိတ်.ဖိုးရွှေကြီး"ဟုခေါ်လိုက်ရာ ဖိုးရွှေကြီးမှာလန့်၍
"အမလေး..သောက်ပလုပ်တုတ်..ဒေ၀ဒတ်နဲ့ငါနဲ့ရှုပ်" ဟုထယောင်လေ၏။
"အလို..ဖိုးသိကြားပါလား..ဘာတွေလာဒုက္ခပေးဦးမလို့လဲ.ဟိုတခါလည်း နင်လုပ်လို့ ငါမှာ
သေကောင်ပေါင်းလဲဖြစ်ပြီး စကာင်္ပူထိတောင်ဆေးသွားကုရတယ်..ကံကောင်းလို့ နယူးရီးယား
မရောက်ခင် မာလကီးယားတော့မလို့.."
"ကောင်းတာပေါ့ မာလကီးယားတော့..ပြည်သူတွေမြန်မြန်စိတ်ချမ်းသာရတာပေါ့..သက်ဆိုးရှည်
တယ်ဆိုတာဒါမျိုးပဲနေမှာ.."
"မနာလိုမဖြစ်ပါနဲ့..ငှဲ..ငှဲ."ဟုဆိုကာ ဗွီဒီယိုဇာတ်ကားထဲမှ လူကြမ်းသရုပ်ဆောင် ကြာကူလီစိုင်း
အောင်တင့်လေသံဖြင့် ရယ်နေလေ၏။
"တိတ်စမ်း..တငှဲငှဲနဲ့ငရဲကိုတနေတာလား.ငါကဘာလို့မနာလိုဖြစ်ရမှာလဲ.သင်ကဘာတွေများ
ကောင်းကျိုးလုပ်ထားလို့လဲ..သင့်မိသားစုကောင်းကျိုးပဲလုပ်နေတာကို.."
"မင်းတိသလိုမထင်ပါနဲ့..မင်းတွေးသလိုမမြင်ပါနဲ့.."
"မြင်တယ်အိပ်မက်ထဲလဲမြင်တယ်..စိတ်ကူးထဲလဲမြင်တယ်..သြော်..ငါ့နယ်ငါပါယောင်ကုန်ပြီ...
တိတ်စမ်း မျက်နှာကိုက တော်တော်အခွက်ပြောင်တယ်."
"ဒါကတော့မွေးရာပါအကျင့်ဖြစ်နေလို့ပါ.."
"နေစမ်းပါဦး.ခုနဘယ်ကစာတွေလဲ ပြစမ်း"
ဖိုးရွှေမှာ ကျွန်ုပ်ကိုမလွန်ဆန်နိုင်သဖြင့် မချိုမချဉ်မျက်နှာဖြင့် ထုတ်ပေးလေသည်..
"ဟဲ့မာတလိဘယ်သူ့ဆီကလဲ.ဖတ်စမ်း.."
မာတလိက..."မှန်လှပါ..သူ့ဆရာငဒေ့ဆီကစာပါ."စာမှာအောက်ပါအတိုင်းဖြစ်သည်..
"ဟေ့..ငရွှေကြီး.ယောက်ဖ..မျာက်မမွေးနေတာလား.အောက်ကတို့ကိုရောသတိရသေးရဲ့
လား?နောက်ကျမှရောက်ရင်တော့ မင်းအတွက်နေရာကောင်းရမှာမဟုတ်ဘူး.ဒီင်္တော့မြန်မြန်
လာတော့ကွာ.တို့လည်းမင်းကိုသတိရနေတာ..မင်းကတော့ ငါဆရာယုတ်ငဒေစုတ်ရဲ့တပည့်
ငရွှေပီသပါပေတယ်ကွာ..ခုဆို မင်းရဲ့သတင်းတွေက ပုပ်ဟောင်လို့ တို့အ၀ီစိအထိတောင် အနံ့
ရပါတယ်.မင်းအတွက်ဂုဏ်ယူပါတယ်.မင်းကြောင့် ငါမှာဂုဏ်တက်ရသကွ.ခုဆို မင်းရဲ့မောင်ရင်
ငရွှေမိုက်ကန်းသည် ဆိုတဲ့ဇာတ်လမ်းတွဲကြီးကို ဒီမှာနေ့တိုင်းပြပြနေတာ..တို့တွေတောင်လက်
ဖျားခါလောက်တယ်..မင်းရဲ့ လုပ်ရပ်နဲ့ယုတ်ချက်တွေကတော့..ငါ့ထက်တောင်သာနေဘီဟ.
ယမမင်းတောင်လန့်နေတယ်..သူ့အာဏာကို မင်းသိမ်းမှာစိုးလို့တဲ့ ခုထဲက ကြိုတင်ကာကွယ်ဖို့
အစီအစဉ်တွေလုပ်နေလေရဲ့..နောက်ပြီး မင်းရဲ့မိသားစုတွေသတင်းတွေလဲကြားပါ့.မင်းရဲ့မြည်း
ဆို မင်းရဲ့ခြေရာကိုနင်းနိုင်မယ့်သူဆိုပြီး နာမည်ကြီးနေတာဆို..ကောင်းတယ်..မင်းလာရင်ဒီမြည်း
လေးကိုပါတခါတည်းခေါ်ခဲ့ကွာ.တို့တွေပျော်ပျော်ပါပါးကြီး ပါတီထောင်ကြတာပေါ့..ဒီမှာနေရာ
ထိုင်ခင်းတွေကတော့ အသင့်ဖြစ်နေဘီ.မင်းတို့မိသားစုအတွက် ဆိုင်းဘုတ်တောင်တင်ပြီး
သွားဘီ..မြန်မြန်သာလာခဲ့ကြ..."
သင့်ရဲ့.ဆရာယုတ်..ငဒေစုတ်(ဒေ၀ဒတ်)
ကျွနိုပ်မှာ စာဖတ်ပြီးနောက် ပြုံးလိုက်၏..
"သြော်..လက်စသတ်တော့ သင့်ဆရာငဒေဆီကစာကိုး သင်ဘယ်တော့သွားမလဲ?
သင့်ဆရာကတော့ခေါ်နေဘီ.."
"ဖြည်းဖြည်းပေါ့.ဒီမှာကလေးတွေ အရွယ်မရောက်သေးဘူးလေ.."
"တော်စမ်း ဘာအရွယ်မရောက်သေးတာလဲ..အရွယ်မရောက်သေးတာတောင်ဒီလောက်မိုက်ရိုင်း
ရမ်းကားနေတာ.အရွယ်ရောက်ရင် ဒိထက်ပိုဆိုးမယ်.တခါတည်းခေါ်သွား.."
ထိုအခိုက်တွင်..
ရဟတ်ယာဉ်တစင်း ထိုးစိုက်လာလေသည်။ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသူကားဖိုးရွှေကြီးရဲ့
အချစ်တော် မြည်းတော်လေးပြဲဖစ်သည်။ပုံစံကိုက မြောက်ကြွမြောက်ကြွ တစက်မှထောင့်မကျိုး
ဆောင့်ချိုးလိုက်ချင်စိတ်ကို မနည်းတားထားရသည်။အဆိုပါမျောက်နဲ့လောက် စပ်ကျထားသကဲ့
သို့လန်းလန်းထနေသည့် ဖိုးလောက်လန်းမှာ ကျွန်ုပ်တို့ကို ဖိုးသိကြားမှန်းမသိသဖြင့်အရေးတယူ
မရှိပေ...သူ့အဖိုးအား
"ဖိုးဖိုးကြီး..သားဒီနေ့ တကောင်ကိုဖြိုလိုက်တယ်.."
"ဟဲ့ဘယ်တကောင်လဲ."
"သားကိုဂရုမစိုက်ဘူးပြောတဲ့ ဗိုလ်ချုပ်သားတယောက်ကိုပေါ့.."
"ဟေ.မင်းကိုယ်တိုင်ဖြိုလိုက်တာလား.."
ထိုအခါ"ကျွန်တော်တို့ဖြိုလိုက်တာပါ."ဟုဖိုးလောက်လန်း၏ လက်ကိုင်တုတ်အခြံအရံ အိမ်စောင့်
ခွေးများသဖွယ် ဖြစ်သောစစ်တပ်မှအရာရှိများက မျက်နှာလုပ်ကာ အလုအယက်ဝင်ပြောကြလေ
သည်။၎င်းတို့မှာ လူတယောက်အား ၀ိုင်းရိုက်လိုက်ခြင်းအပေါ် ဂုဏ်ယူဝံ့ကြွားသည့်အလားရင်
ကော့ခေါင်းမော့လျက်.
"ကောင်းပါ့ကွာ တပ်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံတော်ကာကွယ်ရန်နဲ့ပြည်သူ
အကျိုးဆောင်ရွက်ရန် ဆိုပြီးမြင့်မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ကြီးက
တော့ တစစနဲ့ယိုယွင်းလာလိုက်တာ.ခုတော့ စစ်အာဏာရှင်တွေရဲ့ အိမ်စောင့်ခွေးအဆင့်လောက်
ပဲရှိတော့ပါလား..မြည်းနဲ့အဖိုးခိုင်းသမျှကောင်း၏ဆိုး၏မခွဲခြား တိုက်ပေးတိုင်းကိုက်နေကြပါလား"
ဟုပြောလိုက်လေ၏..
ထိုအရာရှိများမှာ ကမူးရှူးထိုးနှင့်ဖိုးသိကြားအား ရန်မူရန်ပြေးလာကြရာ.မာတလိမှ နတ်အီးတ
ပေါက်လွတ်လိုက်ရာ ထိုသူများမှာမူးဝေသွားကြလေ၏..ထိုအခါမှ ဖိုးလောက်လန်းလည်း
ကျွန်ုပ်တို့ကို ကြောက်လန့်သွားလေသည်။
"ဖိုး.ဖိုး..သူတို့ကဘယ်သူတွေလဲဟင်." ဖိုးရွှေကြီးမှ
"သူ.ကတာဝတိံသာကဖိုးသိကြားဆိုတာပေါ့.ဟိုဘက်ကမာတလိဆိုတဲ့နတ်."
"အဲဒါဆိုဖိုးသိကြားနဲ့ သားရဲ့ဆရာဘေးဘေးငဒေ ဘယ်သူကပိုစွမ်းလဲဟင်.."
"ဟိတ်ကောင်..မြည်းတော်ယုတ်လေး.သင့်ဆရာဘေးဘေးနဲ့ ငါ့ကိုလာမနှိုင်းနဲ့.ဖိုးသိကြား
အကြာင်းတောင် မသိလေရော့သလား..တယ်..ငါလေ..ဖနောင့်နဲ့ပေါက်လိုက်ရ" ဟုမန်မဲ
လိုက်ပါမှ ကျွန်ုပ်ခြေအား ခေါင်းဖြင့်တိုက်၍ တောင်းပန်ဝန်ချကန်တော့လေသည်။
ဖိုးရွှကြီးမှလည်း
"ကျွန်တော့မြည်းလေးကို ဗွေမယူပါနဲ့..အရှင်သိကြားမင်း.ကျွန်တော့အိမ်မှာ ပြောဆိုဆုံးမခြင်း
မရှိခဲ့တဲ့အတွက် အရှင့်ရဲ့ရှေ့မှာ ရိုင်းပြစော်ကားမိတဲ့ကျွန်တော်မြည်းလေး အမိုက်အမဲကို ခွင့်လွတ်
တော်မူပါ...ဖိုးသိကြား" ဟုတောင်းပန်လေ၏။
ု့
"အောင်မာအောင်မာ..စွတ်စွတ်စွဲစွဲ.စည်းမရှိကမ်းမရှိ ကိုယ့်ဖာကိုယ် အလိုလိုက်ချင်တိုင်း လိုက်
ထားပြီးမှ ဘာခုမှ ငါ့ကို လာတောင်းပန်နေရတာလဲ..ခုလို ဆိုးသွမ်းနေတာ သင်တို့ငယ်ရွယ်စဉ်
ကတည်းက ပြောဆိုဆုံးမမှုမရှိလို့..သင့်မြည်းမလေးဆိုလည်း ဘုရားပေါ်မှာ ဖိနပ်မချွတ်ပဲ အလှူ
ငွေလှူဒါန်းတာ လူမြင်လို့တောင်မကောင်းဘူး..အဲဒါသင်တို့လို့ လူ့ဗာလတွေကြောင့်..သင်တို့
ဆရာငဒေက ဘုရား၊တရား၊သံဃာကိုပဲစော်ကားတာ.သင်ကတော့ ဘုရား၊တရား၊သံဃာအပြင်
မိဘပြည်သူတွေကိုပါ စော်ကားတယ်..ဒါကြောင့် ငဒေကသူ့ထက်သာတယ်လို့ ပြောတာ.ဟွန်း"
ဟုဆိုလိုက်ရာ ဖိုးရွှေကြီးမှ
"မြည်းလေးက တော်ရှာပါတယ်.အာဏာမမက်ဘူးလို့ ပြောတယ်..."
"အာဏာမက်ရအောင်လဲ သူကဘာအရည်အချင်းရှိလို့ အာဏာဆက်ခံရမှာလဲ..အသံ
ကောင်းဟစ်မနေနဲ့.." ဖိုးလောက်လန်းမှ
ှ"တကယ်ပြောတာပါ..ကျွန်တော်မျိုးက ဖိုးဖိုးကြီးအာဏာကို မမက်ပါဘူး..
ခုလိုပဲ တိုင်းပြည်မှာ နေချင်သလိုနေ၊လုပ်ချင်သလိုလုပ်နေရရင် ကျေနပ်ပါဘီ.ဟီ.ဟိ.."
"အခွက်ကိုက မြည်းနဲ့အဖိုးလိုက်လဲလိုက်ပါ့..ကြည့်လိုကိုမရဘူး" ဖိုးလောက်လန်းမှ
"ဖိုးဖိုးကြီး..ခုသားရဟတ်ယာဉ်မောင်းရတာ ငြီးငွေ့လာဘီ..သဘောင်္မောင်းချင်တယ်..
သဘောင်္တစီးဝယ်ပေး..ပြီးတော့ လာမယ့် ၃၁ရက်နေ့ညမှာ နယူးရီးယားပါတီလုပ်ဖို့
ကမ္ဘာအေးဘုရားလမ်းပေါ်က မီကာဆာဟိုတယ်ကို သိန်း၆၀၀ကျော် အကုန်ခံငှားထားတယ်..
အဲဒါပိုက်ဆံပေး"
"ကောင်းပါ့ကွာ.ပြည်သူတွေမှာတော့ ဒုက္ခတွေရောက် ဒင်းတို့မိသားစုကတော့ နိုင်ငံတော်
ငွေတွေနဲ့လုပ်ချင်တိုင်းလုပ်..တွေ့ကြသေးတာပေါ့ကွာ.." ကျွန်ုပ်လည်း ထိုအရှက်ကင်းမဲ့လှသော
ထိုမြည်းအဖိုးအခွက်များကို မမြင်ချင်တော့ပြီဖြစ်၍ ထွက်ခွာလာခဲ့တော့သည်။
သို့ဖြင့် ဒီဇင်၃၁ရက်နေ့ညသို့ ရောက်ရှိလာလေပြီ.တကမ္ဘာလုံးရှိ ပြည်သူများမှာ နှစ်သစ်ကို
ကြိုဆိုရန် ပုံစံအမျိုးမျိုးဖြင့် ပြင်ဆင်နေကြသည်။ဖိုးရွှေကြီးတို့ တိုင်းပြည်တွင်လည်း နှစ်သစ်ကို
ကြိုဆိုရန်အသင့်ဖြစ်နေ၏။ကျွန်ုပ်တို့တည်းသော ဘုန်းကြီးကျောင်းရှိသည့် ရပ်ကွက်ထဲမှာလည်း
သူ့အစီအစဉ်နဲ့သူ နယူးရီးယားကြဖို့ ပြင်ဆင်နေကြသည်။ထိုအထဲတွင် အမြင်မတော်တာတခုကို
လည်း တွေ့လိုက်ရပြန်သေး၏။အကြောင်းမှာ ရပ်ကွက်ထဲရှိ ဆိုက်ကားသမား၊အရက်သမား
၁၀၉/၁၁၀ဘွဲ့ခံလတ်လျားလတ်လျားများမှာ ကြံဖွတ်နှင့်နှင့်စွမ်းအားရှင်ဆိုသည့် ခေါင်းစဉ်များ
အောက်တွင် မရသေးသောအာဏာကို အလွဲသုံးစားပြုလျက် ထင်တိုင်းကြဲနေကြ၏။ခင်းထား
သောလမ်းဘေးမှ လျှောက်သူကို လမ်းဖျက်ဆီးပါသည်ဟူ၍ စွတ်ဆွဲကာရိုက်လားရိုက်ကြ၏.
့
ထို့ပြင် နယူးရီးယားညတွင် လုံခြုံရေးတာဝန်ယူရန်ဟူသော အကြောင်းပြချက်ဖြင့် ရပ်ကွက်
သူ/သားများထံမှ ဆတ်ကြေးကောက်ကြသည်.အမှန်တော့ သူတို့မြိုကြဆို့ကြဖို့သာဖြစ်သည်။
ထိုသူများမှာသူတို့ကိုယ်သူတို့ လွှတ်တော်အမတ်များပမာ ထောင်ထောင်ထောင်ထောင်ဖြင့်..
သူတို့၏ခေါင်းချောင်ကြီးများနှင့် လိုက်လဲလိုက်ကြလေသည်။ကျွန်ုပ်တို့လည်း ညသို့ရောက်သော်
ရပ်ကွက်ထဲမှ ထွက်လာခဲ့သည်။လမ်းထိပ်ဘက်တွင်ဆူဆူညံညံအသံများကြား၍ နားစွင့်ရာလုံခြုံ
ရေးတာဝန်ယူပါသည်ဆိုသော သကောင့်သားများမှာ မူးယစ်ရမ်းကားဆဲဆိုနေကြတာကို တွေ့ရ
ပေသည်။
သြော်..တော်တော်ဟုတ်တဲ့ကောင်တွေ..သူများတွေကိုကျတော့ မရမ်းကားရဘူး သူတို့ပဲ
ရမ်းကားမယ် ဆိုတဲ့ရမ်းကားရှင်တွေပါလား..ဒီကောင်တွေကို လက်ကိုင်တုတ်အဖြစ်မွေးထားတဲ့
ကြံ့ဖွတ်ပါတီ အုပ်ချုပ်မယ့်တိုင်းပြည်ကြီးကတော့ ရင်လေးစရာပါလား..ဟုတွေးမိလေသည်..
ထို့နောက်တွင် ဖိုးလောက်လန်းတို့အဖွဲ့ သောင်းကျန်းနေသောဟိုတယ်ကြီးသို့ ရောက်ရှိသွားလေ
တော့သည်။ဖိုးလောက်လန်းနှင့် အပေါင်းအပါများမှာ သောင်းကျန်းချင်တိုင်းသောင်းကျန်းနေကြ
သည်ကို တွေ့လိုက်ရလေသည်။သို့ဖြင့် နယူရီးယား Count Down အချိန်သို့ရောက်ရှိလာပြီဖြစ်
သည်။အားလုံး၏လက်ထဲမှာ ဘီယာပုလင်းကြီးများကိုကိုင်လျက်..နယူရီးယား Count Down
စတင်မှတ်နေပြီ.10..9.....4,3,2,1 Happy New Year ဟုအော်ဟစ်ရင်း လက်ထဲမှဘီယာ
ပုလင်းများကို ဖောက်လိုက်ကြလေရာဘီယာများမှာ အမြှုပ်တဖူးဖူးဖြင့် ပန်းထွက်လာလေ၏
ထို့နောက် မော့သောက်ကြလေရာ မည်သို့မည်ပုံဖြစ်သည်မသိ..၎င်းတို့၏ဘီယာများမှာ
ကျင်ငယ်ရေအဖြစ် ပြောင်းလဲသွားလေတော့၏..
အား.ဖွီး..ဖလူး..ဝေါ့.ဘာတွေလဲ..ဟာ..သေးတွေ.သေးတွေ..
စသည်ဖြင့် ဗလုံးဗထွေးရေရွတ်ကာ ၀ရုန်းသုံးကားဖြစ်ကုန်ကြလေ၏။ထိုအချိန်မှာ ချိန်ကိုက်ထား
ကာ ပစ်ဖောက်သော မီးရှူးမီးပန်းများမှာလည်း မစင်အဖြစ်အသွင်ပြောင်းကာ ၎င်းတို့ကိုယ်ပေါ်သို့
ပြန်ကျကြလေရာ.အားလုံးမှာ မစင်တလူးလူးကျင်ငယ်တဖူးဖူးဖြင့် နောက်ဆုံးတွင် မီးခိုးလုံးကြီး
များမှုတ်ထုတ်လိုက်ပြန်ရာ..၎င်းမီးခိုးမှိုင်းများမှာလဲ.အီးလုံးမှိုင်းအဖြစ်သို့ ပြောင်းလဲကာ ထိုအနံ့ရှူ
မိကြသော ဖိုးလောက်လန်းနဲ့ VIP အပေါင်းအသင်းများမှာ မူးဝေလဲကျသွားကြလေတော့၏
ထို့နောက် ၎င်းတို့၏မိဘများမှ လာရောက်ခေါ်ငင်သွာကြလေတော့သည်။ဖိုးရွှေကြီးမှာထိုသတင်း
ကြားသော်အံ့တကြိတ်ကြိတ်နှင့်ကျွန်ုပ်အားကြိမ်ဆဲနေမည်မှာမလွဲပေ..
ကျွန်ုပ်ဖိုးသိကြားလည်း မာတလိနှင့်ပြန်ထွက်လာကာ ပတ်ဝန်းကျင်တခွင်ကိုလှည့်ပတ်ကြည့်
ရှုကြလေသည်။ပတ်ဝန်ကျင်တခွင်မှာတော့ တိတ်ဆိတ်ငြိမ်သက်လျက်..
"မာတလိရေ့..ဒီတိုင်းပြည်ကလူတွေကို ငါအရမ်းသနားတာပဲကွာ.အာဏာရှင်စနစ်ဆိုးကြီးရဲ့
ဖိနှိပ်မှုအောက်မှာ ပြည်သူတွေဟာ ဒုက္ခပေါင်းစုံနဲ့ အပြည့်အ၀မပျော်နိုင်ရှာကြဘူး..ခုပဲကြည့်
လက်တစုပ်စာလောက်ရှိတဲ့ အာဏာရှင်အသိုင်းအ၀ိုင်းတွေကတော့ သိန်းရာချီအကုန်အကျ
ခံပြီးနယူးရီးယားကြတယ်..ပြည်သူအများစုမှာတော့ နက်ဖြန်အတွက် ဆိုတဲ့သောကတွေ
ရင်မှာပိုက်ပြီး မပြည့်စုံနိုင်သေးတဲ့ဘ၀တွေအတွက် ကြိုတင်စိတ်မောပြီး နယူးရီးယားကိုစိတ်
လွတ်ကိုယ်လွတ်မပျော်နိုင်ရှာကြဘူး..အဲဒီဘ၀တွေက လွတ်ဖို့အတွက်ကတော့ ငါလိုသိကြား
လည်း မကယ်တင်နိုင်ဘူးကွယ့်.သူတို့ကိုယ်တိုင်ပဲ သူတို့ရဲ့လွတ်လပ်ခွင့်တွေ.သူတို့ရဲ့အခွင့်အရေး
တွေကို တောင်းဆိုတိုက်ပွဲဝင်မှသာရရှိကြလိမ့်မယ်..မဟုတ်လို့ကတော့..ဟူး.."
ကျွန်ုပ်သည် သက်ပြင်းမောကြီးကို ချလိုက်တော့သည်။ကောင်းကင်မှာတော့ လပြည့်ဝန်းကြီးက
ကမ္ဘာမြေပြင်ကို အေးမြသောအလင်းရောင် ဖြန့်ကျက်ပေးနေသည်..ကျွန်ုပ်ဖိုးသိကြားလည်း
ရင်တွင်းမှ မြန်မာပြည်သူ/သားအားလုံးရဲ့ ဘ၀တွေဟာလည်း လမင်းကြီးလို့ပဲအေးချမ်း
သာယာပြီး အမှောင်ဖုံးနေတဲ့ဘ၀တွေကို ဖြိုခွင်းနိုင်ပြီး အလင်းရောင်ရကြပါစေ..
လို့ဆုတောင်းလျက် တာဝတိံသာနတ်ပြည်သို့ပြန်တက်ခဲ့လေတော့သတည်း..
မကြာမီကျရောက်တော့မယ့်၂၀၁၁နှစ်သစ်ကူးအခါသမယမှာ onlineပေါ်ရှိ ဖိုးသိကြား၏ညီ
အစ်ကိုမောင်နှမများ..သူငယ်ချင်းမိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ချမ်းသာခြင်း
နဲ့တလုံးတ၀တည်းပြည့်စုံ၍ လူသစ်စိတ်သစ်ဖြင့် မင်္ဂလာရှိသောနှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ...
ဖိုးသိကြားချစ်သော မြန်မာပြည်နဲ့မြန်မာပြည်သူ/သားများအားလုံးလည်း စစ်အာဏာရှင်
လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ပြီး လွတ်လပ်၍အေးချမ်းသာယာသောစစ်မှန်တဲ့
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ကိုအမြန်ဆုံးထူထောင်နိုင်ကြပါစေ..
HAPPY NEW YEAR!!!
အာဏာရှင်စနစ်ကျဆုံးပါစေ။
မြန်မာပြည်သူ/သားများအားလုံးစစ်အာဏာရှင်လက်အောက်မှအမြန်ဆုံးလွတ်မြောက်ပါစေ။
အားလုံးကိုချစ်ခင်လေးစားသော...
ဖိုးသိကြား(၃၀-၁၂-၂၀၁၀)
ဖိုးသိကြား ခံစားရေးဖွဲ့သည်။